တရားစွဲခံရပေမယ့် ဒဏ်ငွေ ငါးထောင်သာပေးဆောင်ခဲ့ရတဲ့ မေမြို့က အကွက်ရိုက် ဂျင်းထည့် မြေကွက်ရောင်းသွားသူတွေ…

Unicode

ပြင်ဦးလွင်မြို့နယ် ထင်းကြိုးဝိုင်းအတွင်း တရားမဝင် ကျူးကျော်ကာ ခြုံစည်းရိုးခတ်၊ အဆောက်အဦး ဆောက်လုပ်နေသူများကို ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနက ဇန်နဝါရီ (၆) ရက်နေ့က သတိပေး ထုတ်ပြန်ထားပါတယ်။

ပြင်ဦးလွင်ခရိုင်အတွင်းရှိ အစိုးရပိုင် သစ်တောကြိုးဝိုင်းမြေအတွင်း သစ်တောဦးစီးဌာနမှ ခွင့်ပြုထားသည့် လုပ်ငန်းများမှအပ အဆိုပါ မြေပေါ်တွင် တရားမဝင် အကွက်ရိုက် ရောင်းချခြင်း၊ အဆောက်အဦး ဆောက်လုပ်ခြင်း၊ ခြံစည်းရိုး ကာရံခြင်းများကို ခွင့်မပြုကြောင်း၊ မေမြို့ထင်းကြိုးဝိုင်းအတွင်း ထိုသို့ လုပ်ဆောင်နေခြင်းများ တွေ့ရှိနေရသဖြင့် မလုပ်ဆောင်ကြရန် ကြိုတင်သတိပေး တားမြစ်ခဲ့သော်လည်း လိုက်နာခြင်း မရှိဘဲ ဆက်လက် လုပ်ဆောင်နေသဖြင့် ရောင်းမှားဝယ်မှား ဖြစ်ပြီး အများပြည်သူ နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် သတိပေးဆိုင်းဘုတ် စိုက်ထူ၍ အကွက်ရိုက် ရောင်းချသူများကို စိစစ်ဖော်ထုတ် အရေးယူရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းမြင့်ထွန်းက ပြောပါတယ်။

“စပြီးတော့ လုပ်ပြီဆိုကတည်းက သူတို့ကို Procedure (လုပ်ထုံးလုပ်နည်း) အရ Notice (သတိပေး) စာပေးတယ်။ မလုပ်ပါနဲ့၊ ရပ်ပါ ဆိုတာကို မလိုက်နာဘူး။ ဆက်လုပ်နေတယ်ဆိုတော့ ကျွန်တော်တို့က တရားစွဲရတာပေါ့။ တရားစွဲတာလည်း အခုမှ မဟုတ်ပါဘူး။ အရင်ကတည်းက စွဲလာတာ။ သူတို့က ၁၉၉၂ ဥပဒေအရ ဒဏ်ငွေ ၅၀၀၀ ကျပ် ပေးဆောင်စေပြီးတော့ ဆက်လုပ်ချင်လုပ်ကြ သဘောပဲ။ ကျွန်တော်တို့ပြောတဲ့ဟာ မလိုက်နာလို့ အရေးယူတာပါ” ဟု ဦးဆန်းမြင့်ထွန်းက ပြောပါတယ်။

သစ်တောကြိုးဝိုင်းမြေအတွင်း သစ်တောပြန်လည် ထူထောင်ရန် ပုဂ္ဂလိက သစ်တောစိုက်ခင်းများ၊ ပုဂ္ဂလိက ကော်ဖီစိုက်ခင်းများ၊ ဒေသခံပြည်သူများ၏ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများကိုသာ ခွင့်ပြုပေးထားပြီး သစ်တောဦးစီးဌာနမှ ခွင့်ပြုမထားသော လုပ်ငန်းများ လုပ်ဆောင်သဖြင့် သစ်တောဥပဒေအရ အရေးယူခဲ့ခြင်းများ ရှိခဲ့တယ်လို့ သိရပါတယ်။

သစ်တောဌာနမှ ခွင့်ပြုထားသော လုပ်ငန်းများ မဟုတ်ဘဲ သစ်တောမြေအတွင်း ကျူးကျော်နေထိုင်ခြင်း၊ ခြံစည်းရိုးခတ်ခြင်း၊ အကွက်ရိုက်ရောင်းချခြင်းများ လုပ်ဆောင်မှုကြောင့် ၂၀၁၆ မှစ၍ ယနေ့အထိ တိုင်တန်းထားသည့် အမှုပေါင်း (၁၉၁) မှု ရှိပြီး ယင်းအမှုများအတွက် လူဦးရေ (၁၄၁) ဦးကို အမှုဖွင့် အရေးယူထားသည်ဟု ဦးဆန်းမြင့်ထွန်းက ပြောပါတယ်။

ပြင်ဦးလွင်မြို့နယ် မေမြို့ ထင်းကြိုဝိုင်းသည် မြေဧက (၁၆,၅၄၀)ကျော် ကျယ်ဝန်းပြီး မြို့ရွာများအနီး လမ်းပန်းဆက်သွယ်ရေး ကောင်းသောနေရာများတွင် တရားမဝင် မြေအကွက်ရိုက် ရောင်းချခြင်းများ ပိုမိုဖြစ်ပွားနေသဖြင့် မြေကွက် ဝယ်ယူလိုသူများ အနေဖြင့်လည်း စုံစမ်းမေးမြန်းပြီးမှသာ ဝယ်ယူကြရန် လိုအပ်ကြောင်း ပြင်ဦးလွင်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းမြင့်ထွန်းက တိုက်တွန်းလိုက်ပါတယ်။

ပြင်ဦးလွင်မြို့သည် ရာသီဥတု ကောင်းမွန်ပြီး နေထိုင်စရာ ကောင်းသဖြင့် မြေကွက်ဝယ်ယူသူများ ပေါများလာရာမှ တရားမဝင် မြေကွက် ရောင်းချခြင်းများ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။

Zawgyi

ျပင္ဦးလြင္ၿမိဳ႕နယ္ ထင္းႀကိဳးဝိုင္းအတြင္း တရားမဝင္ က်ဴးေက်ာ္ကာ ၿခဳံစည္းရိုးခတ္၊ အေဆာက္အဦး ေဆာက္လုပ္ေနသူမ်ားကို ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သစ္ေတာဦးစီးဌာနက ဇန္နဝါရီ (၆) ရက္ေန႕က သတိေပး ထုတ္ျပန္ထားပါတယ္။

ျပင္ဦးလြင္ခရိုင္အတြင္းရွိ အစိုးရပိုင္ သစ္ေတာႀကိဳးဝိုင္းေျမအတြင္း သစ္ေတာဦးစီးဌာနမွ ခြင့္ျပဳထားသည့္ လုပ္ငန္းမ်ားမွအပ အဆိုပါ ေျမေပၚတြင္ တရားမဝင္ အကြက္ရိုက္ ေရာင္းခ်ျခင္း၊ အေဆာက္အဦး ေဆာက္လုပ္ျခင္း၊ ၿခံစည္းရိုး ကာရံျခင္းမ်ားကို ခြင့္မျပဳေၾကာင္း၊ ေမၿမိဳ႕ထင္းႀကိဳးဝိုင္းအတြင္း ထိုသို႔ လုပ္ေဆာင္ေနျခင္းမ်ား ေတြ႕ရွိေနရသျဖင့္ မလုပ္ေဆာင္ၾကရန္ ႀကိဳတင္သတိေပး တားျမစ္ခဲ့ေသာ္လည္း လိုက္နာျခင္း မရွိဘဲ ဆက္လက္ လုပ္ေဆာင္ေနသျဖင့္ ေရာင္းမွားဝယ္မွား ျဖစ္ၿပီး အမ်ားျပည္သူ နစ္နာဆုံးရႈံးမႈမ်ား မျဖစ္ေပၚေစရန္ သတိေပးဆိုင္းဘုတ္ စိုက္ထူ၍ အကြက္ရိုက္ ေရာင္းခ်သဴမ်ားကို စိစစ္ေဖာ္ထုတ္ အေရးယူရန္ ေဆာင္႐ြက္ျခင္း ျဖစ္ေၾကာင္း ျပင္ဦးလြင္ခရိုင္ သစ္ေတာဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးဆန္းျမင့္ထြန္းက ေျပာပါတယ္။

“စၿပီးေတာ့ လုပ္ၿပီဆိုကတည္းက သူတို႔ကို Procedure (လုပ္ထုံးလုပ္နည္း) အရ Notice (သတိေပး) စာေပးတယ္။ မလုပ္ပါနဲ႕၊ ရပ္ပါ ဆိုတာကို မလိုက္နာဘူး။ ဆက္လုပ္ေနတယ္ဆိုေတာ့ ကြၽန္ေတာ္တို႔က တရားစြဲရတာေပါ့။ တရားစြဲတာလည္း အခုမွ မဟုတ္ပါဘူး။ အရင္ကတည္းက စြဲလာတာ။ သူတို႔က ၁၉၉၂ ဥပေဒအရ ဒဏ္ေငြ ၅၀၀၀ က်ပ္ ေပးေဆာင္ေစၿပီးေတာ့ ဆက္လုပ္ခ်င္လုပ္ၾက သေဘာပဲ။ ကြၽန္ေတာ္တို႔ေျပာတဲ့ဟာ မလိုက္နာလို႔ အေရးယူတာပါ” ဟု ဦးဆန္းျမင့္ထြန္းက ေျပာပါတယ္။

သစ္ေတာႀကိဳးဝိုင္းေျမအတြင္း သစ္ေတာျပန္လည္ ထူေထာင္ရန္ ပုဂၢလိက သစ္ေတာစိုက္ခင္းမ်ား၊ ပုဂၢလိက ေကာ္ဖီစိုက္ခင္းမ်ား၊ ေဒသခံျပည္သူမ်ား၏ အစုအဖြဲ႕ပိုင္ သစ္ေတာလုပ္ငန္းမ်ားကိုသာ ခြင့္ျပဳေပးထားၿပီး သစ္ေတာဦးစီးဌာနမွ ခြင့္ျပဳမထားေသာ လုပ္ငန္းမ်ား လုပ္ေဆာင္သျဖင့္ သစ္ေတာဥပေဒအရ အေရးယူခဲ့ျခင္းမ်ား ရွိခဲ့တယ္လို႔ သိရပါတယ္။

သစ္ေတာဌာနမွ ခြင့္ျပဳထားေသာ လုပ္ငန္းမ်ား မဟုတ္ဘဲ သစ္ေတာေျမအတြင္း က်ဴးေက်ာ္ေနထိုင္ျခင္း၊ ၿခံစည္းရိုးခတ္ျခင္း၊ အကြက္ရိုက္ေရာင္းခ်ျခင္းမ်ား လုပ္ေဆာင္မႈေၾကာင့္ ၂၀၁၆ မွစ၍ ယေန႕အထိ တိုင္တန္းထားသည့္ အမႈေပါင္း (၁၉၁) မႈ ရွိၿပီး ယင္းအမႈမ်ားအတြက္ လူဦးေရ (၁၄၁) ဦးကို အမႈဖြင့္ အေရးယူထားသည္ဟု ဦးဆန္းျမင့္ထြန္းက ေျပာပါတယ္။

ျပင္ဦးလြင္ၿမိဳ႕နယ္ ေမၿမိဳ႕ ထင္းႀကိဳဝိုင္းသည္ ေျမဧက (၁၆,၅၄၀)ေက်ာ္ က်ယ္ဝန္းၿပီး ၿမိဳ႕႐ြာမ်ားအနီး လမ္းပန္းဆက္သြယ္ေရး ေကာင္းေသာေနရာမ်ားတြင္ တရားမဝင္ ေျမအကြက္ရိုက္ ေရာင္းခ်ျခင္းမ်ား ပိုမိုျဖစ္ပြားေနသျဖင့္ ေျမကြက္ ဝယ္ယူလိုသူမ်ား အေနျဖင့္လည္း စုံစမ္းေမးျမန္းၿပီးမွသာ ဝယ္ယူၾကရန္ လိုအပ္ေၾကာင္း ျပင္ဦးလြင္ခရိုင္ သစ္ေတာဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးဆန္းျမင့္ထြန္းက တိုက္တြန္းလိုက္ပါတယ္။

ျပင္ဦးလြင္ၿမိဳ႕သည္ ရာသီဥတု ေကာင္းမြန္ၿပီး ေနထိုင္စရာ ေကာင္းသျဖင့္ ေျမကြက္ဝယ္ယူသူမ်ား ေပါမ်ားလာရာမွ တရားမဝင္ ေျမကြက္ ေရာင္းခ်ျခင္းမ်ား ျဖစ္ေပၚလာရျခင္းျဖစ္သည္။