ပြင်ဦးလွင်မှ အကွက်ရိုက်မြေကွက်များ သစ်တောမှ သိမ်းပြီ
Unicode
သစ်တောကြိုးဝိုင်း မကျူးကျော်ရ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မေမြို့ထင်းကြိုးဝိုင်းအတွင်း ခွင့်ပြုချက်တစ်စုံ တစ်ရာမရှိဘဲ ကျူးကျော်ဝင်ရောက်၍ ကျောက်တိုင်စိုက်/သွပ်ဆူးကြိုးကာရံခြင်း၊ အုတ်တံတိုင်း ခတ်ကာရံ၍ အဆောက်အဦ
အခိုင်အမာဆောက်လုပ်ထားခြင်းများ တွေ့ရှိရပြီး ကျူးကျော် လုပ်ကိုင်ဆောင်ရွက်နေသူများအားဖော်ထုတ်၍ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ပြင်ဦးလွင်ရှိ ဥပဒေနဲ့ မညီသောတရားမဝင် အကွက်ရိုက် ခြံများကို ၆.၁.၂၀၂၁က စပြီး ဌာနဆိုင်ရာအသီးသီးမှ စတင် သိမ်းဆည်းပြီးအရေးယူပါပြီ
နေပြည်တော်ရဲ့ အထူးညွှန်ကြားချက်နဲ့အတူ လယ်မြေများ ယာမြေများဥယျာဉ်ခြံမြေများ စတဲ့ တရားမဝင်အကွက်ရိုက်ထားတာတွေ မှန်သမျှစတင် သိမ်းဆည်းပါမည်ယနေ့ ၆.၁.၂၀၂၁က စတင်ပြီးပထမအဆင့်အနေနဲ့ ပြင်ဦးလွင်ရှိသစ်တောနဲ့ ညိစွန်းသည့် ခြံမြေများအား စတင်သိမ်းဆည်းနေပါပြီ
ဒုတိယအဆင့်အနေနဲ့ လူနေထိုင်ခွင့်မရှိသေးဘဲ လူနေထိုင်ခွင့်မကျသေးလျောက်ထားဆဲမြေများ အားလုံးကို ဥပဒေနဲ့ အညီ အရေးယူပါမည် သို့ဖြစ်ပါသောကြောင့် ဝယ်မှားခြင်းရောင်းမှားခြင်းများ မဖြစ်ရအောင် အထူးဂရုစိုက်ကြပါ။ခရက်ဒစ်
Zawgyi