NLD အစိုးရလက်ထက် ကျပ်သန်းပေါင်း ၁၉၁၀ အကုန်အကျခံကာ တည်ဆောက်နေသည့် အင်းစိန် မီးရထားခုံးကျော်

Unicode

ကျပ်သန်းပေါင်း ၁၉၁၀ အကုန်အကျခံကာ မြန်မာ့မီးရထားမှ ကြီးကြပ်မှုဖြင့် A1 ဆောက်လုပ်ရေးမှ တည်ဆောက်နေသည့် အင်းစိန်မီးရထားခုံးကျော်(မင်းကြီးလမ်း ဘက်ခြမ်း) ခုံးကျော်တံတားသစ်အား ၂၀၂၁ ခုနှစ် ဇန်နဝါရီ၄ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှသိရသည်။

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် လက်ရှိအသုံးပြုလျက်ရှိသော ရထားလမ်းခုံးကျော်တံတားအမှတ် ၂ အင်းစိန်နှင့် ဆက်သွယ်ကာ ခုံးကျော်တံတားသစ် ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ပြီး ၂၀၂၁ခုနှစ် ဇန်နဝါရီ ၄ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်

အဆိုပါတံတားလက်တက်သည် ယခင်အင်းစိန်မီးရထားခုံးကျော်တံတားကြီးအား ဆက်သွယ်ကာ ခုံးကျော်တံတားအဖြစ် ဗဟိုလမ်းကိုဖြတ်သန်းပြီး မင်းကြီးလမ်းအတိုင်း ဆက်စပ်ဖွဲ့စည်းတည်ဆောက်ထားခြင်း ဖြစ်သည်။ ကျွန်တော်တို့ ဒီခုံးကျော်တံတား တည်ဆောက်ခြင်းလုပ်ငန်းတွေက အခုအခြေအနေမှာ အလုံးစုံပြီးနေပါပြီ။ ကျန်တဲ့တံတား ရဲ့ အချောသပ်လုပ်ငန်းနဲ့ ဆက်စပ်တဲ့အဆင်းလမ်းတွေက အခုလုပ်နေတယ်။ကတ္တရာလည်းလောင်း၊ ကွန်ကရစ်လည်း ခင်းပြီးပါပြီ။လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့မှာ ဒီတံတားကို ဖွင့်လှစ်သွားပါတယ်။

တံတားကြီး ပြီးစီးသွားရင်တော့ မော်တော်ယာဉ်တွေက အင်းစိန်စျေးကနေ မင်းကြီးလမ်းဘက်ခြမ်းမှာရှိတဲ့ ဆေးရုံတို့၊ အုပ်ချုပ်ရေးမှူးရုံး၊ အင်းစိန် (GTI) ကျောင်းတို့ကို တောက်လျှောက် တံတားလက်တက်ခုံးကျော်ကနေ သွားနိုင်တော့မှာပါ ဟုတံတားတည် ဆောက်ရေးစီမံကိန်းကို တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မြန်မာ့မီးရထားမှ အင်ဂျင်နီယာမှူး (မြို့ပြ/တံတားဘောင်အလုပ်ရုံ) ဖြစ်သူ ဦးမောင်ချိုက ပြောကြားသည်။

အင်းစိန် (မင်းကြီးလမ်း) ခုံးကျော်တံတားအရှည်မှာ ၄၄၁ ပေရှိပြီး ချဉ်းကပ်လမ်း အရှည်မှာ ၁၁၂ ပေ ၉ လက်မရှိပြီး တံတားအောက်ခံအုတ်မြစ်မှာ ဘိုးပိုင်အမျိုးအစား ဖြစ်ကြောင်း အပေါ်ထည်မှာ အာစီကွန်ကရစ်နှင့် အာစီကြမ်းခင်းအမျိုးအစားဖြစ်ကာ လမ်းသစ်လမ်းဘက်အခြမ်းတွင် တစ်ခန်းလျှင် အရှည် ၁၃၅ ပေစီရှိသော Steel Bos Girder နှစ်ခန်းနှင့် မင်းကြီးလမ်းဘက်ခြမ်းတွင် ၈၅ ပေစီရှိသော Oc.Girder နှစ်ခန်းကို ထည့်သွင်းတည်ဆောက်ထားကြောင်းသိရသည်။

Zawgyi

က်ပ္သန္းေပါင္း ၁၉၁၀ အကုန္အက်ခံကာ ျမန္မာ့မီးရထားမွ ႀကီးၾကပ္မႈျဖင့္ A1 ေဆာက္လုပ္ေရးမွ တည္ေဆာက္ေနသည့္ အင္းစိန္မီးရထားခုံးေက်ာ္ ခုံးေက်ာ္တံတားသစ္အား ၂၀၂၁ ခုႏွစ္ ဇန္နဝါရီ ၄ ရက္တြင္ ဖြင့္လွစ္မည္ျဖစ္ေၾကာင္း ျမန္မာ့မီးရထားမွ သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး အင္းစိန္ၿမိဳ႕နယ္တြင္ လက္ရွိအသုံးျပဳလ်က္ရွိေသာ ရထားလမ္းခုံးေက်ာ္တံတားအမွတ္ ၂ အင္းစိန္ႏွင့္ ဆက္သြယ္ကာ ခုံးေက်ာ္တံတားသစ္ (မင္းႀကီးလမ္းဘက္ျခမ္း) ရာႏႈန္းျပည့္ ၿပီးစီးေနၿပီျဖစ္ၿပီး ၂၀၂၁ ခုႏွစ္ ဇန္နဝါရီ ၄ ရက္တြင္ ဖြင့္လွစ္သြားမည္ျဖစ္သည္။

အဆိုပါတံတားလက္တက္သည္ ယခင္အင္းစိန္မီးရထားခုံးေက်ာ္တံတားႀကီးအား ဆက္သြယ္ကာ ခုံးေက်ာ္တံတားအျဖစ္ ဗဟိုလမ္းကိုျဖတ္သန္းၿပီး မင္းႀကီးလမ္းအတိုင္း ဆက္စပ္ဖြဲ႕စည္းတည္ေဆာက္ထားျခင္း ျဖစ္သည္။ ကြၽန္ေတာ္တို႔ ဒီခုံးေက်ာ္တံတား တည္ေဆာက္ျခင္းလုပ္ငန္းေတြက အခုအေျခအေနမွာ အလုံးစုံၿပီးေနပါၿပီ။ က်န္တဲ့တံတား ရဲ႕ အေခ်ာသပ္လုပ္ငန္းနဲ႕ ဆက္စပ္တဲ့အဆင္းလမ္းေတြက အခုလုပ္ေနတယ္။ကတၱရာလည္းေလာင္း၊ ကြန္ကရစ္လည္း ခင္းၿပီးပါၿပီ။လာမယ့္ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီ ၄ ရက္ေန႕မွာ ဒီတံတားကို ဖြင့္လွစ္သြားပါတယ္။

တံတားႀကီး ၿပီးစီးသြားရင္ေတာ့ ေမာ္ေတာ္ယာဥ္ေတြက အင္းစိန္ေစ်းကေန မင္းႀကီးလမ္းဘက္ျခမ္းမွာရွိတဲ့ ေဆး႐ုံတို႔၊ အုပ္ခ်ဳပ္ေရးမႉး႐ုံး၊ အင္းစိန္ (GTI) ေက်ာင္းတို႔ကို ေတာက္ေလွ်ာက္ တံတားလက္တက္ခုံးေက်ာ္ကေန သြားနိုင္ေတာ့မွာပါ” ဟုတံတားတည္ ေဆာက္ေရးစီမံကိန္းကို တာဝန္ယူေဆာင္႐ြက္လ်က္ရွိသည့္ ျမန္မာ့မီးရထားမွ အင္ဂ်င္နီယာမႉး (ၿမိဳ႕ျပ/တံတားေဘာင္အလုပ္႐ုံ) ျဖစ္သူ ဦးေမာင္ခ်ိဳက ေျပာၾကားသည္။

အင္းစိန္ (မင္းႀကီးလမ္း) ခုံးေက်ာ္တံတားအရွည္မွာ ၄၄၁ ေပရွိၿပီး ခ်ဥ္းကပ္လမ္း အရွည္မွာ ၁၁၂ ေပ ၉ လက္မရွိၿပီး တံတားေအာက္ခံအုတ္ျမစ္မွာ ဘိုးပိုင္အမ်ိဳးအစား ျဖစ္ေၾကာင္း၊အေပၚထည္မွာ အာစီကြန္ကရစ္ႏွင့္ အာစီၾကမ္းခင္းအမ်ိဳးအစားျဖစ္ကာ လမ္းသစ္လမ္းဘက္အျခမ္းတြင္ တစ္ခန္းလွ်င္ အရွည္ ၁၃၅ ေပစီရွိေသာ Steel Bos Girder ႏွစ္ခန္းႏွင့္ မင္းႀကီးလမ္းဘက္ျခမ္းတြင္ ၈၅ ေပစီရွိေသာ Oc.Girder ႏွစ္ခန္းကို ထည့္သြင္းတည္ေဆာက္ထားေၾကာင္း သိရသည္။