သေသွားပြီလို့သတ်မှတ်ခံရတဲ့အမျိုးသမီးက သူအသက်ရှင်သေးကြောင်းပြသဖို့ အုတ်ဂူကိုပြန်တူးပြမယ်ဆိုတဲ့အကြောင်း

Unicode

သေသွားပြီလို့သတ်မှတ်ခံရတဲ့အမျိုးသမီးက သူမအသက်ရှင်နေသေးကြောင်းသက်သေပြဖို့အတွက် သူမအုတ်ဂူကိုကိုယ်တိုင်တူးဖော်ချင်နေတဲ့အကြောင်းကို Metro သတင်းကနေတွေ့ရှိရပါတယ်။

အမျိုးသမီးတစ်ယောက်ဟာ၂၀၁၀မှာတုန်းကသေသွားပြီဆိုပြီး မမှန်မကန်ကြေညာခံခဲ့ရပါတယ်။ အသက်ရှင်နေဆဲဖြစ်တဲ့ Juana Escudero ဟာစပိန်နိုင်ငံ Serville မြို့ကဖြစ်ပါတယ်။ သူမကအသက်ရှင်နေပေမယ့် သူ့နိုင်ငံကတော့ အဆိုပါအမျိုးသမီးကို ရုံးပိုင်းဆိုင်ရာမှားယွင်းမှုတွေကြောင့် သေလူအဖြစ်အသတ်မှတ်ထားခဲ့တာပါ။

၂၀၁၀ခုနှစ် မေလတုန်းက အဆိုပါအမျိုးသမီးကြီးနဲ့ နာမည်ကော မွေးရက်ပါတူတဲ့ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ရာမှာ စပိန်နိုင်ငံ လူမှုရေးရာလုံခြုံရေးအဖွဲ့ဟာ တစ်ယောက်ထဲကိုပဲ သေစာရင်းသွင်းရမယ့်အစား မှားယွင်းစွာနဲ့နှစ်ယောက်စလုံးကို သေစာရင်းသွင်းခဲ့တာဖြစ်ပါတယ်

ဒီအကြောင်းကိုအမျိုးသမီးကြီးက ဆရာဝန်သွားပြတဲ့အခါကျမှ သူမကသေစာရင်းထဲမှာမှတ်တမ်းတင်ထားတာကို သိရှိခဲ့တာဖစ်ပါတယ်။ သူမဟာ ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးလို့မရတဲ့အပြင် ဆရာဝန်တွေဆီကိုလည်း သွားပြလို့မရခဲ့ဘူးလို့ဆိုပါတယ်။

သူမကအစိုးရအနေနဲ့ သူမကိုသေလူလို့သတ်မှတ်ထားပေမယ့် ဘဏ်စာရင်းထဲမှာကျတော့ သူမကအသက်ရှင်နေသေးပြီး ချေးငွေတွေ

ကိုပေးနေရတုန်းပါပဲ။ နယ်မြေတရားရုံးအပြင်ဘဏ္ဍာရေးဌာနကိုသွားတွေ့ခဲ့ပေမယ့် သူမကိုအသက်ရှင်နေဆဲဖြစ်ကြောင်း စပိန်အစိုးရကမယုံကြည်နိုင်ပါဘူး။တကယ်တော့ အဲဒီအုတ်ဂူက သူမနဲ့ နာမည်ရောမွေးရက်ပါတူတဲ့ သေဆုံးသူတခြားအမျိုးသမီးရဲ့အုတ်ဂူဖြစ်ပါတယ်။

Zawgyi

ေသသြားၿပီလို႔သတ္မွတ္ခံရတဲ့အမ်ိဳးသမီးက သူမအသက္ရွင္ေနေသးေၾကာင္းသက္ေသျပဖို႔အတြက္ သူမအုတ္ဂူကိုကိုယ္တိုင္တူးေဖာ္ခ်င္ေနတဲ့အေၾကာင္းကို Metro သတင္းကေနေတြ႕ရွိရပါတယ္။

အမ်ိဳးသမီးတစ္ေယာက္ဟာ၂၀၁၀မွာတုန္းကေသသြားၿပီဆိုၿပီး မမွန္မကန္ေၾကညာခံခဲ့ရပါတယ္။ အသက္ရွင္ေနဆဲျဖစ္တဲ့ Juana Escudero ဟာစပိန္နိုင္ငံ Serville ၿမိဳ႕ကျဖစ္ပါတယ္။ သူမကအသက္ရွင္ေနေပမယ့္ သူ႕နိုင္ငံကေတာ့ အဆိုပါအမ်ိဳးသမီးကို ႐ုံးပိုင္းဆိုင္ရာမွားယြင္းမႈေတြေၾကာင့္ ေသလူအျဖစ္အသတ္မွတ္ထားခဲ့တာပါ။

၂၀၁၀ခုႏွစ္ ေမလတုန္းက အဆိုပါအမ်ိဳးသမီးႀကီးနဲ႕ နာမည္ေကာ ေမြးရက္ပါတူတဲ့ အမ်ိဳးသမီးတစ္ေယာက္ ေသဆုံးခဲ့ရာမွာ စပိန္နိုင္ငံ လူမႈေရးရာလုံၿခဳံေရးအဖြဲ႕ဟာ တစ္ေယာက္ထဲကိုပဲ ေသစာရင္းသြင္းရမယ့္အစား မွားယြင္းစြာနဲ႕ႏွစ္ေယာက္စလုံးကို ေသစာရင္းသြင္းခဲ့တာျဖစ္ပါတယ္

ဒီအေၾကာင္းကိုအမ်ိဳးသမီးႀကီးက ဆရာဝန္သြားျပတဲ့အခါက်မွ သူမကေသစာရင္းထဲမွာမွတ္တမ္းတင္ထားတာကို သိရွိခဲ့တာဖစ္ပါတယ္။ သူမဟာ ယာဥ္ေမာင္းလိုင္စင္သက္တမ္းတိုးလို႔မရတဲ့အျပင္ ဆရာဝန္ေတြဆီကိုလည္း သြားျပလို႔မရခဲ့ဘူးလို႔ဆိုပါတယ္။

သူမကအစိုးရအေနနဲ႕ သူမကိုေသလူလို႔သတ္မွတ္ထားေပမယ့္ ဘဏ္စာရင္းထဲမွာက်ေတာ့ သူမကအသက္ရွင္ေနေသးၿပီး ေခ်းေငြေတြ

ကိုေပးေနရတုန္းပါပဲ။ နယ္ေျမတရား႐ုံးအျပင္ဘ႑ာေရးဌာနကိုသြားေတြ႕ခဲ့ေပမယ့္ သူမကိုအသက္ရွင္ေနဆဲျဖစ္ေၾကာင္း စပိန္အစိုးရကမယုံၾကည္နိုင္ပါဘူး။တကယ္ေတာ့ အဲဒီအုတ္ဂူက သူမနဲ႕ နာမည္ေရာေမြးရက္ပါတူတဲ့ ေသဆုံးသူတျခားအမ်ိဳးသမီးရဲ႕အုတ္ဂူျဖစ္ပါတယ္။