လည်ပင်းကြီးရောဂါအတွက်အလွန်အစွမ်းထက်တဲ့ ကျားမနိုင်မြစ်

Unicode

တဖြည်းဖြည်းကြီးလာတာ ၅နှစ်ရှိပြီဟုပြောပါသည်။မန္တလေးမြို့စိန်ပန်းရပ်မှဖြစ်ပါသည်။သူ့လည်ပင်းမှအဖုကိုပြပါသည် အင်္ဂလိပ်ဆေးလည်းနေ့စဉ်စားနေပါသည်။ လက်လုပ်လက်စားဖြစ်၍.စစ်ကိုင်းသီတဂူဆေးရုံသို့သွားပြသည် ပေးသည့်ဆေးကိုနေ့စဉ်တစ်ကြိမ်စားရသည်ဟုဆိုသည်။ဆေးကလည်းဈေးမကြီးပါ။စားခဲ့တာတစ်နှစ်ကျော်သိပ်လည်းမထူးခြားအနည်းငယ်ပိုကြီးလာသည်ထင်သည်ဟုဆိုသည်။အဘယ့်ကြောင့်တိုင်းရင်းဆေးခန်းလာပြရသလဲ.မေးကြည့်သောအခါ ဆရာ့ဆေးခန်းကဆေးနဲ့ပျောက်သွားတဲ့အဒေါ်ကြီးတစ်ယောက်နဲ့တွေ့ခဲ့လို့ဟုပြောသည်။ ဆရာကလည်ပင်းကြီးမကုဖူးပါဟုပြောသည်။

ပျောက်သူအဒေါ်ကြီးကကိုယ်တိုင်ပြောသည်။ဆရာပေးတဲ့ဆးမြစ်နဲ့ပျောက်သည်ဟုပြောပါတယ်…။စစ်ကိုင်းနယ်ဖက်မှဖြစ်သည်။ဒူးနာ၍မန္တလေးဘုန်းကြီးကျောင်းတစ်ကျောင်းတွင်တည်းကုရန်အမျိုးဘုန်းကြီးကခေါ်ကုပေးခြင်းဖြစ်သည်။ဆရာ့ထံတွင်ကုသရင်းရောဂါမှာဒူးနာဖြစ်သော်လည်း တောရွာများတွင်ဖြစ်လေ့ရှိပြီးကုသလေ့မရှိကြသောလည်ပင်းကြီးဖြစ်နေသည်ကိုဆရာကတွေ့သဖြင့်.ပျောက်လိုပျောက်ငြားလိမ်းကြည့်ပါဟုဆေးမြစ်ကလေးပေးလိုက်ပါသည်။ကျားမနိုင်ဆေးမြစ်ဟုခေါ်ပါသည်။လည်ပင်းတွင်လိမ်းရာသက်သာပြီးအသက်ရှူကောင်းလာသဖြင့်ရေရှည်နေ့စဉ်လိမ်းပါသည်။ ရွှေစာရံဘုရားပွဲတွင်ဆရာပေးလိုက်သည့်ဆေးမြစ်မျိုးရောင်းသည်ကိုတွေ့သဖြင့်များများဝယ်ထားပြီးဆက်လိမ်းပါသည်။

အကုန်အစင်ပျောက်သွားပြီဟုမဆိုနိုင်သော်လည်း.သူ့လည်ပင်းမှာကြည့်ပျော်ရှုပျော်အနေအထားသို့ရောက်လာကြောင်းပြောပြ၍လာပြသည်ဟုပြောပါသည်။ထိုအဒေါ်ကြီးညွှန်၍ဆေးခန်းလာပြသည်ဟုပြောပါသည်။အိုင်အိုဒင်းဓာတ်ချို့တဲ့၍ဖြစ်သည်ဟုဆိုသောလည်ပင်းကြီးရောဂါမှာ.ပင်လယ်နှင့်ဝေးသောအရပ်ဒေသများတွင်အဖြစ်များပါသည်။ကျားမနိုင်သည်နွယ်ပင်ကြီးဖြစ်ပါသည်။

ထက်ပိုင်းဖြတ်လိုက်သောအခါထိပ်တွင်.ကျားခြေရာကဲ့သို့ပုံပါသဖြင့်ကျားမနိုင်ဆေးနွယ်မြစ်ဟုခေါ်ခြင်းဖြစ်သည်။ရွှေစာရံဘုရားပွဲတွင်တောထွက်တောင်ထွက်ဆေးပင်ဆေးမြစ်ရောင်းချသူများက.ရိုးရာဆေးအသုံးအဖြစ် မျက်စိနာလျှင်သွေးကွင်းနိုင်သည်။ဝက်ခြံဖုများပျောက်သည်။အပူဖု အကျိတ်များကြေသည်။အအေးဆေးမြစ်ဖြစ်သည်..အပူမလောင်ပါ။အရောင်ကျစေသည်.သက်တံ့နာကိုပင်နိုင်သည်။အပြင်ထွက်သည့်လိပ်ခေါင်းကိုပင်သွေးလိမ်းလျှင်ပျောက်သည်ဟုပြောရောင်းကြသည်ကိုတွေ့ရပါသည်။အနောက်တိုင်းဆေးနှင့်ပင်တစ်သက်လုံးဆေးစားရမည့် အိုင်အိုဒင်းချို့တဲ့လည်ပင်းကြီးရောဂါအတွက်.

တန်ဘိုးမကြီးသောရိုးရာဆေးနည်းတိုဖြင့်.မပျောက်သည့်တိုင်.သက်သာပြီးကြည့်ပျော်ရှုပျော်ဖြစ်သွားသည်ဆိုလျှင်တင်ပြရသည့်အတွက်..ကုသိုလ်ရမည်ထင်ပါသည်။ဖြည့်စွက်.လည်ပင်းနာအသံဝင်ခြင်း။ချောင်းဆိုး၍လေပြွန်ရောင်ခြင်းများအတွက်လည်းလိမ်းနိုင်ပါသည်။

Zawgyi

တျဖည္းျဖည္း ႀကီးလာတာ..၅ႏွစ္ရွိၿပီဟုေျပာပါသည္။မႏၲေလးၿမိဳ႕စိန္ပန္းရပ္မွျဖစ္ပါသည္။သူ႕လည္ပင္းမွအဖုကိုျပပါသည္ အဂၤလိပ္ေဆးလည္းေန႕စဥ္စားေနပါသည္။လက္လုပ္လက္စားျဖစ္၍.စစ္ကိုင္းသီတဂူေဆး႐ုံသို႔သြားျပသည္ ေပးသည့္ေဆးကိုေန႕စဥ္တစ္ႀကိမ္စားရသည္ဟုဆိုသည္။ေဆးကလည္းေဈးမႀကီးပါ။စားခဲ့တာတစ္ႏွစ္ေက်ာ္သိပ္လည္းမထူးျခားအနည္းငယ္ပိုႀကီးလာသည္ထင္သည္ဟုဆိုသည္။အဘယ့္ေၾကာင့္တိုင္းရင္းေဆးခန္းလာျပရသလဲ.ေမးၾကည့္ေသာအခါ ဆရာ့ေဆးခန္းကေဆးနဲ႕ေပ်ာက္သြားတဲ့အေဒၚႀကီးတစ္ေယာက္နဲ႕ေတြ႕ခဲ့လို႔ဟုေျပာသည္။ ဆရာကလည္ပင္းႀကီးမကုဖူးပါဟုေျပာသည္။

ေပ်ာက္သူအေဒၚႀကီးကကိုယ္တိုင္ေျပာသည္။ဆရာေပးတဲ့ဆးျမစ္နဲ႕ေပ်ာက္သည္ဟုေျပာပါတယ္…။စစ္ကိုင္းနယ္ဖက္မွျဖစ္သည္။ဒူးနာ၍မႏၲေလးဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းတြင္တည္းကုရန္အမ်ိဳးဘုန္းႀကီးကေခၚကုေပးျခင္းျဖစ္သည္။ဆရာ့ထံတြင္ကုသရင္းေရာဂါမွာဒူးနာျဖစ္ေသာ္လည္း ေတာ႐ြာမ်ားတြင္ျဖစ္ေလ့ရွိၿပီးကုသေလ့မရွိကျေသာလည္ပင္းႀကီးျဖစ္ေနသည္ကိုဆရာကေတြ႕သျဖင့္.ေပ်ာက္လိုေပ်ာက္ျငားလိမ္းၾကည့္ပါဟုေဆးျမစ္ကေလးေပးလိုက္ပါသည္။က်ားမနိုင္ေဆးျမစ္ဟုေခၚပါသည္။လည္ပင္းတြင္လိမ္းရာသက္သာၿပီးအသက္ရႉေကာင္းလာသျဖင့္ေရရွည္ေန႕စဥ္လိမ္းပါသည္။ ေ႐ႊစာရံဘုရားပြဲတြင္ဆရာေပးလိုက္သည့္ေဆးျမစ္မ်ိဳးေရာင္းသည္ကိုေတြ႕သျဖင့္မ်ားမ်ားဝယ္ထားၿပီးဆက္လိမ္းပါသည္။

အကုန္အစင္ေပ်ာက္သြားၿပီဟုမဆိုနိုင္ေသာ္လည္း.သူ႕လည္ပင္းမွာၾကည့္ေပ်ာ္ရႈေပ်ာ္အေနအထားသို႔ေရာက္လာေၾကာင္းေျပာျပ၍လာျပသည္ဟုေျပာပါသည္။ထိုအေဒၚႀကီးၫႊန္၍ေဆးခန္းလာျပသည္ဟုေျပာပါသည္။အိုင္အိုဒင္းဓာတ္ခ်ိဳ႕တဲ့၍ျဖစ္သည္ဟုဆိုေသာလည္ပင္းႀကီးေရာဂါမွာ..ပင္လယ္ႏွင့္ေဝးေသာအရပ္ေဒသမ်ားတြင္အျဖစ္မ်ားပါသည္။က်ားမနိုင္သည္ႏြယ္ပင္ႀကီးျဖစ္ပါသည္။

ထက္ပိုင္းျဖတ္လိုက္ေသာအခါထိပ္တြင္.က်ားေျခရာကဲ့သို႔ပုံပါသျဖင့္က်ားမနိုင္ေဆးႏြယ္ျမစ္ဟုေခၚျခင္းျဖစ္သည္။ေ႐ႊစာရံဘုရားပြဲတြင္ေတာထြက္ေတာင္ထြက္ေဆးပင္ေဆးျမစ္ေရာင္းခ်သဴမ်ားက.ရိုးရာေဆးအသုံးအျဖစ္ မ်က္စိနာလွ်င္ေသြးကြင္းနိုင္သည္။ဝက္ၿခံဖုမ်ားေပ်ာက္သည္။အပူဖု အက်ိတ္မ်ားေၾကသည္။အေအးေဆးျမစ္ျဖစ္သည္..အပူမေလာင္ပါ။အေရာင္က်ေစသည္.သက္တံ့နာကိုပင္နိုင္သည္။အျပင္ထြက္သည့္လိပ္ေခါင္းကိုပင္ေသြးလိမ္းလွ်င္ေပ်ာက္သည္ဟုေျပာေရာင္းၾကသည္ကိုေတြ႕ရပါသည္။အေနာက္တိုင္းေဆးႏွင့္ပင္တစ္သက္လုံးေဆးစားရမည့္

အိုင္အိုဒင္းခ်ိဳ႕တဲ့လည္ပင္းႀကီးေရာဂါအတြက္.တန္ဘိုးမႀကီးေသာရိုးရာေဆးနည္းတိုျဖင့္.မေပ်ာက္သည့္တိုင္.သက္သာၿပီးၾကည့္ေပ်ာ္ရႈေပ်ာ္ျဖစ္သြားသည္ဆိုလွ်င္တင္ျပရသည့္အတြက္..ကုသိုလ္ရမည္ထင္ပါသည္။ျဖည့္စြက္.လည္ပင္းနာအသံဝင္ျခင္း။ေခ်ာင္းဆိုး၍ေလႁပြန္ေရာင္ျခင္းမ်ားအတြက္လည္းလိမ္းနိုင္ပါသည္။