အွန်လိုင်းမှတဆင့် ငွေကျပ် သိန်း(၃၀)ကျော် လိမ်လည်သွားတဲ့ အမျိုးသမီး

Unicode

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်း အမှတ် (၁၀၂)၌ ရတနာ ပစ္စည်းများအား အွန်လိုင်းမှ ရောင်းချနေစဉ် Htoo Htoo Htet Aung ဖေ့စ်ဘွတ် အကောင့်ပိုင်ရှင်က ငွေကျပ် ၃၃ သိန်းတန် စိန်နားကပ်တစ်ရန်အား ဒီဇင်ဘာ ၂၅ ရက်က KBZ Mobile Banking Account မှ ငွေလွှဲ၍ မှာယူခဲ့သည်။

ထို့နောက် ဒီဇင်ဘာ ၂၆ ရက်တွင် ဖုန်းနံပါတ် ၀၉-၉၆၀၉၄၁၈၃၇ ကိုင်ဆောင်သူက Viber ဖြင့် ဆက်သွယ်လာပြီး Htoo Htoo Htet Aung အကောင့်ဖြင့် မှာယူထားသော စိန်နားကပ်အား မဝယ်ဖြစ်တော့ကြောင်းနှင့် ငွေကျပ် ၃၃ သိန်းအား ၎င်း၏အမေဖွင့်ထားသည့် Daw Thin Thin Htay အမည်ရှိ KBZ Mobile Banking Account နံပါတ်သို့ ပြန်လည်လွှဲပေးရန် ပြောဆိုသဖြင့်

ကုမ္ပဏီသို့ မှာယူပြီးပစ္စည်း မယူတော့သည့်အတွက် ငွေကျပ် ၂၃၀၀၀၀ အား နုတ်ယူပြီး ကျန်ငွေကျပ် ၃၀၇၀၀၀၀ အား လွှဲပေးခဲ့သည်။ သို့သော် ဒီဇင်ဘာ ၂၇ ရက်တွင် Htoo Htoo Htet Aung အကောင့်ပိုင်ရှင်က ၎င်းမှာယူထားသော စိန်နားကပ် ရ၊ မရ ဖုန်းဖြင့် ဆက်သွယ်လာသဖြင့် ဖုန်းနံပါတ် ၀၉-၉၆၀၉၄၁၈၃၇ ကိုင်ဆောင်သူက ငွေကြေးလိမ်လည်ရယူသွားကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များ၊ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဖုန်းနံပါတ် ၀၉-၉၆၀၉၄၁၈၃၇ ကိုင်ဆောင်သူမှာ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် (၆)ရပ်ကွက် ကြိုးကြာ(၂)လမ်း အမှတ်(၁၂၆၁)နေ ဖြူသက်သက်ခိုင်(ခ)Phyu Khaing ဖြစ်ကြောင်း သိရှိရ၍

၎င်းအား ဒီဇင်ဘာ ၃၀ ရက်တွင် ဖမ်းဆီးစစ်ဆေးရာ အဆိုပါအမှုအား ကျူးလွန်ခဲ့ကြောင်းနှင့် သက်သေခံပစ္စည်း ငွေကျပ် ၃၀၇၀၀၀၀အား ပြန်လည်သိမ်းဆည်းပြီး ၎င်းအား ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Zawgyi

ရန္ကုန္ၿမိဳ႕ ကမာ႐ြတ္ၿမိဳ႕နယ္ တကၠသိုလ္ရိပ္သာလမ္း အမွတ္ (၁၀၂)၌ ရတနာ ပစၥည္းမ်ားအား အြန္လိုင္းမွ ေရာင္းခ်ေနစဥ္ Htoo Htoo Htet Aung ေဖ့စ္ဘြတ္ အေကာင့္ပိုင္ရွင္က ေငြက်ပ္ ၃၃ သိန္းတန္ စိန္နားကပ္တစ္ရန္အား ဒီဇင္ဘာ ၂၅ ရက္က KBZ Mobile Banking Account မွ ေငြလႊဲ၍ မွာယူခဲ့သည္။

ထို႔ေနာက္ ဒီဇင္ဘာ ၂၆ ရက္တြင္ ဖုန္းနံပါတ္ ၀၉-၉၆၀၉၄၁၈၃၇ ကိုင္ေဆာင္သူက Viber ျဖင့္ ဆက္သြယ္လာၿပီး Htoo Htoo Htet Aung အေကာင့္ျဖင့္ မွာယူထားေသာ စိန္နားကပ္အား မဝယ္ျဖစ္ေတာ့ေၾကာင္းႏွင့္ ေငြက်ပ္ ၃၃ သိန္းအား ၎၏အေမဖြင့္ထားသည့္ Daw Thin Thin Htay အမည္ရွိ KBZ Mobile Banking Account နံပါတ္သို႔ ျပန္လည္လႊဲေပးရန္ ေျပာဆိုသျဖင့္

ကုမၸဏီသို႔ မွာယူၿပီးပစၥည္း မယူေတာ့သည့္အတြက္ ေငြက်ပ္ ၂၃၀၀၀၀ အား ႏုတ္ယူၿပီး က်န္ေငြက်ပ္ ၃၀၇၀၀၀၀ အား လႊဲေပးခဲ့သည္။ သို႔ေသာ္ ဒီဇင္ဘာ ၂၇ ရက္တြင္ Htoo Htoo Htet Aung အေကာင့္ပိုင္ရွင္က ၎မွာယူထားေသာ စိန္နားကပ္ ရ၊ မရ ဖုန္းျဖင့္ ဆက္သြယ္လာသျဖင့္ ဖုန္းနံပါတ္ ၀၉-၉၆၀၉၄၁၈၃၇ ကိုင္ေဆာင္သူက ေငြေၾကးလိမ္လည္ရယူသြားေၾကာင္း သိရွိရသည္။

ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး႐ုံး၊ မႈခင္းအကူဌာနစုမွတပ္ဖြဲ႕ဝင္မ်ား၊ အေနာက္ပိုင္းခရိုင္ မႈခင္းႏွိမ္နင္းေရးဌာနစုမွ တပ္ဖြဲ႕ဝင္မ်ား၊ ကမာ႐ြတ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားသည္ ျပစ္မႈက်ဴးလြန္သူအား ေဖာ္ထုတ္ဖမ္းဆီးရမိေရး ေဆာင္႐ြက္ခဲ့ရာ ဖုန္းနံပါတ္ ၀၉-၉၆၀၉၄၁၈၃၇ ကိုင္ေဆာင္သူမွာ ဒဂုံၿမိဳ႕သစ္ (အေရွ႕ပိုင္း)ၿမိဳ႕နယ္ (၆)ရပ္ကြက္ ႀကိဳးၾကာ(၂)လမ္း အမွတ္(၁၂၆၁)ေန ျဖဴသက္သက္ခိုင္(ခ)Phyu Khaing ျဖစ္ေၾကာင္း သိရွိရ၍

၎အား ဒီဇင္ဘာ ၃၀ ရက္တြင္ ဖမ္းဆီးစစ္ေဆးရာ အဆိုပါအမႈအား က်ဴးလြန္ခဲ့ေၾကာင္းႏွင့္ သက္ေသ
ခံပစၥည္း ေငြက်ပ္ ၃၀၇၀၀၀၀ အား ျပန္လည္သိမ္းဆည္းၿပီး ၎အား ဥပေဒႏွင့္အညီ အျမန္တရားစြဲတင္ပို႔နိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။