သိလွန်းတတ်လွန်းတဲ့လူကို နေရာအပေးမခံရတဲ့ခေတ်ကြီးမှာ သူတတ်ထားတဲ့ပညာတွေကို အကျိုးရှိအောင်အသုံးချနေတဲ့ နေထူးနိုင်
ယူနီကုဒ်ဖြင့် ဖတ်ရန်
နယ်ပရိသတ်တွေ တခဲနက်အားပေးကြမ်းတဲ့ အက်ရှင်မင်းသားနေထူးနိုင်ကတော့ အက်ရှင်လောကမှာ ပရိသတ်အကြိုက်တွေ့တဲ့ မင်းသားတစ်လက်လို့ဆိုရမှာပါ။ နေထူးနိုင်က အက်ရှင်ကားတွေမှာ အမိုက်စားတိုက်ကွက်တွေနဲ့သရုပ်ဆောင်
အက်ရှင်မင်းသားကောင်းတစ်ယောက်ဖြစ်တယ် ဆိုရင်လည်းမမှားပါဘူး။ နေထူးနိုင်ကတော့ သူ့ရဲ့နေ့စဉ်လှုပ်ရှားမှုပုံရိပ်လေးတွေကို ပရိသတ်တွေကိုအမြဲလိုလိုမျှဝေပေးနေတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ လတ်တလောမှာတော့
သူ့စိတ်နဲ့သူ့ခံယူချက်တစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ်။ ကျွန်တော်ဘာမှာမတတ်ပါ သို့သော် ပတ်ဝန်းကျင်ကောင်းရှိသည် တတ်လွန်း/သိလွန်းရင်လူရာနဲ့နေရာ အပေးမခံရတဲ့ ခေတ်မှာ ကျွန်တော် တတ်/သိတာတွေအား
ကျွန်တော်ကိုအလိုရှိတဲ့နေရာမှာပဲအသုံးချနေပါသည် ဆိုတဲ့စာသားလေးနဲ့အတူ ဖိုက်တင်လေ့ကျင့်နေတဲ့ သူ့ရဲ့ ပုံရိပ်လေးတွေကိုပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ်။ ပရိသတ်တွေကတော့ ယုံကြည်ချက်ရှိရှိနဲ့ ရပ်တည်နေတဲ့မင်းသားမို့
ရင်ထဲကအားပေးနေပါတယ် တခါတလေဟာသအနေနဲ့ Troll မိတာပြောမိတာခွင့်လွတ်ပေးပါလို့လည်း ကြည်နူးဖွယ်မှတ်ချက်လေးတွေ ရေးသားထားကြတာတွေ့ရပါတယ်။ ပရိသတ်တွေအများကြီးက သူ့ရဲ့ခံယူချက်အတွက်
လေးစားကြောင်းမှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်