(၄)နှစ်နီးပါး အလုပ်လုပ်ပြီးရှာထားတဲ့ ပိုက်ဆံနဲ့ သိန်း (၂၈၉၀) တန် ကားကြီး ဝယ်ယူခဲ့တဲ့ နေခြည်ဦးရဲ့ ဗီဒီယို

Unicode

ပရိသတ်တွေချစ်ကြတဲ့ နေခြည်ဦးကတော့ လူလေးလှရုံသာမက ပညာလည်းတတ်၊ အရည်အချင်းလည်းရှိတဲ့အမျိုးသမီးငယ်လေးတစ်ယောက်ဖြစ်ပါတယ်။နေခြည်ဦးကတော့ ချမ်းသာတဲ့ မိဘအသိုင်းအဝိုင်းကဆင်းသက်လာသူတစ်ယောက်ဆိုပေမယ့်

နောက်ပိုင်းမှာတော့ သူမခြေထော်ပေါ်သူမရပ်တည်လာပြီး အောင်မြင်မှုတွေ တဖွဲဖွဲသိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း နေခြည်ဦးက သူမကိုယ်တိုင်ရှာဖွေထားတဲ့ ငွေကြေးတွေနဲ့ ကားအသစ်ကြီးကို ဝယ်ယူခဲ့တဲ့အကြောင်း Vlog အသစ်လေးကို အခုလိုပဲ ချပြလာပါတယ်။

“New Year, New Car, New Adventure !!! ဒီ Vlog လေးက နေခြည့်ရဲ့ ပထမဦးဆုံး Car Shopping Vlog လေးပေါ့နော် အခုဝယ်မယ့်ကားက နေခြည့်ကိုယ်ပိုင်ဝင်ငွေနဲ့ ပထမဦးဆုံးဝယ်မယ့် ကားလေးလည်းဖြစ်လို့ နေခြည်မှန်းထားတဲ့ Budget နဲ့ ဘယ်လိုကားမျိုးရမလဲဆိုတာလည်း အရမ်းရင်ခုန်နေတယ်။

နေခြည် ငယ်ငယ်လေးထဲက ကားတွေဆို အရမ်း Crazy ဖြစ်တယ်။နေခြည် ကျောင်းသွားတက်ပြီးပြန်လာတဲ့အချိန်မှာ နေခြည်စီးဖို့ဆိုပြီး ဖေဖေက ကားလေးတစ်စီးဝယ်ပေးတယ်။ အဲ့တုန်းကဆို နေခြည် အရမ်းပျော်တာ။ ဘဝမှာ ပထမဆုံးရတဲ့ကားလည်း ဖြစ်တယ်၊ ကိုယ့်စိတ်ကြိုက် တစ်ယောက်ထဲလည်း စီးရမှာဆိုတော့။”

“အခု နေခြည် အသက်အရွယ်တစ်ခု ရောက်လာတဲ့အခါကျတော့ မိဘကို ပူဆာတာထပ် ကိုယ့်ဘာသာရှာတဲ့ပိုက်ဆံနဲ့ ဝယ်ထားတဲ့ကားတစ်စီးလောက် လိုချင်လာပြီ။ဖေဖေနဲ့ မေမေကိုလည်း ဒါ သမီးပိုက်ဆံနဲ့ ဝယ်ထားတာဆိုပြီး ကြွားချင်တာလည်းပါတာပေါ့လေ

အဲ့တာကြောင့် နေခြည် 3 နှစ်ကျော် 4 နှစ်နီးပါး အလုပ် အလုပ် အလုပ် ဆိုပြီး တောက်လျှောက်လုပ်ပြီး ရှာထားတဲ့ပိုက်ဆံနဲ့ ကားတစ်စီးလောက်တော့ ဝယ်တော့မယ်ကွာလို့ နေခြည် ဆုံးဖြတ်လိုက်တယ်။” ဆိုပြီး သူမရဲ့ Vlog လေးကို အခုလိုပဲ ချပြလာပါတယ်။

Video ကြည့်ရန်

နေခြည်ဦးကတော့ သူမအလုပ်စလုပ်ခဲ့တဲ့အချိန်ကတည်းက ဒီနေ့ဒီအချိန်ထိ (၄) နှစ်နီးပါးရှာဖွေလာတဲ့ ငွေကြေးတွေနဲ့ သိန်း (၂၈၉၀) တန် Range Rover ကားအသစ်ကြီးကို ဝယ်ယူခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ငယ်ငယ်လေးနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး ဒီလိုမျိုး အဖိုးတန်ကားသစ်ကြီးကို ဝယ်နိုင်ခဲ့တာ အားကျစရာပါပဲနော်။
ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: beautybynaychi’s fb
Credit: Cele Connections

Zawgyi

ပရိသတ္ေတြခ်စ္ၾကတဲ့ ေနျခည္ဦးကေတာ့ လူေလးလွ႐ုံသာမက ပညာလည္းတတ္၊ အရည္အခ်င္းလည္းရွိတဲ့ အမ်ိဳးသမီးငယ္ေလးတစ္ေယာက္ျဖစ္ပါတယ္။ ေနျခည္ဦးကေတာ့ ခ်မ္းသာတဲ့ မိဘအသိုင္းအဝိုင္းကဆင္းသက္လာသူတစ္ေယာက္ဆိုေပမယ့္

ေနာက္ပိုင္းမွာေတာ့ သူမေျခေထာ္ေပၚသူမရပ္တည္လာၿပီး ေအာင္ျမင္မႈေတြ တဖြဲဖြဲသိမ္းပိုက္နိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ ဒီကေန႕မွာလည္း ေနျခည္ဦးက သူမကိုယ္တိုင္ရွာေဖြထားတဲ့ ေငြေၾကးေတြနဲ႕ ကားအသစ္ႀကီးကို ဝယ္ယူခဲ့တဲ့အေၾကာင္း Vlog အသစ္ေလးကို အခုလိုပဲ ခ်ျပလာပါတယ္။

“New Year, New Car, New Adventure !!! ဒီ Vlog ေလးက ေနျခည့္ရဲ႕ ပထမဦးဆုံး Car Shopping Vlog ေလးေပါ့ေနာ္ အခုဝယ္မယ့္ကားက ေနျခည့္ကိုယ္ပိုင္ဝင္ေငြနဲ႕ ပထမဦးဆုံးဝယ္မယ့္ ကားေလးလည္းျဖစ္လို႔ ေနျခည္မွန္းထားတဲ့ Budget နဲ႕ ဘယ္လိုကားမ်ိဳးရမလဲဆိုတာလည္း အရမ္းရင္ခုန္ေနတယ္။

ေနျခည္ ငယ္ငယ္ေလးထဲက ကားေတြဆို အရမ္း Crazy ျဖစ္တယ္။ေနျခည္ ေက်ာင္းသြားတက္ၿပီးျပန္လာတဲ့အခ်ိန္မွာ ေနျခည္စီးဖို႔ဆိုၿပီး ေဖေဖက ကားေလးတစ္စီးဝယ္ေပးတယ္။ အဲ့တုန္းကဆို ေနျခည္ အရမ္းေပ်ာ္တာ။ ဘဝမွာ ပထမဆုံးရတဲ့ကားလည္း ျဖစ္တယ္၊ ကိုယ့္စိတ္ႀကိဳက္ တစ္ေယာက္ထဲလည္း စီးရမွာဆိုေတာ့။”

“အခု ေနျခည္ အသက္အ႐ြယ္တစ္ခု ေရာက္လာတဲ့အခါက်ေတာ့ မိဘကို ပူဆာတာထပ္ ကိုယ့္ဘာသာရွာတဲ့ပိုက္ဆံနဲ႕ ဝယ္ထားတဲ့ကားတစ္စီးေလာက္ လိုခ်င္လာၿပီ။ေဖေဖနဲ႕ ေမေမကိုလည္း ဒါ သမီးပိုက္ဆံနဲ႕ ဝယ္ထားတာဆိုၿပီး ႂကြားခ်င္တာလည္းပါတာေပါ့ေလ

အဲ့တာေၾကာင့္ ေနျခည္ 3 ႏွစ္ေက်ာ္ 4 ႏွစ္နီးပါး အလုပ္ အလုပ္ အလုပ္ ဆိုၿပီး ေတာက္ေလွ်ာက္လုပ္ၿပီး ရွာထားတဲ့ပိုက္ဆံနဲ႕ ကားတစ္စီးေလာက္ေတာ့ ဝယ္ေတာ့မယ္ကြာလို႔ ေနျခည္ ဆုံးျဖတ္လိုက္တယ္။” ဆိုၿပီး သူမရဲ႕ Vlog ေလးကို အခုလိုပဲ ခ်ျပလာပါတယ္။

ေနျခည္ဦးကေတာ့ သူမအလုပ္စလုပ္ခဲ့တဲ့အခ်ိန္ကတည္းက ဒီေန႕ဒီအခ်ိန္ထိ (၄) ႏွစ္နီးပါးရွာေဖြလာတဲ့ ေငြေၾကးေတြနဲ႕ သိန္း (၂၈၉၀) တန္ Range Rover ကားအသစ္ႀကီးကို ဝယ္ယူခဲ့ၿပီပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ငယ္ငယ္ေလးနဲ႕ ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္ၿပီး ဒီလိုမ်ိဳး အဖိုးတန္ကားသစ္ႀကီးကို ဝယ္နိုင္ခဲ့တာ အားက်စရာပါပဲေနာ္။
ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႕ေလးတစ္ေန႕ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။
Source: beautybynaychi’s fb
Credit: Cele Connections