ဂ်ပန္တြင္ကိုဗစ္မ်ိဳးကြဲတခု စတင္ပ်ံ႕ႏွံ႔လုိ႔ ျပည္ပမွလာသူအားလုံးကိုနိုင္ငံအတြင္း ဝင္ေရာက္ခြင့္ ပိတ္လိုက္ၿပီဟုသိရ

ကူးစက္ႏႈန္းပိုျမန္တဲ့ ကို႐ိုနာဗိုင္းရပ္စ္မ်ိဳးကြဲသစ္ကို ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ျပည္ပႏိုင္ငံသားအားလုံးကိုဂ်ပန္ကဇန္နဝါရီ ၃၁ တနလၤာေန႔ကစၿပီး ျပည္ဝင္ခြင့္ ပိတ္ပါေတာ့မယ္။ ၿဗိတိန္နဲ႔ ေတာင္အာဖရိက ကလာတဲ့ ျပည္ပႏိုင္ငံသားေတြကိုေတာ့ ၿပီးခဲ့တဲ့ရက္သတၱပတ္တည္းက

ပိတ္ပင္ခဲ့ၿပီးသားပါ။ ၿဗိတိန္ကငါးဦးမွာ ဗိုင္းရပ္မ်ိဳးကြဲသစ္ ကူးစက္ေၾကာင္းဂ်ပန္ေလဆိပ္မွာစစ္ေဆးေတြ႕ရွိၿပီး တိုက်ိဳၿမိဳ႕တြင္း ေနာက္ထပ္ႏွစ္ဦးမွာ အလားတူ ေတြ႕ရွိၿပီးေနာက္မွာ ပိတ္ပင္မႈေတြ စတင္လာတာပါ။ ႏိုဝင္ဘာကစၿပီး ဂ်ပန္ႏိုင္ငံသားနဲ႔ ဂ်ပန္မွာအေျခခ်ေနထိုင္သူႏိုင္ငံျခားသားေတြကို

ကြာရန္တင္း ၁၄ ရက္ ေရတိုကင္းလြတ္ခြင့္ျပဳထားတာကိုလဲ ခုေတာ့ဆိုင္းငံ့ထားလိုက္ပါၿပီ။ ဂ်ပန္ကို ဝင္ေရာက္လာသူေတြဟာလြန္ခဲ့တဲ့ ၇၂ နာရီအတြင္း နက္ဂတစ္ (ကိုဗစ္ မေတြ႕ရွိေၾကာင္း) အေထာက္အထားယူေဆာင္လာရမွာျဖစ္ၿပီး ေရာက္ေရာက္ခ်င္း ရက္သတၱႏွစ္ပတ္တဦးတည္း

သီးျခားခြဲၿပီးေနထိုင္ရဦးမွာပါ။ ဂ်ပန္မွာ ႏိုဝင္ဘာကစလို႔ ကူးစက္မႈ ျမင့္တက္လာၿပီးလူဦးေရ ၁၂၆ သန္းေက်ာ္ရွိတဲ့ဒီႏိုင္ငံမွာစုစုေပါင္းကူးစက္မႈ ၂၁၇,၃၁၂ ရွိၿပီျဖစ္ၿပီး လြန္ခဲ့တဲ့ ၂၄ နာရီကထက္ ၃,၇၀၀ တိုးလာတာပါ။ ေသဆုံးသူကေတာ့ ၃,၂၁၂ ရွိပါၿပီ။ အားလပ္ရက္ကိုတိတ္တိတ္ဆိတ္ဆိတ္

ေက်ာ္ျဖတ္ၾကဖို႔ အစိုးရ တာဝန္ရွိသူေတြက ႏႈိးေဆာ္ေနတဲ့ၾကားကပဲတိုက်ိဳမွာတင္ တရက္အတြင္း ကူးစက္မႈ ၉၄၉ ခု ထပ္ေတြ႕လို႔ စံခ်ိန္သစ္တင္ပါတယ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ကူးစက်နှုန်းပိုမြန်တဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပြည်ပနိုင်ငံသားအားလုံးကိုဂျပန်ကဇန်နဝါရီ ၃၁ တနင်္လာနေ့ကစပြီး ပြည်ဝင်ခွင့် ပိတ်ပါတော့မယ်။ ဗြိတိန်နဲ့ တောင်အာဖရိက ကလာတဲ့ ပြည်ပနိုင်ငံသားတွေကိုတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်တည်းက

ပိတ်ပင်ခဲ့ပြီးသားပါ။ ဗြိတိန်ကငါးဦးမှာ ဗိုင်းရပ်မျိုးကွဲသစ် ကူးစက်ကြောင်းဂျပန်လေဆိပ်မှာစစ်ဆေးတွေ့ရှိပြီး တိုကျိုမြို့တွင်း နောက်ထပ်နှစ်ဦးမှာ အလားတူ တွေ့ရှိပြီးနောက်မှာ ပိတ်ပင်မှုတွေ စတင်လာတာပါ။ နိုဝင်ဘာကစပြီး ဂျပန်နိုင်ငံသားနဲ့ ဂျပန်မှာအခြေချနေထိုင်သူနိုင်ငံခြားသားတွေကို

ကွာရန်တင်း ၁၄ ရက် ရေတိုကင်းလွတ်ခွင့်ပြုထားတာကိုလဲ ခုတော့ဆိုင်းငံ့ထားလိုက်ပါပြီ။ ဂျပန်ကို ဝင်ရောက်လာသူတွေဟာလွန်ခဲ့တဲ့ ၇၂ နာရီအတွင်း နက်ဂတစ် (ကိုဗစ် မတွေ့ရှိကြောင်း) အထောက်အထားယူဆောင်လာရမှာဖြစ်ပြီး ရောက်ရောက်ချင်း ရက်သတ္တနှစ်ပတ်တဦးတည်း

သီးခြားခွဲပြီးနေထိုင်ရဦးမှာပါ။ ဂျပန်မှာ နိုဝင်ဘာကစလို့ ကူးစက်မှု မြင့်တက်လာပြီးလူဦးရေ ၁၂၆ သန်းကျော်ရှိတဲ့ဒီနိုင်ငံမှာစုစုပေါင်းကူးစက်မှု ၂၁၇,၃၁၂ ရှိပြီဖြစ်ပြီး လွန်ခဲ့တဲ့ ၂၄ နာရီကထက် ၃,၇၀၀ တိုးလာတာပါ။ သေဆုံးသူကတော့ ၃,၂၁၂ ရှိပါပြီ။ အားလပ်ရက်ကိုတိတ်တိတ်ဆိတ်ဆိတ်

ကျော်ဖြတ်ကြဖို့ အစိုးရ တာဝန်ရှိသူတွေက နှိုးဆော်နေတဲ့ကြားကပဲတိုကျိုမှာတင် တရက်အတွင်း ကူးစက်မှု ၉၄၉ ခု ထပ်တွေ့လို့ စံချိန်သစ်တင်ပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်