မေကာင္းဆိုးဝါး ဝင္ပူးလို႔ဆိုၿပီး ခယ္မေတာ္စပ္သူကို သားမယားျပဳက်င့္ခဲ့တဲ့ အမ်ိဳးသားတစ္​ဦး

လည္လွည့္စားခံရတယ္ဆိုတဲ့အရာက ေတာ္ေတာ္ေလးကိုခံရခက္ပါတယ္။ ဒီတစ္ေခါက္မွာလည္းအမ်ိဳးသမီးတစ္ဦးသာ လက္ထပ္ၿပီး 4လသာေပါင္းသင္းခဲ့ရေသးတဲ့ ခင္ပြန္းျဖစ္သူဟာသူမ၏ 14ႏွစ္အ႐ြယ္သာရွိေသးတဲ့ ညီမျဖစ္သူကို သားမယားျပဳက်င့္ခဲ့တဲ့ အျဖစ္အပ်က္နဲ႔မ်က္ျမင္ႀကဳံေတြ႔ခဲ့ရပါတယ္။

အသက္ 26ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ အမ်ိဳးသမီးႏွင့္ ခင္ပြန္းျဖစ္သူ M Faisal အမည္ရွိအသက္ 26ႏွစ္အ႐ြယ္တို႔ဟာ ၿပီးခဲ့တဲ့ April လကမွလက္ထပ္ထားခဲ့ၾကတာပါ။ ၎တို႔ေနထိုင္ၾကေသာ ေနအိမ္တြင္ 14ႏွစ္အ႐ြယ္ညီမျဖစ္သူအပါအဝင္ မိသားစုဝင္ 3ဦးသာရွိေၾကာင္း သိရွိရပါတယ္။၎တို႔ဟာ အင္ဒိုနီးရွားနိုင္ငံ၊ Surabaya ၿမိဳ႕မွာရွိတဲ့တန္ဖိုးနဲတဲ့ေနအိမ္မွာေပ်ာ္႐ႊင္စြာအတူေနထိုင္ခဲ့ၾကပါတယ္။

သို႔္ေပမဲ့လည္း ေနာက္ပိုင္းမွာေတာ့ Faisal ဟာ ေယာင္းမေတာ္စပ္သူ ေရခ်ိဳးေနခ်ိန္ ဒါမွမဟုတ္ အဝတ္လဲေနခ်ိန္ေတြမွာမၾကာခဏဆိုသလိုေခ်ာင္းၾကည့္ခဲ့ပါတယ္။တစ္ရက္မွာေတာ့ Faisal ဟာလုံးဝစိတ္မထိန္းနိုင္ေတာ့ဘဲ ခယ္​မေတာ္စပ္သူကို သားမယားျပဳက်င့္ခဲ့ပါေတာ့တယ္။ဇနီးျဖစ္သူအိမ္မွာမရွိတဲ့အခ်ိန္မ်ိဳးကို အခြင့္ေကာင္းယူၿပီး 14ႏွစ္အ႐ြယ္ ခယ္​မေတာ္စပ္သူကို 7ႀကိမ္ခန႔္ သားမယားျပဳက်င့္ခဲ့ပါတယ္။

ကံေကာင္းစြာနဲ႔ပဲ တစ္ရက္မွာေတာ့ အစ္မျဖစ္သူအိမ္ျပန္ေရာက္လာခ်ိန္မွာ ႏွစ္ေယာက္လုံးအဝတ္ဗလာႏွင့္ေရခ်ိဳးေနခဲ့တာကိုေတြ႕ရွိခဲ့ၿပီးေနာက္ အစ္မျဖစ္သူဟာရဲစခန္းသို႔ ခ်က္ခ်င္းအေၾကာင္းၾကားၿပီး တိုင္ၾကားခဲ့ပါေတာ့တယ္။

ေမးခြန္မ်ားစစ္ေမးခဲ့ခ်ိန္မွာေတာ့ ညီမျဖစ္သူမွာ အစ္မျဖစ္သူ၏အိမ္ေထာင္ေရးပ်က္စီးသြားမည္ဆိုးေသာေၾကာင့္ ႏႈတ္ပိတ္ၿပီးသာေနဖို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့ျခင္းျဖစ္ေၾကာင္းေျပာဆိုခဲ့ပါတယ္။သူမကို သားမယားျပဳက်င့္ခ်ိန္ေတြမွာ သူမ၏လက္ႏွစ္ဖက္လုံးကိုဆုပ္ကိုင္ထားခဲ့ၿပီး ေအာ္ဟစ္ျခင္းမ်ိဳးမျပဳလုပ္ရန္လဲ ၿခိမ္းေျခာက္ခဲ့ေၾကာင္း ထပ္ေလာင္းေျပာဆိုခဲ့ပါတယ္။

Faisal မွာလည္း 14ႏွစ္အ႐ြယ္ခယ္​မျဖစ္သူကို သားမယားျပဳက်င့္ခဲ့ျခင္းမွာ အဆိုပါအခ်ိန္တြင္ မေကာင္းဆိုးဝါပူးကပ္ေနေသာေၾကာင့္ျဖစ္ေၾကာင္း ျပစ္ဒဏ္ေလ်ာ့ေပါ့ေစရန္ လိမ္လည္ထြက္ဆိုခဲ့ပါတယ္။ သို႔ေပမဲ့လည္း Faisal ဟာအျမင့္ဆုံးေထာင္ဒဏ္ 15ႏွစ္ခန႔္က်ခံရနိုင္ေခ်ရွိေၾကာင္း သိရွိရပါတယ္။ ခရက္​ဒစ္​

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

လည်လှည့်စားခံရတယ်ဆိုတဲ့အရာက တော်တော်လေးကိုခံရခက်ပါတယ်။ ဒီတစ်ခေါက်မှာလည်းအမျိုးသမီးတစ်ဦးသာ လက်ထပ်ပြီး 4လသာပေါင်းသင်းခဲ့ရသေးတဲ့ ခင်ပွန်းဖြစ်သူဟာသူမ၏ 14နှစ်အရွယ်သာရှိသေးတဲ့ ညီမဖြစ်သူကို သားမယားပြုကျင့်ခဲ့တဲ့ အဖြစ်အပျက်နဲ့မျက်မြင်ကြုံတွေ့ခဲ့ရပါတယ်။

အသက် 26နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အမျိုးသမီးနှင့် ခင်ပွန်းဖြစ်သူ M Faisal အမည်ရှိအသက် 26နှစ်အရွယ်တို့ဟာ ပြီးခဲ့တဲ့ April လကမှလက်ထပ်ထားခဲ့ကြတာပါ။ ၎င်းတို့နေထိုင်ကြသော နေအိမ်တွင် 14နှစ်အရွယ်ညီမဖြစ်သူအပါအဝင် မိသားစုဝင် 3ဦးသာရှိကြောင်း သိရှိရပါတယ်။၎င်းတို့ဟာ အင်ဒိုနီးရှားနိုင်ငံ၊ Surabaya မြို့မှာရှိတဲ့တန်ဖိုးနဲတဲ့နေအိမ်မှာပျော်ရွှင်စွာအတူနေထိုင်ခဲ့ကြပါတယ်။

သို့်ပေမဲ့လည်း နောက်ပိုင်းမှာတော့ Faisal ဟာ ယောင်းမတော်စပ်သူ ရေချိုးနေချိန် ဒါမှမဟုတ် အဝတ်လဲနေချိန်တွေမှာမကြာခဏဆိုသလိုချောင်းကြည့်ခဲ့ပါတယ်။တစ်ရက်မှာတော့ Faisal ဟာလုံးဝစိတ်မထိန်းနိုင်တော့ဘဲ ခယ်မတော်စပ်သူကို သားမယားပြုကျင့်ခဲ့ပါတော့တယ်။ဇနီးဖြစ်သူအိမ်မှာမရှိတဲ့အချိန်မျိုးကို အခွင့်ကောင်းယူပြီး 14နှစ်အရွယ် ခယ်မတော်စပ်သူကို 7ကြိမ်ခန့် သားမယားပြုကျင့်ခဲ့ပါတယ်။

ကံကောင်းစွာနဲ့ပဲ တစ်ရက်မှာတော့ အစ်မဖြစ်သူအိမ်ပြန်ရောက်လာချိန်မှာ နှစ်ယောက်လုံးအဝတ်ဗလာနှင့်ရေချိုးနေခဲ့တာကိုတွေ့ရှိခဲ့ပြီးနောက် အစ်မဖြစ်သူဟာရဲစခန်းသို့ ချက်ချင်းအကြောင်းကြားပြီး တိုင်ကြားခဲ့ပါတော့တယ်။

မေးခွန်များစစ်မေးခဲ့ချိန်မှာတော့ ညီမဖြစ်သူမှာ အစ်မဖြစ်သူ၏အိမ်ထောင်ရေးပျက်စီးသွားမည်ဆိုးသောကြောင့် နှုတ်ပိတ်ပြီးသာနေဖို့ ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။သူမကို သားမယားပြုကျင့်ချိန်တွေမှာ သူမ၏လက်နှစ်ဖက်လုံးကိုဆုပ်ကိုင်ထားခဲ့ပြီး အော်ဟစ်ခြင်းမျိုးမပြုလုပ်ရန်လဲ ခြိမ်းခြောက်ခဲ့ကြောင်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။

Faisal မှာလည်း 14နှစ်အရွယ်ခယ်မဖြစ်သူကို သားမယားပြုကျင့်ခဲ့ခြင်းမှာ အဆိုပါအချိန်တွင် မကောင်းဆိုးဝါပူးကပ်နေသောကြောင့်ဖြစ်ကြောင်း ပြစ်ဒဏ်လျော့ပေါ့စေရန် လိမ်လည်ထွက်ဆိုခဲ့ပါတယ်။ သို့ပေမဲ့လည်း Faisal ဟာအမြင့်ဆုံးထောင်ဒဏ် 15နှစ်ခန့်ကျခံရနိုင်ချေရှိကြောင်း သိရှိရပါတယ်။ ခရက်ဒစ်