ဧရာဝတီစင်တာကို ပထမ မတည်ငွေ သိန်း၁သောင်းခွဲကုန်တာနဲ့ ထပ်မံ၍ သိန်း၅ထောင် လှူ ဒါန်းတဲ့ ဦးဇော်ဇော်

zawgyi

မႏၲေလးၿမိဳ႕၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ မႏၲလာသီရိအားက စားကြင္းအတြင္း ကိုဗစ္ေရာဂါကုသေရးဌာန၊ဧရာဝတီစင္ တာ(မႏၲေလး)အတြက္ ဧရာဝတီေဖာင္ေဒးရွင္း ဥကၠဌ ဦးေဇာ္ေဇာ္က

​ေငြက်ပ္သိန္းငါးေထာင္ကို ဒီဇင္ဘာ၂၈ရက္တြင္ ထပ္မံမ,တည္

လႉဒါန္းလိုက္သည္။ “တက္တက္ႂကြႂကြ တာဝန္ယူေဆာင္ ႐ြက္ေနၾကတဲ့ ဆရာဝန္၊ ဆရာမေတြကို ေတြ႕ရတာဟာ အားရေကာင္းပါတယ္။ ဒီေန႔ရက္ေစ့လို႔ ျပန္ၾကေတာ့မယ့္ လူငယ္ဆရာဝန္ေတြ၊ ဆရာမေတြ၊ Test & Care စင္တာက Dentist ေတြကို

ဂုဏ္ျပဳမွတ္တမ္းေတြေပးရင္း ႀကံဳေတြ႕ခဲ့ရတဲ့ အျဖစ္ပ်က္ေတြကို အျပန္အလွန္ေဝမွ်ခဲ့ၾကၿပီး ၎တို႔အေနနဲ႔လဲ စင္ တာကို ထပ္မံလာေရာက္ တာဝန္ထမ္းေဆာင္ၾကဦးမယ္ဆိုတဲ့ အေၾကာင္း ဝမ္းေျမာက္ဖြယ္ ၾကားသိခဲ့ရပါတယ္။စင္ တာစတင္ခ်ိန္က

မတည္ထားတဲ့ ေငြက်ပ္သိန္း၁၅,၀၀၀ဟာ သုံးစြဲၿပီးျဖစ္ တာေၾကာင့္ ေနာက္ထပ္ သိန္း(၅၀၀၀) ထပ္မံမတည္ေပးခဲ့ပါတယ္။ ညဘက္မွာလည္း မႏၲေလးက ပါေမာကၡဆရာဝန္၊ ဆရာမႀကီးေတြနဲ႔​ေတြ႕ဆုံၿပီး

ဧရာဝတီစင္တာရဲ႕ ဝန္ေဆာင္မႈနဲ႔ ပတ္သက္ၿပီး

ညႇိႏႈိင္းရင္း ညစာအတူစားျဖစ္ခဲ့တယ္။ဝန္ေဆာင္မႈအျပည့္ အဝေပးႏိုင္ေအာင္ တက္ညီလက္ညီေဆာင္႐ြက္ေပးေနတဲ့ ဆရာႀကီး ေဒါက္တာခင္ေမာင္လြင္နဲ႔ ဆရာဝန္၊ ဆရာမေတြ၊ ေစတနာ့ဝန္ထမ္းေတြနဲ႔ဦးေဆာင္မႈေပးခဲ့တဲ့ တိုင္းေဒသႀကီး

ဝန္ႀကီးခ်ဳပ္၊ၿမိဳ႕ေတာ္ဝန္ႀကီးနဲ႔တာဝန္ရွိသူ၊ အလႉရွင္ေတြအားလုံးကိုအထူး​ေက်းဇူးတင္ရွိပါတယ္”ဟု ဦးေဇာ္ေဇာ္က ဒီဇင္ဘာ၂၈ရက္ ညပိုင္းတြင္ ၎၏လူမႈကြန္ရက္စာမ်က္ ႏွာမွတဆင့္​ေရးသားထားသည္ကို​ေတြ႕ရသည္။ ခရက္ဒစ္ – မႏၲေလးသတင္းကြန္ရက္.

unicode

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရိအားကစားကွင်းအတွင်း ကိုဗစ်ရောဂါကုသရေးဌာန၊ဧရာဝတီစင်တာ(မန္တလေး)အတွက် ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဌဦးဇော်ဇော်က

ငွေကျပ်သိန်းငါးထောင်ကို ဒီဇင်ဘာ၂၈ရက်တွင် ထပ်မံမ,တည်

လှူဒါန်းလိုက်သည်။ “တက်တက်ကြွကြွ တာဝန်ယူ ဆောင်ရွက်နေကြတဲ့ ဆရာဝန်၊ ဆရာမတွေကို တွေ့ရတာဟာ အားရကောင်းပါတယ်။ ဒီနေ့ရက်စေ့လို့ ပြန်ကြတော့မယ့် လူငယ်ဆရာဝန်တွေ၊ ဆရာမတွေ၊ Test & Care စင်တာက Dentistတွေကို

ဂုဏ်ပြုမှတ်တမ်းတွေပေးရင်း ကြုံတွေ့ခဲ့ရတဲ့ အဖြစ်ပျက်တွေကို အပြန်အလှန်ဝေမျှခဲ့ကြပြီး ၎င်းတို့အနေနဲ့လဲ စင် တာကို ထပ်မံလာရောက် တာဝန်ထမ်းဆောင်ကြဦးမယ် ဆိုတဲ့အကြောင်း ဝမ်းမြောက်ဖွယ်ကြားသိခဲ့ရပါတယ်။စင်တာစတင်ချိန်က

မတည်ထားတဲ့ ငွေကျပ်သိန်း၁၅,၀၀၀ဟာ သုံးစွဲပြီးဖြစ် တာကြောင့် နောက်ထပ် သိန်း(၅၀၀၀) ထပ်မံမတည်ပေးခဲ့ပါတယ်။ ညဘက်မှာလည်း မန္တလေးက ပါမောက္ခဆရာဝန်၊ ဆရာမကြီးတွေနဲ့တွေ့ဆုံပြီး

ဧရာဝတီစင်တာရဲ့ ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး

ညှိနှိုင်းရင်း ညစာအတူစားဖြစ်ခဲ့တယ်။ဝန်ဆောင်မှုအပြည့် အဝပေးနိုင်အောင် တက်ညီလက်ညီဆောင် ရွက်ပေးနေတဲ့ ဆရာကြီး ဒေါက်တာခင်မောင်လွင်နဲ့ ဆရာဝန်၊ ဆရာမတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ဦး ဆောင်မှုပေးခဲ့တဲ့ တိုင်းဒေသကြီး

ဝန်ကြီးချုပ်၊မြို့တော်ဝန်ကြီးနဲ့တာဝန်ရှိသူ၊ အလှူရှင်တွေအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်”ဟု ဦးဇော်ဇော်က ဒီဇင်ဘာ၂၈ရက်ညပိုင်းတွင် ၎င်း၏လူမှုကွန်ရက်စာမျက် နှာမှတဆင့်ရေးသားထားသည်ကိုတွေ့ရသည်။ ခရက်ဒစ် – မန္တလေးသတင်းကွန်ရက်.