ရခိုင်ကနေ ရွှေပြည်သာကိုလာတဲ့ အထောက်အထားမဲ့ (၉၉)ယောက်ရဲ့ ပြဿနာ စပြီ

Unicode

ဇန်နဝါရီလ (၅) ရက်နေ့က ရွှေပြည်သာမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ ရခိုင်ပြည်နယ်ကလာတဲ့အထောက်အထားမဲ့ (၉၉) ယောက်မှာ ကိုဗစ်ပိုးတွေ့ရှိသူ ငါးယောက်ရှိခဲ့တယ်လို့ မြို့နယ်ကိုဗစ်ကော်မတီကနေ သိရပါတယ်။

“မနေ့ကစစ်လိုက်တဲ့အချိန်မှာ အမျိုးသမီး ငါးယောက်မှာ ကိုဗစ်ပိုးတွေ့ရတယ် သူတို့ကိုတော့ အခုခွဲထားပါတယ်။ ပြီးရင် တခြားပိုးမတွေ့တဲ့သူတွေကို နောက်တစ်ကြိမ် ဆက်ပြီးစစ်ဆေးဦးမှာပါ။ တစ်ခါတည်းစစ်ရတာဆိုတော့ စိတ်မချရသေးဘူးလေ။” လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက ပြောပါတယ်။

အခုချိန်မှာတော့ ကိုဗစ်ပိုးတွေ့ရှိတဲ့သူတွေနဲ့ ရောဂါပိုးမတွေ့တဲ့သူတွေကို သီးသန့်ခွဲထားပြီး ရွှေပြည်သာမြို့နယ် ကွန်ပျုတာတက္ကသိုလ်မှာ နေရာချပေးထားတယ်လို့ ဆိုပါတယ်။

“သူတို့ကို ရောဂါစစ်ဆေးနေတုန်းဆိုတော့ ကျွန်တော်တို့က စောင့်နေရပါသေးတယ်။ ရဲလုပ်ငန်းတွေလည်း မလုပ်ရသေးဘူးလေ။” လို့ ရွှေပြည်သာမြို့မ ရဲစခန်းမှူးက  ပြောပါတယ်။

အဲဒီ (၉၉) ယောက်ကို ဇန်နဝါရီလ (၆) ရက်နေ့က ရွှေပြည်သာမြို့နယ်အမှတ် (၂) ရပ်ကွက်နဲ့ (၃) ရပ်ကွက်က နေအိမ်တွေမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

သူတို့ကို ခေါ်လာတဲ့ အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးနှစ်ယောက်ကိုတော့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၇/၃၇၀ တို့နဲ့ ရွှေပြည်သာမြို့မရဲစခန်းက အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Zawgyi

ဇန္နဝါရီလ (၅) ရက္ေန႕က ေ႐ႊျပည္သာၿမိဳ႕နယ္မွာ ဖမ္းဆီးရမိတဲ့ ရခိုင္ျပည္နယ္ကလာတဲ့အေထာက္အထားမဲ့ (၉၉) ေယာက္မွာ ကိုဗစ္ပိုးေတြ႕ရွိသူ ငါးေယာက္ရွိခဲ့တယ္လို႔ ၿမိဳ႕နယ္ကိုဗစ္ေကာ္မတီကေန သိရပါတယ္။

“မေန႕ကစစ္လိုက္တဲ့အခ်ိန္မွာ အမ်ိဳးသမီး ငါးေယာက္မွာ ကိုဗစ္ပိုးေတြ႕ရတယ္ သူတို႔ကိုေတာ့ အခုခြဲထားပါတယ္။ ၿပီးရင္ တျခားပိုးမေတြ႕တဲ့သူေတြကို ေနာက္တစ္ႀကိမ္ ဆက္ၿပီးစစ္ေဆးဦးမွာပါ။ တစ္ခါတည္းစစ္ရတာဆိုေတာ့ စိတ္မခ်ရေသးဘူးေလ။” လို႔ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးရန္ေအာင္မင္းက ေျပာပါတယ္။

အခုခ်ိန္မွာေတာ့ ကိုဗစ္ပိုးေတြ႕ရွိတဲ့သူေတြနဲ႕ ေရာဂါပိုးမေတြ႕တဲ့သူေတြကို သီးသန႔္ခြဲထားၿပီး ေ႐ႊျပည္သာၿမိဳ႕နယ္ ကြန္ပ်ဳတာတကၠသိုလ္မွာ ေနရာခ်ေပးထားတယ္လို႔ ဆိုပါတယ္။

“သူတို႔ကို ေရာဂါစစ္ေဆးေနတုန္းဆိုေတာ့ ကြၽန္ေတာ္တို႔က ေစာင့္ေနရပါေသးတယ္။ ရဲလုပ္ငန္းေတြလည္း မလုပ္ရေသးဘူးေလ။” လို႔ ေ႐ႊျပည္သာၿမိဳ႕မ ရဲစခန္းမႉးက ေျပာပါတယ္။

အဲဒီ (၉၉) ေယာက္ကို ဇန္နဝါရီလ (၆) ရက္ေန႕က ေ႐ႊျပည္သာၿမိဳ႕နယ္အမွတ္ (၂) ရပ္ကြက္နဲ႕ (၃) ရပ္ကြက္က ေနအိမ္ေတြမွာ ဖမ္းဆီးရမိခဲ့တာ ျဖစ္ပါတယ္။

သူတို႔ကို ေခၚလာတဲ့ အမ်ိဳးသားႏွစ္ေယာက္နဲ႕ အမ်ိဳးသမီးႏွစ္ေယာက္ကိုေတာ့ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၆၇/၃၇၀ တို႔နဲ႕ ေ႐ႊျပည္သာၿမိဳ႕မရဲစခန္းက အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။