ကိုဗစ်​ကြောင့်မိဘမဲ့ကိုရင်လေးများလည်း ဆွမ်းအခက်အခဲ ဖြစ်နေကြရတာမို့ (ရှယ်ပေးကြပါအုံး​နော်​)
ယူနီကုဒ်ဖြင့် ဖတ်ရန်
ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၊ တိုးချဲ့ ၃ရပ်ကွက်ရှိ အောင်မင်္ဂလာဘုန်းတော်ကြီး ကျောင်းမှာရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆမ်ဒေသအတွင်း ကျေးရွာများက တိုက်ပွဲရှောင်မိဘမဲ့ကလေးငယ်တွေ ကို သာသနာ့ဘောင် သွတ်သွင်းပေးပြီး အတန်းပညာသင်ကြားပေးလျှက်ရှိပါတယ်။
ယခင်က ကလေးငယ်အယောက် ၅၀ နီးပါးကို ခေါ်ယူစောင့်ရှောက်ထားပေမယ့် ယခု Covid 19ကပ်ရောဂါကာလမှာဆွမ်း၊ ဆေး၊ နေရေးထိုင်ရေး အခက်အခဲ တွေကြောင့် ကလေးငယ်အချို့ကို နီးစပ်ရာဆွေမျိုးသားချင်းများဆီပြန်ပို့ထားရပြီး လက်ရှိကျောင်းမှာ ကလေး ၂၅ ဦးရှိတယ်လို့
သိရပါတယ်။ ဆွမ်းကိုအရင်က တန်းဆွမ်းထွက် လို့ရပေမယ့် ယခုကာလမှာတန်းဆွမ်းမထွက်နိုင်တာကြောင့်ဒီလကုန်အထိပဲ ဆန်ရှိပြီးဆွမ်းအခက်အခဲ ရှိနေရတယ်လို့ အောင်မင်္ဂလာကျောင်း ဆရာတော်က မိန့်တော်မူပါတယ်။
အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးမှလည်း အလှူရှင်တွေ့အောင်တက်နိုင်သလောက် ဝိုင်းဝန်းကူညီပြီးရှယ်ပေးကြပါဦးနော်။အမြန်ဆုံးလည်းအလှူရှင်တွေ့ပါစေဗျာ။ ခရက်ဒစ်