မမှီဝဲနဲ့ကင်းအောင်နေဇာတ်လမ်းတွဲထဲက ပရိတ်သတ်တွေ တခဲနက်ချီးကျူးနေကြတဲ့ သာထက်ဉာဏ်ဇော်ရဲ့ ဇာတ်ဝင်ခန်းတစ်ခု

Unicode

MRTV-4 ကနေပြသတဲ့ “9”ရုပ်ရှင်ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့ သာထက်ဉာဏ်ဇော် ကတော့ မိန်းကလေး ပရိသတ်တွေရဲ့ အသည်းစွဲမင်းသားလေးတစ်ယောက်ပါ ။ လတ်တလောမှာတော့ သာထက်ဉာဏ်ဇော်ပါဝင်ထားတဲ့ မမှီဝဲနဲ့ကင်းအောင်နေဆိုတဲ့ ဇာတ်လမ်းတွဲလေးကို ပရိသတ်တွေအကြိုက်တွေ့နေကြပါတယ်

ဒိုက်ဆိုတဲ့ ကာရိုက်တာနဲ့ ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ အတွက် ပရိသတ်တွေအရမ်းကိုအားပေးကြမ်းနေတဲ့ဇာတ်ကားလေးပါ ။ ဒီဇာတ်လမ်းတွဲရိုက်ကူးခဲ့စဉ်က ဇာတ်ဝင်ခန်းတစ်ခုကို့ရှုတင်တဖွဲ့သားလုံး မျက်ရည်ဝိုင်းပြီး လက်ခုပ်ထတီးကြတဲ့အထိ သရုပ်ဆောင်နိုင်ခဲ့ကြောင်း ပရိသတ်တွေကို ဝေမျှခဲ့ဖူးပါတယ် ။ လတ်တလောမှာတော့ ပရိသတ်တွေအရမ်းကိုအားပေးကြမ်းနေတဲ့ ဇာတ်ဝင်ခန်းလေး တစ်ခုအကြောင်းကို ပြောပြလာခဲ့ပါတယ်

ဦးဗေဒါအဖြစ်သရုပ်ဆောင်တဲ့ ထူးခန့်ကျော်ကို မေတ္တာသုတ်သင်ပေးတဲ့အခန်းမှာ ပြုံးပြီးကျတဲ့မျက်ရည်တွေနဲ့ သရုပ်ဆောင်ခဲ့တဲ့ အခန်းကို ပရိသတ်တွေက အတော်လေး သဘောကျနေကြပြီး ပီပြင်လွန်းလို့ လိုက်တောင်ငိုမိကြတယ်လို့ သိရပါတယ်။ပရိသတ်ကြီးရော ဒိုက်ရဲ့ သရုပ်ဆောင်ချက်တွေကို ကြိုက်ကြရဲ့လား မှတ်ချက်ပေးခဲ့ပါဦးနော်
Source : Thar Htet Nyan Zaw
Credit

Zawgyi



Credit