ငွေအရေးတကြီး အသည်းအသန်လိုအပ်နေ သူများအတွက် အဘမင်းသိင်္ခ​ ပြောပြခဲ့သော အစီအရင်တခု

Unicode

ငွေဆိုတဲ့အရာကိုလူတိုင်းလိုအပ်နေကြတာမှန်ပါတယ် ဒါပေမဲ့ဒီအစီအရင်က အခက်အခဲတခုခုကြောင့်အရေးတကြီး အသည်းအသန်လိုအပ်နေတဲ့ လူတွအတွက်ရည်ရွယ်ပါတယ် လုပ်ရမဲ့အစီအရင်က-ပထမဦးဆုံးအစိမ်းရောင်

ဖယောင်းတိုင်(၂)တိုင် ကို နှင်းဆီရနံ့အမွှေးဆီ(သို့) ရေမွှေးသုတ်လိမ်းလိုက်ပါပြီးရင်(၂)ပေ ပတ်လည်ရှိတဲ့အစိမ်းရောင်စက္ကူကို(၄)စိပ် စိပ်လိုက်ပါထိုစာရွက်(၄) ပိုင်းပေါ်မှာ လိုနေတဲ့ငွေစာရင်းကို(၄)ရွက်လုံးမှာရေးပါ

ပြီးလျှင်ပထမဆုံးတရွက်ကိုအစိပ်စိပ်အမွှာမွှာစုတ်ဖြဲပြီးငွေတထောင်တန် တရွက်ကို စာအိပ်ပုံခေါက်၍ထိုစာရွက် အပိုင်းအစများကို ထည့်လိုက်ပါ ဒုတိယ တရွက်ကို မိမိ အုံးတဲ့ ခေါင်းအုံး စွပ်ထဲထည့်ထားလိုက်ပါ တတိယတရွက်ကိုမိမိအိမ်ရဲ့အဝင်ဝခြေသုတ်ခုံအောက် မှာထားလိုက်ပါ စတုတ္ထ တရွက် ကို အလုပ်စားပွဲ(သို့)စားပွဲတခုပေါ်တင်ထားလိုက်ပါ အားလုံးပြီးရင် ပထမဆုံး စုတ်ဖြဲပြီး ထည့်ထားတဲ့ တထောင်တန် စာအိပ်ကလေး အပေါ်မှာ မှန်ကလေးတချပ်တင်ပြီး

ထိုမှန်ပေါ်ဖယောင်းတိုင်အစိမ်းရောင်မီးထွန်လိုက်ပါ ပြီးလျှင် “Money money come to me,and send me on a spending spree.”ငွေတွေငွေတွေငါ့ဆီလာကြလေ ပြီးရင်စိတ်လွတ်လက်လွတ်သုံးလို့ရမဲ့နေရာပို့ပေးပါ” လို့မြန်မာလိုဖြစ်ဖြစ် အင်္ဂလိပ်လိုဖြစ်ဖြစ်ရွတ်ပြီးမကြာမကြာ ဆုတောင်းပေးပါ လမကုန်ခင်အဆင်ပြေလာပါလိမ့်မယ်အကူအညီရလို့ပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ကြံဖန်ပြီးဝင်လာပါလိမ့်မယ်

Zawgyi



