မြန်မာပြည်မှာ ကိုဗစ်ရောဂါ ကုသဆေး အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီ (FDA က အသိအမှတ်ပြုလိုက်ပါပြီ)

Unicode

ပြည်တွင်းတွင် ကိုဗစ်ကပ်ရောဂါကုသဆေး (သောက်ဆေး) ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီး မြန်မာ FDA ၏ အတည်ပြုချက်ရပြီဟု Pacific Medical industries က ယနေ့ကြေညာ လိုက်ပါတယ်။ဥရောပနိုင်ငံများနှင့် တောင်အမေရိကနိုင်ငံများတွင် သုံးစွဲနေသော Favipiravir 200 mg ဆေးပြားများကို ပြည်တွင်းပြည်ပညာရှင်များဖြင့် ပြည်ပမှတင်သွင်းသောကုန်ကြမ်းများဖြင့် ပြည်တွင်းတွင် ထုတ်လုပ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါဆေးသည် Agigon အမည်ဖြင့် ဂျပန်ကထုတ်လုပ်ထားသော ဆေးဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် PMI ကထုတ်လုပ်သောဆေးကို Favipac ဟုအမည်ပေးထားပြီး ကိုဗစ်ရောဂါလက္ခဏာ စတင်ပြသချိန်တွင် သောက်ခြင်းဖြင့် ရောဂါ၏ ဆိုးဝါးသောအခြေအနေကို ရောက်ရှိခြင်းမှ လျှော့ချနိုင်ခြင်းနှင့် အမြန်နလန်ထနိုင်ခြင်းများ ရရှိစေသည်ဟု ထုတ်ပြန်ထားပါတယ်။

အဆိုပါဆေးကို အောက်တိုဘာလဆန်းက မြန်မာ FDA ထံတင်ပြခဲ့ပြီး ယခုခွင့်ပြုချက်ရကြောင်း သိရပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ခံ ကိုဗစ်ကုသရေးဆေးရုံများသို့ ဆေးပြား ၆၀,၀၀၀ နှင့် တပ်မတော်ကိုဗစ်ကုသရေးဆေးရုံများအတွက် ဆေးပြား ၁၅,၀၀၀ လှူဒါန်းမည်ဟု ကုမ္ပဏီ၏ ကြေညာချက်တွင် ဖော်ပြထားပါတယ်။အဆိုပါ ထုတ်ပြန်ချက်ကို AA Medical Products Ltd ၏ဖေ့စ်ဘွတ် စာမျက်နှာတွင် ကြေညာထားခြင်း ဖြစ်ပါတယ်။

Zawgyi

ျပည္တြင္းတြင္ ကိုဗစ္ကပ္ေရာဂါကုသေဆး (ေသာက္ေဆး) ကို ေအာင္ျမင္စြာ ထုတ္လုပ္နိုင္ၿပီး ျမန္မာ FDA ၏ အတည္ျပဳခ်က္ရၿပီဟု Pacific Medical industries က ယေန႕ေၾကညာ လိုက္ပါတယ္။ဥေရာပနိုင္ငံမ်ားႏွင့္ ေတာင္အေမရိကနိုင္ငံမ်ားတြင္ သုံးစြဲေနေသာ Favipiravir 200 mg ေဆးျပားမ်ားကို ျပည္တြင္းျပည္ပညာရွင္မ်ားျဖင့္ ျပည္ပမွတင္သြင္းေသာကုန္ၾကမ္းမ်ားျဖင့္ ျပည္တြင္းတြင္ ထုတ္လုပ္ခဲ့ေၾကာင္း သိရပါတယ္။

အဆိုပါေဆးသည္ Agigon အမည္ျဖင့္ ဂ်ပန္ကထုတ္လုပ္ထားေသာ ေဆးျဖစ္ပါတယ္။ ျမန္မာနိုင္ငံတြင္ PMI ကထုတ္လုပ္ေသာေဆးကို Favipac ဟုအမည္ေပးထားၿပီး ကိုဗစ္ေရာဂါလကၡဏာ စတင္ျပသခ်ိန္တြင္ ေသာက္ျခင္းျဖင့္ ေရာဂါ၏ ဆိုးဝါးေသာအေျခအေနကို ေရာက္ရွိျခင္းမွ ေလွ်ာ့ခ်နိဳင္ျခင္းႏွင့္ အျမန္နလန္ထနိုင္ျခင္းမ်ား ရရွိေစသည္ဟု ထုတ္ျပန္ထားပါတယ္။

အဆိုပါေဆးကို ေအာက္တိုဘာလဆန္းက ျမန္မာ FDA ထံတင္ျပခဲ့ၿပီး ယခုခြင့္ျပဳခ်က္ရေၾကာင္း သိရပါတယ္။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန လက္ေအာက္ခံ ကိုဗစ္ကုသေရးေဆး႐ုံမ်ားသို႔ ေဆးျပား ၆၀,၀၀၀ ႏွင့္ တပ္မေတာ္ကိုဗစ္ကုသေရးေဆး႐ုံမ်ားအတြက္ ေဆးျပား ၁၅,၀၀၀ လႉဒါန္းမည္ဟု ကုမၸဏီ၏ ေၾကညာခ်က္တြင္ ေဖာ္ျပထားပါတယ္။အဆိုပါ ထုတ္ျပန္ခ်က္ကို AA Medical Products Ltd ၏ေဖ့စ္ဘြတ္ စာမ်က္ႏွာတြင္ ေၾကညာထားျခင္း ျဖစ္ပါတယ္။