ရုံးပတီသီးရဲ့ကျန်းမာရေးအကျိုးပြုပုံနှင့်ကိုယ်ဝန်ဆောင်သည်တွေအတွက်ကောင်းကျိုးများ

Unicode

၁။ ဆီးချိုသမားတွေအတွက် သဘာဝဆေးစွမ်းကောင်းတစ်လက်
ရုံးပတီသီးမှာ အင်ဆူလင်ဆေးလို အစွမ်းသတ္တိ တွေရှိနေပါတယ်။ အင်ဆူလင်ဆေးဆိုတာ ဆီးချိုသမားတွေမှာ အသုံးပြုတဲ့ ထိုးဆေးပါ။ ရုံးပတီသီးမှာပါတဲ့ Eugenol ဆိုတဲ့ အမျှင်ဓာတ်ဟာ အူအတွင်းမှ သကြားဓာတ် စုပ်ယူမှုကို ထိန်းသိမ်းပေးကာ သွေးတွင်းရှိ သကြားဓာတ်လွန်ကဲစွာ မြင့်တက်လာခြင်းကို ကာကွယ်တားဆီးပေးပါတယ်။

၂။အစာကြေ ဝမ်းမှန်စေခြင်း
ရုံးပတီသီးမှာ အမျှင်ဓာတ်များစွာနဲ့ ပျစ်ချွဲရည်တွေ ပါဝင်ပါတယ်။ ရုံးပတီသီးကို စားခြင်းအားဖြင့် အစားအစာ တွေကို ကြေညက်စေပြီး အစာမကြေတာကို သက်သာကာ ဝမ်းမှန်စေပါတယ်။ ရုံးပတီသီးမှာပါတဲ့ Pectin ဆိုတဲ့ အမျှင်ဓာတ်ကြောင့် အူတွင်းက အညစ်အကြေးတွေရဲ့ ရွေ့လျားမှုကို အဆင်ပြေချောမွေ့စေပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါတယ်။ရုံးပတီသီးက သဘာဝကပေးတဲ့ ဝမ်းမှန်ဆေးပါပဲ။

၃။ကိုယ်ဝန်ဆောင်တွေ နေ့စဉ် စားသုံးသင့်တဲ့မီးဖိုချောင်မှ ဆေးတစ်လက်
ရုံးပတီသီးမှာ ပါဝင်တဲ့ ဖောလစ်ဓာတ်နဲ့ အာဟာရတန်ဖိုးတွေက ကိုယ်ဝန်ရခြင်းကို ကူညီပေးနိုင်သလို သန္ဓေသားရဲ့ ဦးနှောက် ဖွံ့ဖြိုးခြင်းကို ကူညီပေးရုံသာမကကိုယ်ဝန်ပျက်ကျခြင်းကို တားဆီးပေးပြီး ကလေးတွေမွေးလာတဲ့အခါ အာရုံကြောဆိုင်ရာ ချွတ်ယွင်းချက်တွေ ပါမလာအောင် တားဆီးကာကွယ်ပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်စဉ် ရုံးပတီသီးကို ပုံမှန်စားရင် ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။

၄။အရိုးတွေကို သန်မာစေခြင်း
ရုံးပတီသီးမှာပါတဲ့ ကယ်လ်စီယမ်၊ ဘီတာမင် ကေ နဲ့ ဖော့လိတ်ဓာတ်တွေကြောင့် အရိုးတွေရဲ့ သိပ်သည်းဆကို မြင့်မားစေပြီး အရိုးတွေကို သန်မာစေကာ အရိုးပွရောဂါ မှ ကာကွယ် တားဆီးပေးပါတယ်။

၅။ပန်းနာရင်ကျပ်သမားတွေအတွက် မိတ်ဆွေကောင်း
ပန်းနာရင်ကျပ် ရောဂါဆိုတာ အဆုတ်လေပြွန်တွေ ရောင်ရမ်းပြီး အသက်ရှူရခက်တဲ့ ရောဂါတစ်မျိုးပါ။ရုံးပတီသီးမှာပါတဲ့ အင်တီအောက်စီဒန့်၊ ဘီတာမင် စီနဲ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဓာတ်တွေကြောင့် ပန်းနာရင်ကျပ် ရောဂါကို သက်သာစေပြီး ရင်ကျပ်တဲ့ အကြိမ်အရေအတွက်ကို လျော့ချပေးနိုင်ပါတယ်။

၆။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကိုသက်သာစေခြင်း
ရုံးပတီပင်က အပွင့်နဲ့ သစ်ရွက်တွေကို ပြုတ်ပြီး သောက်ရင် အသက်ရှူလမ်းကြောင်း ရောင်ရမ်းတာ၊အဆုတ်ရောင်ရောဂါ နဲ့ အအေးမိတုတ်ကွေးရောဂါ တွေကို သက်သာစေတယ်လို့ တိုင်းရင်းဆေးဆရာတွေက ဆိုကြပါတယ်။

၇။အပူဒဏ်ကြောင့်ဖြစ်တဲ့ နွမ်းနယ်ခြင်းတွေ ကင်းဝေစေခြင်း
ရုံးပတီသီးမှာပါတဲ့ ဒြပ်ပေါင်းတွေက အပူဒဏ်ကြောင့်ဖြစ်တဲ့ ပင်ပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ နဲ့ စိတ်ဓာတ်ကျခြင်းတွေကို သက်သာစေပါတယ်။

၈။အူမကြီးကင်ဆာဖြစ်ပွားနှုန်း လျော့နည်းစေခြင်း
ရုံးပတီသီးမှာပါတဲ့ အမျှင်ဓာတ် တွေကြောင့် ဝမ်းမှန်စေကာ အူမကြီးကင်ဆာ ဖြစ်ပွားနှုန်းကို လျော့ချပေးပါတယ်။ ရုံးပတီသီးမှာပါတဲ့ အင်တီအောက်စီဒန့်တွေက ကင်ဆာဖြစ်စေနိုငိတဲ့ ဆဲလ်များပြောင်းလဲမှုကို တားဆီးကာကွယ်ပေးပါရုံသာမက ကိုယ်ခံအားကို တိုးပွားစေကာ ရောဂါပေါင်းစုံမှ ကာကွယ် ပေးနိုင်ပါတယ်။

၉။အဝလွန်ခြင်းမှ ကင်းဝေးစေခြင်း
ရုံးပတီသီးမှာ ကယ်လိုရီ အနည်းငယ်သာ ပါဝင်ပြီး အမျှင်ဓာတ် များစွာ ပါဝင်ပါတယ်။ အမျှင်ဓာတ်တွေက အစာမွတ်သိပ်မှုကို တားဆီးပေးပြီး မကြာခဏ အစာစားချင်စိတ်ဖြစ်ခြင်းမှ ကင်းဝေးစေပါတယ်။

၁၀။သွေးအတွင်းအဆီ ကျစေခြင်း
ရုံးပတီသီးမှာပါဝင်တဲ့ Pectin ဆိုတဲ့ အမျှင်ဓာတ်က ခန္ဓာကိုယ်တွင်းက မကောင်းတဲ့ အဆီတွေကို ကျစေကာ သွေးကြောကျစ်မာခြင်း၊ သွေးတွင်းအဆီ ပိတ်ခြင်းတွေကို တားဆီးပေးခြင်း အားဖြင့် နှလုံးရောဂါ ဖြစ်ပွားနှုန်းကို လျော့ကျစေပါတယ်။

Zawgyi

၁။ ဆီးခ်ိဳသမားေတြအတြက္ သဘာဝေဆးစြမ္းေကာင္းတစ္လက္
႐ုံးပတီသီးမွာ အင္ဆူလင္ေဆးလို အစြမ္းသတၱိ ေတြရွိေနပါတယ္။ အင္ဆူလင္ေဆးဆိုတာ ဆီးခ်ိဳသမားေတြမွာ အသုံးျပဳတဲ့ ထိုးေဆးပါ။ ႐ုံးပတီသီးမွာပါတဲ့ Eugenol ဆိုတဲ့ အမွ်င္ဓာတ္ဟာ အူအတြင္းမွ သၾကားဓာတ္ စုပ္ယူမႈကို ထိန္းသိမ္းေပးကာ ေသြးတြင္းရွိ သၾကားဓာတ္လြန္ကဲစြာ ျမင့္တက္လာျခင္းကို ကာကြယ္တားဆီးေပးပါတယ္။

၂။အစာေၾက ဝမ္းမွန္ေစျခင္း
႐ုံးပတီသီးမွာ အမွ်င္ဓာတ္မ်ားစြာနဲ႕ ပ်စ္ခြၽဲရည္ေတြ ပါဝင္ပါတယ္။ ႐ုံးပတီသီးကို စားျခင္းအားျဖင့္ အစားအစာ ေတြကို ေၾကညက္ေစၿပီး အစာမေၾကတာကို သက္သာကာ ဝမ္းမွန္ေစပါတယ္။ ႐ုံးပတီသီးမွာပါတဲ့ Pectin ဆိုတဲ့ အမွ်င္ဓာတ္ေၾကာင့္ အူတြင္းက အညစ္အေၾကးေတြရဲ႕ ေ႐ြ႕လ်ားမႈကို အဆင္ေျပေခ်ာေမြ႕ေစၿပီး ဝမ္းခ်ဳပ္ျခင္းမွ ကာကြယ္ေပးပါတယ္။႐ုံးပတီသီးက သဘာဝကေပးတဲ့ ဝမ္းမွန္ေဆးပါပဲ။

၃။ကိုယ္ဝန္ေဆာင္ေတြ ေန႕စဥ္ စားသုံးသင့္တဲ့မီးဖိုေခ်ာင္မွ ေဆးတစ္လက္
႐ုံးပတီသီးမွာ ပါဝင္တဲ့ ေဖာလစ္ဓာတ္နဲ႕ အာဟာရတန္ဖိုးေတြက ကိုယ္ဝန္ရျခင္းကို ကူညီေပးနိုင္သလို သေႏၶသားရဲ႕ ဦးေႏွာက္ ဖြံ႕ၿဖိဳးျခင္းကို ကူညီေပး႐ုံသာမကကိုယ္ဝန္ပ်က္က်ျခင္းကို တားဆီးေပးၿပီး ကေလးေတြေမြးလာတဲ့အခါ အာ႐ုံေၾကာဆိုင္ရာ ခြၽတ္ယြင္းခ်က္ေတြ ပါမလာေအာင္ တားဆီးကာကြယ္ေပးနိုင္ပါတယ္။ကိုယ္ဝန္ေဆာင္စဥ္ ႐ုံးပတီသီးကို ပုံမွန္စားရင္ ဝမ္းခ်ဳပ္ျခင္းကို သက္သာေစပါတယ္။

၄။အရိုးေတြကို သန္မာေစျခင္း
႐ုံးပတီသီးမွာပါတဲ့ ကယ္လ္စီယမ္၊ ဘီတာမင္ ေက နဲ႕ ေဖာ့လိတ္ဓာတ္ေတြေၾကာင့္ အရိုးေတြရဲ႕ သိပ္သည္းဆကို ျမင့္မားေစၿပီး အရိုးေတြကို သန္မာေစကာ အရိုးပြေရာဂါ မွ ကာကြယ္ တားဆီးေပးပါတယ္။

၅။ပန္းနာရင္က်ပ္သမားေတြအတြက္ မိတ္ေဆြေကာင္း
ပန္းနာရင္က်ပ္ ေရာဂါဆိုတာ အဆုတ္ေလႁပြန္ေတြ ေရာင္ရမ္းၿပီး အသက္ရႉရခက္တဲ့ ေရာဂါတစ္မ်ိဳးပါ။
႐ုံးပတီသီးမွာပါတဲ့ အင္တီေအာက္စီဒန႔္၊ ဘီတာမင္ စီနဲ ေရာင္ရမ္းမႈကို သက္သာေစတဲ့ ဓာတ္ေတြေၾကာင့္ ပန္းနာရင္က်ပ္ ေရာဂါကို သက္သာေစၿပီး ရင္က်ပ္တဲ့ အႀကိမ္အေရအတြက္ကို ေလ်ာ့ခ်ေပးနိုင္ပါတယ္။

၆။ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေဝဒနာေတြကိုသက္သာေစျခင္း
႐ုံးပတီပင္က အပြင့္နဲ႕ သစ္႐ြက္ေတြကို ျပဳတ္ၿပီး ေသာက္ရင္ အသက္ရႉလမ္းေၾကာင္း ေရာင္ရမ္းတာ၊အဆုတ္ေရာင္ေရာဂါ နဲ႕ အေအးမိတုတ္ေကြးေရာဂါ ေတြကို သက္သာေစတယ္လို႔ တိုင္းရင္းေဆးဆရာေတြက ဆိုၾကပါတယ္။

၇။အပူဒဏ္ေၾကာင့္ျဖစ္တဲ့ ႏြမ္းနယ္ျခင္းေတြ ကင္းေဝေစျခင္း
႐ုံးပတီသီးမွာပါတဲ့ ျဒပ္ေပါင္းေတြက အပူဒဏ္
ေၾကာင့္ျဖစ္တဲ့ ပင္ပန္းႏြမ္းနယ္ျခင္း၊ အားအင္ကုန္ခမ္းျခင္း၊ နဲ႕ စိတ္ဓာတ္က်ျခင္းေတြကို သက္သာေစပါတယ္။

၈။အူမႀကီးကင္ဆာျဖစ္ပြားႏႈန္း ေလ်ာ့နည္းေစျခင္း
႐ုံးပတီသီးမွာပါတဲ့ အမွ်င္ဓာတ္ ေတြေၾကာင့္ ဝမ္းမွန္ေစကာ အူမႀကီးကင္ဆာ ျဖစ္ပြားႏႈန္းကို ေလ်ာ့ခ်ေပးပါတယ္။ ႐ုံးပတီသီးမွာပါတဲ့ အင္တီေအာက္စီဒန႔္ေတြက ကင္ဆာျဖစ္ေစနိုငိတဲ့ ဆဲလ္မ်ားေျပာင္းလဲမႈကို တားဆီးကာကြယ္ေပးပါ႐ုံသာမက ကိုယ္ခံအားကို တိုးပြားေစကာ ေရာဂါေပါင္းစုံမွ ကာကြယ္ ေပးနိုင္ပါတယ္။

၉။အဝလြန္ျခင္းမွ ကင္းေဝးေစျခင္း
႐ုံးပတီသီးမွာ ကယ္လိုရီ အနည္းငယ္သာ ပါဝင္ၿပီး အမွ်င္ဓာတ္ မ်ားစြာ ပါဝင္ပါတယ္။ အမွ်င္ဓာတ္ေတြက အစာမြတ္သိပ္မႈကို တားဆီးေပးၿပီး မၾကာခဏ အစာစားခ်င္စိတ္ျဖစ္ျခင္းမွ ကင္းေဝးေစပါတယ္။

၁၀။ေသြးအတြင္းအဆီ က်ေစျခင္း
႐ုံးပတီသီးမွာပါဝင္တဲ့ Pectin ဆိုတဲ့ အမွ်င္ဓာတ္က ခႏၶာကိုယ္တြင္းက မေကာင္းတဲ့ အဆီေတြကို က်ေစကာ ေသြးေၾကာက်စ္မာျခင္း၊ ေသြးတြင္းအဆီ ပိတ္ျခင္းေတြကို တားဆီးေပးျခင္း အားျဖင့္ ႏွလုံးေရာဂါ ျဖစ္ပြားႏႈန္းကို ေလ်ာ့က်ေစပါတယ္။