“ နဂါးရုံ ဘုရားတည်ချင်ရင် ကျွန်တော့်ကို ဆက်သွယ်ပါ အခမဲ့ ကူညီပါမည်ဆိုတဲ့ လေးစားစရာ လူငယ်လေး ”

Unicode

လူတိုင်းဟာ မိမိဝမ်းရေးအတွက် မိမိအတတ်ပညာကို အခကြေးငွေနဲ့ ရောင်းချနေတဲ့ အချိန်မှာဖြင့် လူငယ်လေး တစ်ယောက်ကတော့ ထူးထူးဆန်းဆန်း သူတတ်တဲ့ ပညာနဲ့ အခမဲ့ကူညီနေခဲ့ပါတယ်။

အဲ့လူငယ်လေးကတော့ နဂါးရုံ ဘုရားတွေ တည်တဲ့ အခါမှာ လက်ရာ အကောင်းဆုံး လုပ်ပေးတတ်သူ ဖြစ်ပြီးတော့ လုပ်အားခ ပညာကြေးကိုလည်း လုံးဝ မယူပါဘူးတဲ့ ။ ဒီအကြောင်းလေးကို ပြန်လည် မျှဝေပေးပါရစေ။လေးစားလွန်းလို့ပါ ကိုငယ်ဆိုတဲ့လူဟာ နဂါးရုံဘုရား လက်ခံ တည်တိုင်း ဗုဒ္ဓရုပ်ပွားတော်အား လက်ခ မယူပဲလှူခဲ့တာ ၅ နှစ်ပြည့်ခဲ့ပါပြီ။ ဘယ်အရာမဆို အတက်နိုင်ဆုံး ကိုယ့်မှာ ရှိတဲ့ ပညာလေး နဲ့ ကြိုးစား အားစိုက်ထားပါတယ်

ပြီးတော့ ကိုငယ် ကိုယ်တိုင်က လည်း ခုလို ပြောထားပါတယ်။“ကျွန်တော် ကိုငယ်မှ နဂါးရုံဘုရား လက်ခံတည် တိုင်း ဗုဒ္ဓရုပ်ပွားတော်အား လက်ခမယူပဲလှူခဲ့တာ ၅ နှစ် ပြည့် ရှိခဲ့ပါပြီ။

ဘယ်အရာမဆို အတတ်နိုင်ဆုံး စေတနာ ထားပြီး ကိုယ့်မှာရှိတဲ့ ပညာလေးနဲ့ ကြိုးစား အားစိုက်ထားပါတယ်

မိမိ တတ်ထားတဲ့ ပညာရပ် နဲ့ ခုလို အခကြေးငွေ မယူဘဲ ကုသိုလ် ယူနေ တဲ့ ကိုငယ် အတွက် ဂုဏ်ပြု စကားလေး ချီးမြှင့်ခဲ့ကြပါအုံးနော်။

Zawgyi




