ASEAN Class III အဆင့် ရောက်ရှိရန် ရန်ကုန်-ပုသိမ်လမ်းပိုင်းကိုအဆင့်မြှင့်တင်မည်

Unicode

ရန်ကုန်-ပုသိမ်လမ်းပိုင်းကို ASEAN Class III အဆင့် ရောက်ရှိရန် ၅.၅ မီတာ (သို့) ၆ မီတာအကျယ် ကတ္တရာလမ်း/ကွန်ကရစ်လမ်းအဖြစ်သန်းနှင့်ချီ အကုန်ကျခံကာ အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း myanmar project bank မှသိရသည်။

၂၀၁၉-၂၀တွင်စတင်၍ ၂၀၃၀-၃၁တွင်ပြီးစီးမည့် ရန်ကုန်-ပုသိမ်လမ်းအဆင့်မြှင့်တင်ခြင်းစီမံကိန်းတွင် စုစုပေါင်းကုန်ကျငွေ အမေရိကန်ဒေါ်လာ ၁၂၀.၀၀မီလီယံထိ ကုန်ကျခံကာ ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊

လမ်းညွှန်ဆိုင်းဘုတ် Guard Post/Reflection Arrow စိုက်ခြင်း၊ Road Line Paing ရေးဆွဲခြင်း၊ အကာအကွယ်တိုင်၊ ရောင်ပြန်မြှားများစိုက်ထူခြင်း၊ ဆေးလိုင်းများရေးဆွဲခြင်းတို့ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

အဆင့်မြှင့်တင်မည့်နေရာများမှာ ကန်ကြီးထောင့်, ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်း, ဧရာဝတီတိုင်းဒေသကြီး၊မအူပင်, ဧရာဝတီတိုင်းဒေသကြီး၊ပန်းတနော်, ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်း, ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်,ဧရာဝတီတိုင်းဒေသကြီး၊ထန်းတပင်, ရန်ကုန်တိုင်းဒေသကြီး ဆက်စပ်လမ်းပိုင်းများဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းMSDP နှင့် ကိုက်ညီမှု မဏ္ဍိုင်၃ရပ်တွင် ပန်းတိုင် ၅ နိုင်ငံ၏အနာဂါတ်မျိုးဆက်များအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်တို့အပေါ် အကျိုးရလဒ်သက်ရောက်မည်ဖြစ်သည်။
D-Wave

Zawgyi





D-Wave