အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ မြိတ်အကျဉ်းထောင်အုတ်ရိုးများ နောက်ကွယ်က အကျဉ်းသူများရဲ့ အလှမယ်ရွေးပွဲ
Unicode
မြိတ်မြို့ အကျဉ်းထောင် အုတ်ရိုးများ နောက်ကွယ်က အကျဉ်းသူများရဲ့ အလှမယ်ရွေးပွဲ ဇန်နဝါရီ ၄ ရက်နေ့က ကျရောက်တဲ့ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မြိတ်မြို့ အကျဉ်းထောင်ထဲက အမျိုးသမီးအကျဉ်းထောင်မှာ အကျဉ်းသူတွေရဲ့ အလှမယ်ရွေးပွဲ ပြုလုပ်ခဲ့တယ်လို့
သိရပါတယ်။မြိတ်အကျဉ်းထောင် တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှုး ဦးစောမိုးရွှေ နှင့် တာဝန်ရှိသူ များ၏ ခွင့်ပြုချက်ဖြင့် အဆိုပါ ပြိုင်ပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယ ဆုရသူများ အား ဆုချီးမြှင့်ပေးခဲ့ကြောင်းလည်း သိရသည်။
ပျော်ရွင်ခြင်း၊ လွတ်လပ်ခြင်း တို့၏ အရသာကို ခံစားစေလိုသော ရည်ရွယ်ချက်ဖြင့် အဆိုပါ အုတ်ရိုး များနောက်ကွယ်က အကျဉ်းသူများ၏ အလှမယ်ရွေးပွဲကို ကျင်းပခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။အကျဉ်းသူများ၏ အလှမယ်ရွေးပွဲ မြိတ်မြို့အကျဉ်းထောင် မြိတ်မြို့ အကျဉ်းဦးစီးဌာန
၄-၁-၂၀၂၁ လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြိတ်အကျဉ်းထောင် အမျိုးသမီးထောင်ကျဆောင်မှ လွတ်လပ်ရေးမယ်ရွေးပွဲ အကျဉ်းဦးစီး ရဲ့ ပြုပြင်ပြောင်းလဲရေး မှတ်တိုင်အသစ်တခုပါ။
ထောင်ကျနေပေမယ့် စိတ်ဓာတ်မသေအောင် Depression မဝင်အောင် ဘဝအသစ် စနိုင် မျှော်လင့်နိုင်အောင် ပြုလုပ်ပေးခဲ့တဲ့ ပွဲလေး ဘယ်နေရာရောက်ရောက် ဘယ်ဘဝရောက်ရောက် ဘယ်အခြေအနေရောက်ရောက် စိတ်ဓာတ်မကျဖို့ အဓိကပါပဲ။ (ခိုင်မြဲကျော်ကျော်)
Zawgyi
၎-၁-၂၀၂၁ လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြိတ်အကျဉ်းထောင် အမျိုးသမီးထောင်ကျဆောင်မှ လွတ်လပ်ရေးမယ်ရွေးပွဲ အကျဉ်းဦးစီး ရဲ့ ပြုပြင်ပြောင်းလဲရေး မှတ်တိုင်အသစ်တခုပါ