KBZ ဘဏ် အကောင့်ထဲ မှားဝင် တဲ့ ပိုက်ဆံ ၁၃၆ သိန်းကို ပြန်ထုတ်ပြီး ပိုင်ရှင်ထံကိုပေးအပ်ခဲ့သူ

Unicode

KBZ ဘဏ်အကောင့်ထဲမှားဝင်တဲ့ ပိုက်ဆံ ၁၃၆ သိန်း ၃ သောင်းကို ပြန်ထုတ်ပြီး ပိုင်ရှင်ထံပေးအပ်ခဲ့သူ ရွှေ ငွေနဲ့ ဂုဏ်ဒြပ်တို့ မရှိလည်း နေနိုင်ပါတယ် တစ်သက်လုံး အလိုအပ်ဆုံးက ဘဝမှာ အရိုးသားဆုံးနေဖို့ ကျနော့် KBZ Bank Account ထဲမှားဝင်တဲ့ ပိုက်ဆံ၁၃၆ သိန်း ၃သောင်း ကို ပိုင်ရှင်ဖြစ်တဲ့ ဟုမ္မလင်းက အမကြီးကို ပြန်လည်ထုတ်ယူပြီး ပေးအပ်ခဲ့ပါတယ် တော်သေးတယ်ရှင့်

မောင်လေးလိုလူမျိုးနဲ့တွေ့လို့ ပြန်ရတာတဲ့ကျေးဇူးတင်ပါတယ် ဘယ်လိုမှ မအောင်းမေ့ပါနဲ့ ဆိုပြီး ပိုက်ဆံ ၁၀ သိန်း ထုတ်ပေးပေမယ့် တစ်ပြားမှ မယူပါရစေနဲ့ရိုးသားတဲ့ဂုဏ် တစ်သက်စား မကုန်ပါဘူး အစ်မရယ် ဆိုတော့ အားနာပါတယ် ကျမအဲ့သဘောမဟုတ်ပါဘူး။

ကျေးဇူးဆပ်တာပါတဲ့ ကျနော့်ကိုပေးမယ့် ပိုက်ဆံ လိုအပ်တဲ့နေရာမှာ လှူပေးပါလို့ ပြုံးပြုံးလေးနဲ့ ပြောပြီး ပြန်ခဲ့လိုက်ပါတယ် ” ဟုလည်း ကာယကံရှင်ဖြစ်သူရဲ့ လူမှုကွန်ယက် ဖြစ်တဲ့ Zaw Htoo Aung အကောင့်ပေါ်တွင်တင်ထားသည်ကို တွေ့ရပါသည်။ ကာယကံရှင်၏ လူမှုကွန်ယက်

Zawgyi


