ခပေါင်းတံတားမှာ ရထားထက်မှ ပြုတ်ကျဆုံးပါးခဲ့ရသူ မင်းသားပြေငြိမ်း . . .အဖြစ်မှန်(ရုပ်သံ)

Unicode

တောင်ငူ ခပေါင်းတံတားနဲ့ မင်းသားပြေငြိမ်း အနှစ်သုံးဆယ်
ညက တောင်ငူကပြန်လာတာ နေပြည်တော်ကို၈နာရီထိုးမှရောက်တယ်။ ပြေငြိမ်း ကွယ်လွန်တဲ့နှစ်၃၀ပြည့်အမှတ်တရပို့စ်တက်လာလို့ သတိတရရေးမယ်စိတ်ကူးပေမယ့် ခရီးကပန်းလို့မရေးနိုင်ဘူး။ မနေ့က သားငယ်ပြည့်ဖြိုးဟန်အသက်၃၀ပြည့်ပါတယ်။ မန္တလေးကပြန်လာပြီးတောင်ငူမြို့ပွတ်စုကျောင်းမှာရဟန်းခံပါတယ်။12-7-1990နေ့ကတောင်ငူဆေးရုံကြီးမှာမွေးဖွားခဲ့ပါတယ်။

ဆေးရုံအုပ်ကြီးDrဦးခင်ဖေလင်းနဲ့ဒေါ်တင့်တင့်နွယ်တို့ကခွဲစိပ်မွေးဖွားပေးခဲ့ပါတယ်။အဲဒီညမှာပဲ ရုပ်ရှင်မင်းသားပြေငြိမ်းကလည်း5 Upရထားနဲ့မန္တလေးကိုသွားပါတယ်။အဲဒီညက5upရထားဟာထွက်သွားပြီးကာမှ စက်ချို့ယွင်းလို့ဘူတာထဲပြန်ဝင်ပြီးစက်ပြင်ရတယ်လို့သိရပါတယ်။နောက်တနေ့မှာကျနော်EMOတာဝန်ကျပါတယ်။10amမှာခပေါင်းချောင်းထဲကအလောင်းတခုတွေ့လို့ဘူတာကကုန်တင်တဲ့တွန်းလှည်းနဲ့ဆေးရုံကိုသယ်လာပါတယ်။အရပ်ထောင်ထောင်မောင်းမောင်းလူငယ်တဦးဖြစ်ပြီးမျက်နှာကတခြမ်းစီကွဲပြီးခေါင်းထိပ်ပိုင်းပွင့်ထွက်နေပါတယ်။ဂျင်းဘောင်းဘီရှည်တီရှပ်ဝတ်ဆင်ထားပြီးဘယ်သူဘယ်ဝါအသိအမှတ်ပြုရန်ခက်နေပါတယ်။

ထိုနေ့နေ့လယ်ပိုင်းကစပြီး တယ်လီဖုန်းဆက်သွယ်မေးမြန်းသူများတဲ့အတွက်တချိန်လုံးမအားလပ်အောင်ဖြေနေရပါတယ်။ရုပ်ရှင်မင်းသားပြေငြိမ်းပျောက်ဆုံးနေ၍မေးမြန်းခြင်းဖြစ်ပါတယ်သူနဲ့လာတဲ့အဖော်က မန္တလေးရောက်မှသူပျောက်တာကိုသိတာပါ။ညက ရှေ့တွဲမှာပါလာတဲ့တင့်တင့်ထွန်းတို့ဆီသွားမယ်ဆိုပြီးထွက်သွားတယ်လို့ပြောပါတယ်။တောင်ငူအဝင်ကခပေါင်းတံတားမှရေထဲပြုတ်ကျတာပါမီးရထားသံဘောင်တံတားတွေဟာနိမ့်ပါတယ်။တွဲခေါင်မိုးပေါ်မှာထိုင်စီးရင်မလွတ်ပါဘူး။တံတားရောက်ရင်ဝပ်နေမှလွတ်ပါတယ်။မင်းသားကတွဲခေါင်မိုပေါ်တက်ထိုင်ပုံရပါတယ်တံတားရှိမှန်မသိတော့မရှောင်နိုင်ပဲသံဘောင်နဲ့တိုက်ပြီးချောင်းထဲကျ၊ဗေဒါဒိုက်တွေပေါ်ကျလို့ရေထဲမမြောတာပါ။

မြောသွားရင်ရှာတွေ့ဖို့အတော်ခက်ပါမယ်။မနက်လင်းမှတံတားရဲကင်းကအလောင်းကိုတွေ့ပြီးဆေးရုံကိုပို့ပါတယ်။မိသားစုကလည်းပျောက်နေလို့စုံစမ်း၊ဒီမှာလည်းအမျိုးအမည်မခွဲခြားနိုင်တဲ့အလောင်းကရောက်နေတော့ ၊အသေအချာမပြောနိုင်။၃နာရီလောက်မှာ ဖခင်ဦးမောင်မောင်မြင့်ကဖုန်းဆက်ပြီးသူ့ရဲထင်ရှားတဲ့အမှတ်လက္ခဏာတွေပြောပြတော့ကိုက်ညီနေပါတယ်။

ပြေငြမ်းရဲ့ဘကြီးDrဦးသာမိုးကိုယ်တိုင်လိုက်လာပါတယ်။ဆရာကြီးဦးခင်ဖေလင်းနဲ့အတူတူရင်ခွဲစစ်ဆေးပါတယ်။ပြေငြိမ်းသတင်းကမြို့ထဲမှာချက်ချင်းပျံ့သွားပြီးရင်ခွဲရုံဝန်းကျင်မှာလူအများကြီး၊အမျိုးသမီးထုကပိုများ၏။မိုးကလည်းရွာလိုက်တာ၄လက်မ။ည၈နာရီခန့်မှာDrဦးသာမိုး(သမိုင်းမသန်စွမ်းဆေးရုံအုပ်ကြီး)ရောက်လာပါတယ်။ရင်ခွဲရုံတံခါးဖွင့်ပြလိုက်တာနဲ့ ပြေငြိမ်းပဲလို့ပြောပါတယ်။အရပ်ကရှည်တော့ ကျောက်စားပွဲဘောင်ပေါ်အထိရောက်နေတယ်။ညတွင်းချင်းခေါင်းတခုလုပ်ပြီးရန်ကုန်ကိုသယ်သွားပါတယ်။

မနက်၄နာရီမှာကို Myat Khineရောက်လာပြီးသတင်းယူတော့မင်းသားအလောင်းက လမ်းတဝက်ရောက်နေပြီ။ကျနော့ကိုအင်တာဗျူးပြီး အနုပညာကြေးမုံမဂ္ဂဇင်းမှာထည့်ပါတယ်။အနယ်နယ်မှာ ပြေငြိမ်းကားတွေပြန်ပြပြီး ဗွီဒီယိုရုံတွေကိုသူလုပ်ကျွေးသွားပါသေးတယ်။ကညွတ်ကွင်းမိတ်ဆွေတဦးဆို ကြိုးဖုန်းတလုံးဝယ်နိုင်တဲ့ပမာဏ၂ရက်အတွင်းရပါသတဲ့။သင်္ဂြုလ်ပြီးတပတ်မှာ Maung Maung myintthukhuma ရောက်လာပြီးရဲစခန်းကသိမ်းဆည်းထားတဲ့ဆွဲကြိုး၊ဘိနပ်နဲ့ပစ္စည်းတွေလာထုတ်ယူပါတယ်။ ပြေငြိမ်းအမှတ်တရvcdထဲမှာကျနော်တို့ပုံတွေပါတယ်ဒါကတော့ကျနော်ကြုံခဲ့ရတဲ့ အမှတ်တရတွေပါပဲ။အနှစ်၃၀တောင်ကြာခဲ့ပြီပဲ။

(စာရေးဆရာသောင်းကေတု ၏ Facebook page မှကူးယူဖော်ပြထားပါသည်။ စာရေးဆရာသောင်းကေတု သည် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သလို အငြိမ်းစားဆရာ၀န်ကြီးတစ်ဦးဖြစ်သည်။ လွန်ခဲ့သည့် နှစ်(၃၀)ခန့် သရုပ်ဆောင် ပြေငြိမ်း တောင်ငူမြို့အနီး ရုတ်တရက် ကွယ်လွန်ချိန် တွင် တောင်ငူဆေးရုံ တွင်ဆရာ၀န်တစ်ဦး အဖြစ်တာ၀န်ထမ်းဆောင်လျက်ရှိပါသည်။)

Credit to Mya Taung.

Video ကြည့်ရန်

Zawgyi

ေတာင္ငူ ခေပါင္းတံတားနဲ႕ မင္းသားေျပၿငိမ္း အႏွစ္သုံးဆယ္ညက ေတာင္ငူကျပန္လာတာ ေနျပည္ေတာ္ကို၈နာရီထိုးမွေရာက္တယ္။ ေျပၿငိမ္း ကြယ္လြန္တဲ့ႏွစ္၃၀ျပည့္အမွတ္တရပို႔စ္တက္လာလို႔ သတိတရေရးမယ္စိတ္ကူးေပမယ့္ ခရီးကပန္းလို႔မေရးနိုင္ဘူး။ မေန႕က သားငယ္ျပည့္ၿဖိဳးဟန္အသက္၃၀ျပည့္ပါတယ္။ မႏၲေလးကျပန္လာၿပီးေတာင္ငူၿမိဳ႕ပြတ္စုေက်ာင္းမွာရဟန္းခံပါတယ္။12-7-1990ေန႕ကေတာင္ငူေဆး႐ုံႀကီးမွာေမြးဖြားခဲ့ပါတယ္။

ေဆး႐ုံအုပ္ႀကီးDrဦးခင္ေဖလင္းနဲ႕ေဒၚတင့္တင့္ႏြယ္တို႔ကခြဲစိပ္ေမြးဖြာေပးခဲ့ပါတယ္။အဲဒီညမွာပဲ ႐ုပ္ရွင္မင္းသားေျပၿငိမ္းကလည္း5 Upရထားနဲ႕မႏၲေလးကိုသြားပါတယ္။အဲဒီညက5upရထားဟာထြက္သြားၿပီးကာမွ စက္ခ်ိဳ႕ယြင္းလို႔ဘူတာထဲျပန္ဝင္ၿပီးစက္ျပင္ရတယ္လို႔သိရပါတယ္။ေနာက္တေန႕မွာက်ေနာ္EMOတာဝန္က်ပါတယ္။10amမွာခေပါင္းေခ်ာင္းထဲကအေလာင္းတခုေတြ႕လို႔ဘူတာကကုန္တင္တဲ့တြန္းလွည္းနဲ႕ေဆး႐ုံကိုသယ္လာပါတယ္။အရပ္ေထာင္ေထာင္ေမာင္းေမာင္းလူငယ္တဦးျဖစ္ၿပီးမ်က္ႏွာကတျခမ္းစီကြဲၿပီးေခါင္းထိပ္ပိုင္းပြင့္ထြက္ေနပါတယ္။ဂ်င္းေဘာင္းဘီရွည္တီရွပ္ဝတ္ဆင္ထားၿပီးဘယ္သူဘယ္ဝါအသိအမွတ္ျပဳရန္ခက္ေနပါတယ္။

ထိုေန႕ေန႕လယ္ပိုင္းကစၿပီး တယ္လီဖုန္းဆက္သြယ္ေမးျမန္းသူမ်ားတဲ့အတြက္တခ်ိန္လုံးမအားလပ္ေအာင္ေျဖေနရပါတယ္။႐ုပ္ရွင္မင္းသားေျပၿငိမ္းေပ်ာက္ဆုံးေန၍ေမးျမန္းျခင္းျဖစ္ပါတယ္ သူနဲ႕လာတဲ့အေဖာ္က မႏၲေလးေရာက္မွသူေပ်ာက္တာကိုသိတာပါ။ညက ေရွ႕တြဲမွာပါလာတဲ့တင့္တင့္ထြန္းတို႔ဆီသြားမယ္ဆိုၿပီးထြက္သြားတယ္လို႔ေျပာပါတယ္။

ေတာင္ငူအဝင္ကခေပါင္းတံတားမွေ ရထဲျပဳတ္က်တာပါမီးရထားသံေဘာင္တံတားေတြဟာနိမ့္ပါတယ္။တြဲေခါင္မိုးေပၚမွာထိုင္စီးရင္မလြတ္ပါဘူး။တံတားေရာက္ရင္ဝပ္ေနမွလြတ္ပါတယ္။မင္းသားကတြဲေခါင္မိုေပၚတက္ထိုင္ပုံရပါတယ္တံတားရွိမွန္မသိေတာ့မေရွာင္နိုင္ပဲသံေဘာင္နဲ႕တိုက္ၿပီးေခ်ာင္းထဲက်၊ေဗဒါဒိုက္ေတြေပၚက်လိဳ႕ေရထဲမေျမာတာပါ။ေျမာသြားရင္ရွာေတြ႕ဖို႔အေတာ္ခက္ပါမယ္။မနက္လင္းမွတံတားရဲကင္းကအေလာင္းကိုေတြ႕ၿပီးေဆး႐ုံကိုပို႔ပါတယ္။မိသားစုကလည္းေပ်ာက္ေနလို႔စုံစမ္း၊ဒီမွာလည္းအမ်ိဳးအမည္မခြဲျခားနိုင္တဲ့အေလာင္းကေရာက္ေနေတာ့ ၊အေသအခ်ာမေျပာနိုင္။၃နာရီေလာက္မွာ ဖခင္ဦးေမာင္ေမာင္ျမင့္ကဖုန္းဆက္ၿပီးသူ႕ရဲထင္ရွားတဲ့အမွတ္လကၡဏာေတြေျပာျပေတာ့ကိုက္ညီေနပါတယ္။

ေျပျငမ္းရဲ႕ဘႀကီးDrဦးသာမိုးကိုယ္တိုင္လိုက္လာပါတယ္။ဆရာႀကီးဦးခင္ေဖလင္းနဲ႕အတူတူရင္ခြဲစစ္ေဆးပါတယ္။ေျပၿငိမ္းသတင္းကၿမိဳ႕ထဲမွာခ်က္ခ်င္းပ်ံ့သြားၿပီးရင္ခြဲ႐ုံဝန္းက်င္မွာလူအမ်ားႀကီး၊အမ်ိဳးသမီးထုကပိုမ်ား၏။မိုးကလည္း႐ြာလိုက္တာ၄လက္မ။ည၈နာရီခန႔္မွာDrဦးသာမိုး(သမိုင္းမသန္စြမ္းေဆး႐ုံအုပ္ႀကီး)ေရာက္လာပါတယ္။ရင္ခြဲ႐ုံတံခါးဖြင့္ျပလိုက္တာနဲ႕ ေျပၿငိမ္းေ့ေျပာပါတာ္။အရပ္ကရွည္ေတာ့ ေက်ာက္စားပြဲေဘာင္ေပၚအထိေရာက္ေနတယ္။ညတြင္းခ်င္းေခါင္းတခုလုပ္ၿပီးရန္ကုန္ကိုသယ္သြားပါတယ္။

မနက္၄နာရီမွာကို Myat Khineေရာက္လာၿပီးသတင္းယူေတာ့မင္းသားအေလာင္းက လမ္းတဝက္ေရာက္ေနၿပီ။က်ေနာ့ကိုအင္တာဗ်ဴးၿပီး အႏုပညာေၾကးမုံမဂၢဇင္းမွာထည့္ပါတယ္။အနယ္နယ္မွာ ေျပၿငိမ္းကားေတြျပန္ျပၿပီး ဗြီဒီယို႐ုံေတြကိုသူလုပ္ေကြၽးသြားပါေသးတယ္။ကၫြတ္ကြင္းမိတ္ေဆြတဦးဆို ႀကိဳးဖုန္းတလုံးဝယ္နိုင္တဲ့ပမာဏ၂ရက္အတြင္းရပါသတဲ့။သျဂၤုလ္ၿပီးတပတ္မွာ Maung Maung myintthukhuma ေရာက္လာၿပီးရဲစခန္းကသိမ္းဆည္းထားတဲ့ဆြဲႀကိဳး၊ဘိနပ္နဲ႕ပစၥည္းေတြလာထုတ္ယူပါတယ္။ ေျပၿငိမ္းအမွတ္တရvcdထဲမွာက်ေနာ္တို႔ပုံေတြပါတယ္ဒါကေတာ့က်ေနာ္ႀကဳံခဲ့ရတဲ့ အမွတ္တရေတြပါပဲ။အႏွစ္၃၀ေတာင္ၾကာခဲ့ၿပီပဲ။

(စာေရးဆရာေသာင္းေကတု ၏ Facebook page မွကူးယူေဖာ္ျပထားပါသည္။ စာေရးဆရာေသာင္းေကတု သည္ ပဲခူးတိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးျဖစ္သလို အၿငိမ္းစားဆရာ၀န္ႀကီးတစ္ဦးျဖစ္သည္။ လြန္ခဲ့သည့္ ႏွစ္(၃၀)ခန႔္ သ႐ုပ္ေဆာင္ ေျပၿငိမ္း ေတာင္ငူၿမိဳ႕အနီး ႐ုတ္တရက္ ကြယ္လြန္ခ်ိန္ တြင္ ေတာင္ငူေဆး႐ုံ တြင္ဆရာ၀န္တစ္ဦး အျဖစ္တာ၀န္ထမ္းေဆာင္လ်က္ရွိပါသည္။)

Credit to Mya Taung.