မွေးခါစ ကလေးငယ်လေးကို လာပစ်ထားလို့ ကြွက်တွေကိုက်ထားပြီး အပြင်းအထန်ငိုယိုနေလို့ ဆေးရုံပို့ပေးလိုက်တဲ့ ပရဟိတ မေတ္တာရှင်မလေးခိုင်နှင်းဝေ

ခိုင်နှင်းဝေဆိုတဲ့ ပရဟိတမေတ္တာရှင်မလေးဆိုတာ ခိုင်မိသားစု ဂေဟာလေးဖွင့်ပြီး ပရဟိတအလုပ်တွေကို စိတ်ရောကိုယ်ပါ အင်တိုက်အားတိုက်လုပ်ဆောင်နေသူလေးပါ။

ပုံစံမျိုးစုံနဲ့ ဘဝမှာ ခိုကိုးရာမဲ့အရိပ်မဲ့ လူသားကလေးငယ်လေးတွေကို မိမိ သွေးသားရင်းပမာ ရင်ထဲကလာတဲ့ အေးမြတဲ့မေတ္တာနဲ့အရိပ်ပေးပြီး ပြုစုစောင့်ရှောက်နေသူ ကရုနာရှင်မလေးတစ်ယောက်ပေါ့။

အရိပ်အောက်ရောက်လာတဲ့ ကလေးငယ်လေးတွေမှန်သမျှကျန်းမာရေးပါမကျန်စိုးရိမ်စိတ်ကလေးတွေနဲ့ ဂရုတစိုက်စောင့်ရှောက်ပေးနေသူလေး ဆိုတာ ပရိသတ်ကြီးသိပါတယ်။လောလောဆယ်မှာတော့ စိတ်မချမ်းသာစရာ အဆိုးထဲက အကောင်းဖြစ်စေတဲ့ သတင်းလေးတစ်ခုကိုသိလိုက်ရပါတယ်။

မွေးခါစကလေးငယ်လေးတစ်ယောက်ကို ပစ်သွားခဲ့လေတော့ ကလေးငယ်လေးမှာ ကြွက်တွေကကိုက်၊ ပိုးကောင်တွေတက်နဲ့အတော်လေး ဒုက္ခခံစားနေရတာကိုတွေ့လိုက်ရတာပါပဲ။

ကလေးငယ်လေးမှာ ပိုးတွေကတက်၊ ကြွက်တွေကိုက်ထားလို့ လက်မတစ်ချောင်းနဲ့ လက်ညှိုးလေးတစ်ချောင်းပြတ်ပြီး နှာခေါင်းလေးမှာလည်း ပဲ့ပါသွားတယ်လို့သိရပါတယ် ဘယ်လောက်တောင်ခံစားနေရမလဲ ကလေးရယ် ကလေးငယ်လေးက ယောက်ျားလေးဖြစ်ပါသတဲ့ဗျာ

ခုအချိန်မှာတော့ ကလေးကို အင်းစိန်ဆေးရုံပို့ထားပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုတွေဆက်လက်ပြုလုပ်နေပါတယ်။ ကံဆိုးတဲ့ ကလေးငယ်လေး ကံဆိုးရာကကံကောင်းမှုတွေ အမြန်ဆုံးပြန်လည်ရောက်လာပါစေလို့ မခိုင်နှင်းဝေနဲ့အတူ ဆုတောင်းပေးလိုက်ပါတယ်။ ကရုဏာရှင်မလေး ခိုင်နှင်းဝေ ရဲ့ မေတ္တာကြောင့်ကလေးငယ်လေး မြန်မြန် သက်သာပျောက်ကင်းပြီး ကျန်းမာလာနိုင်မယ်လို့ မျှော်လင့်မိပါကြောင်း
Credit; Cele Gabar

Zawgyi






Credit; Cele Gabar