သင်မသိသေးတဲ့ ထောပတ်သီးစေ့ရဲ့ အာနိသင်

Unicode

ထောပတ်သီးဟာ အရသာရှိပြီး အာဟာရပြည့်ဝသလို ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ဒါပေမယ့် အသားကိုစားပြီးရင် စွန့်ပစ်လေ့ရှိကြတဲ့ထောပတ်သီးအစေ့ကလည်း အသုံးဝင်တဲ့နေရာတွေ အများကြီးရှိတယ်ဆိုတာသင်သိပါသလား။

ထောပတ်သီးအစေ့မှာဆေးဖက်ဝင်အာနိသင်တွေပါရှိတာကြောင့် အသားအရေအတွက်ရော၊ အရိုးအဆစ်နဲ့ ကြွက်သားတွေအတွက်ပါ အသုံးဝင်တဲ့နည်းလမ်းတွေရှိပါတယ်။ထောပတ်သီးအစေ့ကို ဘယ်လိုစွယ်စုံသုံးမလဲဆိုတာဒီမှာ ဆက်ကြည့်ပါဦး။

ခေါင်းလျှော်ရည်
ထောပတ်သီးခေါင်းလျှော်ရည်ကို ကိုယ်တိုင်ဖန်တီးလို့ရပါတယ်။ ထောပတ်စေ့သုံးစေ့ကို အခြောက်လှမ်းပြီးခြစ်ထားပါ။ရေ ၆ ခွက်နဲ့ရောမွှေပြီး ကိုယ်သုံးမယ့်ခေါင်းလျှော်ရည်အနည်းငယ်ထည့်ပါ။ရလာတဲ့ ရှန်ပူပျစ်ပျစ်နဲ့ခေါင်းလျှော်ပေးရင် ပေါင်းတင်ထားသလို ဆံသားနူးညံ့စေပါတယ်။

သွားကိုက်ခြင်း
သွားကိုက်နေတယ်ဆိုရင်ထောပတ်သီးအစေ့ကို အနည်းငယ်လှီးဖြတ်ပြီး ကိုက်နေတဲ့သွားတဝိုက်ကို ပွတ်လိမ်းပေးပါ ။ထောပတ်သီးအစေ့ အတုံးသုံးတုံးလောက်ကိုရေနွေးဆူဆူနဲ့နှပ်ထားတဲ့ရေနဲ့ ပလုတ်ကျင်းပေးရင်လည်း သက်သာစေနိုင်ပါတယ်။

အကိုက်အခဲပျောက်ဆေး
ထောပတ်သီးအစေ့ကို ကြိတ်ပြီး အရက်နဲ့ရောပြီး တစ်ပတ်လောက်နှပ်ထားပါ။ အဆစ်အမြစ်နဲ့ ကြွက်သားနာကျင်ကိုက်ခဲတဲ့အခါမျိုးမှာ အဲဒီအရည်ကို ယူပြီး နှိပ်နယ်လိမ်းပေးရင် သက်သာစေပါတယ်။ခေါင်းတစ်ခြမ်းကိုက်ဝေဒနာအတွက်လည်း နားထင်နဲ့လည်ကုပ်ကို နှိပ်လိမ်းပေးပါ။

အသားအရေအတွက်ဆေးတစ်လက်
ထောပတ်သီးအစေ့က အရေပြားပေါ်က အမည်းစက်တွေကိုပျောက်ကင်းစေနိုင်စွမ်းလည်းရှိပါတယ်။ထောပတ်သီးစေ့ကိုအခြောက်လှမ်း၊ အမှုန့်ကြိတ်ပြီးရေနွေးနည်းနည်းနဲ့အနှစ်ဖြစ်အောင်မွှေပါ။သံလွင်ဆီအနည်းငယ်ထည့်ပြီး အသားအရေမှာလိမ်းပါ။ ၅ မိနစ် သို့မဟုတ် ၁၀ မိနစ်လောက်အထိ မခြောက်မချင်းထားပေးပါ။ပြီးမှရေချိုးချလိုက်တဲ့အခါ အသားအရေဝင်းလက်ပြီးချောမွေ့နေတာတွေ့ရပါမယ်။

Zawgyi

ေထာပတ္သီးဟာ အရသာရွိၿပီး အာဟာရျပည့္ဝသလို က်န္းမာေရးအတြက္ အက်ိဳးေက်းဇူးမ်ားတဲ့အသီးတစ္မ်ိဳးျဖစ္ပါတယ္။ဒါေပမယ့္ အသားကိုစားၿပီးရင္ စြန႔္ပစ္ေလ့ရွိၾကတဲ့ေထာပတ္သီးအေစ့ကလည္း အသုံးဝင္တဲ့ေနရာေတြ အမ်ားႀကီးရွိတယ္ဆိုတာ သင္သိပါသလား။

ေထာပတ္သီးအေစ့မွာေဆးဖက္ဝင္အာနိသင္ေတြပါရွိတာေၾကာင့္ အသားအေရအတြက္ေရာ၊ အရိုးအဆစ္နဲ႕ ႂကြက္သားေတြအတြက္ပါ အသုံးဝင္တဲ့နည္းလမ္းေတြရွိပါတယ္။ေထာပတ္သီးအေစ့ကို ဘယ္လိုစြယ္စုံသုံးမလဲဆိုတာဒီမွာ ဆက္ၾကည့္ပါဦး။

ေခါင္းေလွ်ာ္ရည္
ေထာပတ္သီးေခါင္းေလွ်ာ္ရည္ကို ကိုယ္တိုင္ဖန္တီးလို႔ရပါတယ္။ ေထာပတ္ေစ့သုံးေစ့ကို အေျခာက္လွမ္းၿပီးျခစ္ထားပါ။ေရ ၆ ခြက္နဲ႕ေရာေမႊၿပီး ကိုယ္သုံးမယ့္ေခါင္းေလွ်ာ္ရည္အနည္းငယ္ထည့္ပါ။ရလာတဲ့ ရွန္ပူပ်စ္ပ်စ္နဲ႕ေခါင္းေလွ်ာ္ေပးရင္ ေပါင္းတင္ထားသလို ဆံသားႏူးညံ့ေစပါတယ္။

သြားကိုက္ျခင္း
သြားကိုက္ေနတယ္ဆိုရင္ေထာပတ္သီးအေစ့ကို အနည္းငယ္လွီးျဖတ္ၿပီး ကိုက္ေနတဲ့သြားတဝိုက္ကို ပြတ္လိမ္းေပးပါ ။ေထာပတ္သီးအေစ့ အတုံးသုံးတုံးေလာက္ကိုေရေႏြးဆူဆူနဲ႕ႏွပ္ထားတဲ့ေရနဲ႕ ပလုတ္က်င္းေပးရင္လည္း သက္သာေစနိုင္ပါတယ္။

အကိုက္အခဲေပ်ာက္ေဆး
ေထာပတ္သီးအေစ့ကို ႀကိတ္ၿပီး အရက္နဲ႕ေရာၿပီး တစ္ပတ္ေလာက္ႏွပ္ထားပါ။ အဆစ္အျမစ္နဲ႕ ႂကြက္သားနာက်င္ကိုက္ခဲတဲ့အခါမ်ိဳးမွာ အဲဒီအရည္ကို ယူၿပီး ႏွိပ္နယ္လိမ္းေပးရင္ သက္သာေစပါတယ္။ ေခါင္းတစ္ျခမ္းကိုက္ေဝဒနာအတြက္လည္း နားထင္နဲ႕ လည္ကုပ္ကို ႏွိပ္လိမ္းေပးပါ။

အသားအေရအတြက္ေဆးတစ္လက္
ေထာပတ္သီးအေစ့က အေရျပားေပၚက အမည္းစက္ေတြကိုေပ်ာက္ကင္းေစနိုင္စြမ္းလည္းရွိပါတယ္။ေထာပတ္သီးေစ့ကိုအေျခာက္လွမ္း၊ အမႈန႔္ႀကိတ္ၿပီးေရေႏြးနည္းနည္းနဲ႕အႏွစ္ျဖစ္ေအာင္ေမႊပါ။သံလြင္ဆီအနည္းငယ္ထည့္ၿပီး အသားအေရမွာ လိမ္းပါ။ ၅ မိနစ္ သို႔မဟုတ္ ၁၀ မိနစ္ေလာက္အထိ မေျခာက္မခ်င္းထားေပးပါ။ၿပီးမွေရခ်ိဳးခ်လိဳက္တဲ့အခါ အသားအေရဝင္းလက္ၿပီးေခ်ာေမြ႕ေနတာေတြ႕ရပါမယ္။