နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်နှင့် ဇနီး ကိုဗစ် ကူးစက်ခံရ

Unicode

နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်နှင့် ဇနီးဒေါ်ခင်ဝင်းရွှေတို့ ကိုဗစ် ကူးစက်ခံရ၍ ပန်းလှိုင်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း ၎င်းတို့နှင့် နီးစပ်သူများက အတည်ပြုပြောဆိုသည်။“ဇန်နဝါရီ ၈ ရက်နေ့ကစပြီး ပန်းလှိုင်ဆေးရုံမှာ ကုသနေပါတယ်”လို့ ၎င်းတို့နှင့် နီးစပ်သူများက အတည် ပြုသည်။

မရမ်းကုန်းမြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ နဝဒေးလမ်းနေ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်နှင့် ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေတို့တွင် ကိုဗစ်ရောဂါ စစ်ဆေးတွေ့ရှိခဲ့ကြောင်းနှင့် ဦးခင်ညွန့်နှင့် ဇနီးတို့သည် ဘုရားဖူးခရီး ထွက်ရန်အတွက် ဇန်နဝါရီလ ၆ ရက်တွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ ပန်းလှိုင်ဆေးရုံတွင် ကိုဗစ်ရောဂါပိုး စစ်ဆေးခဲ့ရာမှ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ထိုသို့စစ်ဆေးခဲ့ရာမှာ ဦးခင်ညွန့်နဲ့ ဇနီးဖြစ်သူ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေတို့ထံမှ

ကိုဗစ်ရောဂါပိုး တွေ့ရှိခြင်းဖြစ်ကြောင်း ဇန်နဝါရီလ ၇ ရက်နေ့က မရမ်းကုန်းမြို့နယ်အတွင်း ကိုဗစ်လူနာတွေ့ရှိမှု စာရင်းမှာ ဖော်ပြထားချက်အရ သိရပါတယ်။ထိုမရမ်းကုန်းမြို့နယ်အတွင်းမှာ ဇန်နဝါရီလ ၇ရက်နေ့က ကိုဗစ်အတည်ပြုလူနာ ၇ ဦးတွေ့ရှိခဲ့ကာ

ဦးခင်ညွန့်နေထိုင်သည့် ၅ ရပ်ကွက်မှာ ၄ ဦးတွေ့ရှိခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါမိုးမိုးစုကြည်က ၎င်းရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ဆက်လက်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်နှင့် ဇနီးဒေါက်တာဒေါ်ခင်ဝင်းရွှေတို့သည် လက်ရှိ၌ ပန်းလှိုင်ဆေးရုံတွင် ဆေးကုသမှုခံလျက်ရှိသည်။