အသက်(၇၁) အရွယ်ဇနီးကို သူများလုမှာစိုးလို့ သူအပြင်ထွက်တိုင်း ဇနီးသည်ကို အိမ်မှာသော့ခတ်ခဲ့တဲ့(၁၆) အရွယ် ခင်ပွန်း
Unicode
မင်္ဂလာပါ ပရိသတ်ကြီးရေ ယခုဖော်ပြပေးမှာကတော့ ဘယ်ခိုမှ ထင်မှတ်မထားတဲ့ မင်္ဂလာပွဲလေးအကြောင်းကို ပြန်လည်ဖော်ပြပေးချင်ပါတယ်။ ဒါကတော့ အင်ဒိုနီးရှားနိုင်ငံ၊ တောင်ဆူမားတြားပြည်နယ်မှာ၊ ဖြစ်ပေါ်ခဲ့တဲ့အသက် ၁၆ နှစ်အရွယ် သတို့သားနဲ့ ၇၁ နှစ်အရွယ် သတို့သမီးတို့ရဲ့ မင်္ဂလာပွဲပဲဖြစ်ပါတယ်။
၁၆ နှစ်အရွယ် Selamat Riayadi နဲ့ သူရဲ့ ဇနီး Rohaya တို့ဟာ အချင်းချင်း ချစ်သူတွေဖြစ်ပြီးနောက် ဆွေမျိုးသားချင်းတွေက သဘောမတူကြပါဘူး။အဓိကကတော့ဆွေမျိုးတွေက သဘောမကျတဲ့ အချက်က သူတို့နှစ်ဦးရဲ့ အသက်ဟာ အရမ်းကို ကွာခြားနေလို့ဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ဦးစလုံးက တွဲလက်တွေမြဲတယ်လို့ပြောရမလားပဲ သူတို့ချစ်ခြင်းကို အရှင်အတိုင်းတော့ ခွဲလို့မရဘူး၊ အသေပဲ ခွဲလို့ရမယ်လို့ ခြိမ်းခြောက်ခဲ့ကြလို့
ဆွေမျိုးတွေက လက်လျော့ပြီး နောက်ဆုံးမှာတော့ သူတို့ရဲ့ မင်္ဂလာပွဲကို စီစဉ်ပေးခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ သူတို့သတင်းက ပြီးသွားပြီလို့ ထင်စရာ ရှိပါတယ်။ ဒါပေမယ့် ဇာတ်လမ်းက မပြီးသေးပါဘူး ကျန်ပါသေးတယ်။ သူတို့ လင်မယားနှစ်ယောက်ဟာ ညားပြီးကတည်းက အိမ်ထဲကနေအိမ်ပြင်ကို သိပ်ထွက်လေ့ မရှိတော့ပါဘူးတဲ့၊ ဘယ်လောက်တောင်လဲဆိုတော့ ကျေးရွာ ဘာ သာရေးဆိုင်ရာ လူကြီးတွေကသူတို့ လင်မယား ဗလီလာမတက်လို့တောင် စာပို့သတိပေးရသည်အထိပါပဲ။
အစပိုင်းတော့ ညားကာစ လင်မယားတွေမို့လို့ တစ်လလောက် ဒီလိုအိမ်တွင်းအောင်းတာလို့ တစ်ချို့က ယူဆခဲ့ပေမယ့်လည်း နှစ်လ သုံးလအထိ သူတို့ကဒီလိုပဲ အိမ်တွင်းအောင်းနေမြဲပါပဲ။ တစ်ခါတလေ Selamat ဟာ မဖြစ်မနေ ကိစ္စရပ်ပေါ်လာလို့ အပြင်ကို မထွက်မဖြစ် ထွက်ရတဲ့ အခါမျိုးမှာဆို အိမ်ကို သော့တွေနဲ့ သေချာကျကျနနပိတ်ပြီး၊
ဇနီးသည် ကို အိမ်ထဲမှာ တစ်ဦးတည်း ထားရစ်ခဲ့တာကို ပတ်ဝန်းကျင်က တဖြည်းဖြည်း သတိ ထားမိခဲ့ကြပါတယ်။ ဒီလိုနဲ့ နီးစပ်ရာကတစ်ယောက် Selamat ကို ဘာလို့ အပြင်သွားတိုင်း အိမ်ပေါက်စေ့ သော့တွေ လိုက်ခတ်ရတာလဲကွာလို့ ချော့မော့ မေးမြန်းတော့ Selamat ကကျုပ်မိန်းမကို တစ်ခြားယောက်ျားက ကြောင် တောင် ဝင်နှိုက်မှာစိုးလို့ပေါ့ဗျ “ဆိုပြီး
ခပ်ဆက်ဆက် ပြန်ဖြေခဲ့ပါတယ်တဲ့ ဒီတော့မှ ရွာသားတွေလည်း Selamat ရဲ့ အဖြစ်သည်းပုံကို ရယ်ရအခက်၊ ငိုရအခက် ဖြစ်စေခဲ့ပါတယ်။Selamat နဲ့ Rohaya တို့ ဇနီးမောင်နှံမှာ ငွေးရေးကြေးရေးဆိုင်ရာ အခက်အခဲလည်း မရှိဘူးလို့လည်း သိရပါတယ်။ သူတို့ရွာမှာတော့ သူတို့ဟာ ချမ်းသာတယ် မဟုတ်ပေမယ့် စားနိုင်သောက်နိုင်တဲ့အထဲမှာ ရှိပါတယ်။လက်ရှိအချိန်မှာတော့ သူတို့လင်မယား နှစ်ယောက်ဟာ အသက်ဘယ်လောက်ပဲ ကြီးပါစေ ရင်သွေးရဖို့ နှစ်ယောက်လုံး စိတ်ကူးယဉ်နေကြတယ်လို့ သိရပါတယ်။ဖတ်ရှု့အားပေးတဲ့ ပရိသတ်ကြီးရော ဘယ်လိုထင်လဲ သူတို့ရင်သွေးရနိုင်ပါ့မလားမူရင်းရေးသားသာအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါတယ်။ Credit/
Zawgyi