ဘဝမှာ အရွံဆုံးမိန်းမ တစ်ယောက်ရဲ့ အကြောင်းကို ပြောပြလာတဲ့ ဘေဘီမောင်

Unicode

ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသမီးချောလေး ဘေဘီမောင်ကတော့ အောင်မြင်တဲ့ မော်ဒယ်လ်မင်းသမီးချောလေးတစ်ယောက်ဖြစ်ပြီး ပရိသတ်တိုင်းအားကျတဲ့ အချစ်ရေးလေးကို ပိုင်ဆိုင်ထားတဲ့အနုပညာရှင်တစ်ယောက်ပါ ။ ဘေဘီကတော့ သူမရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေနဲ့ ခံစားချက်စာသားအချို့ကို ပရိသတ်တွေကို အမြဲလိုလို မျှဝေပေးလေ့ရှိတဲ့သူပါ ။

လတ်တလောမှာတော့ ဘေဘီက သူမဘဝမှာအရွံဆုံးမိန်းမတစ်ယောက်ရှိကြောင်း ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ် ဘဝမှာ မိတ်ဆွေကောင်းလို့ထင်ပတ်သတ်ခဲ့ပေမယ့်ကြောက်စရာကောင်းပြီး အောက်တန်းကျတဲ့ ရွံစရာမတစ်ယောက်နဲ့ကြုံဖူးခဲ့ပြီ ဘဝမှာ

မိန်းကလေးတိုင်းကိုချစ်တတ်ပေမယ့် အဲ့ဒီမိန်းမကိုတော့ ရွံမုန်းပါရှင့် ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ခံစားချက်အချို့ကို လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်

ပရိသတ်တွေကတော့ ဘေဘီနားမှာ သူမကိုချစ်တဲ့ ပရိသတ်တွေအများကြီးမို့ စိတ်ညစ်စရာတွေ ခေါင်းထဲမထည့်ဘဲ လုပ်စရာရှိတဲ့ အလုပ်တွေကိုပဲ ဆက်လုပ်ဖို့အတွက် အကြံပေးမှတ်ချက်လေးတွေ ရေးသားခဲ့ကြပါတယ် ။ ဘေဘီ ပရိသတ်တွေကတော့ ဘာပဲဖြစ်ဖြစ် ဘေဘီဘက်ကပါတဲ့ ပရိသတ်ကြီးရေ
Source : Babay Maung

Zawgyi





Source : Babay Maung