ဆြတ္ပ်ံ႕ေသာ အခ်စ္ဇာတ္လမ္း တစ္ပုဒ္ (သို႔မဟုတ္) ေရနံ႔သာခင္ခင္ႀကီးရဲ႕အိမ္​​ေလးအ​ေၾကာင္​း

ေရနံေခ်ာင္းၿမိဳ႕ကေလးမွာ ဧရာ၀တီျမစ္ကမ္းပါးကို ေမးတင္ေဆာက္ထားတဲ့ ၿမိဳ႕ခံလူေတြကေတာ့ “ေရနံသာ ခင္ခင္ႀကီး” အိမ္လို႔ေခၚၾကတဲ့ အိမ္အႀကီးႀကီး တစ္လံုးရိွပါတယ္။ အိမ္ကစေနနံဘုရားနဲ႔ လမ္းသြယ္သြယ္ကေလးတစ္ခုပဲ ျခားပါတယ္။ တစ္ရက္မွာအဲဒီအိမ္ႀကီးကို

က်မၾကားဖူးနား၀နဲ႔ စပ္စပ္စုစုအလည္ေရာက္ခဲ့ပါတယ္။ စေနနံဘုရားအေျခမွာထိုင္ေနတဲ့ အဖိုးအိုကို “ေရနံ႔သာခင္ခင္ႀကီးအိမ္ ၾကည့္ခ်င္လို႔အဘ” ဆိုေတာ့အိမ္ႀကီးဆီကိုလမ္းညႊန္ျပေပးပါတယ္။ အိမ္ရဲ႕ ျခံစည္းရိုးေတြကလံုး၀နီးပါး ၿပိဳပ်က္ေနပါတယ္။ တစ္ခ်ိန္တခါကအကာအရံျဖစ္ခဲ့ပံုရတဲ့

အုတ္ရိုးထူထူေတြကိုေတြ႔ရပါတယ္။ ျမစ္ကမ္းနားမွာမို႔ေရတိုက္စားမႈကိုအုတ္ရိုးေတြနဲ႔ကာကြယ္ ထားခဲ့ပံုပါဘဲ။ အိမ္ေရွ႕မွာေတာ့ ျမတ္ေလးပန္းရံုကေလးကိုခပ္ပါးပါး ေတြ႔ရတယ္။ အိမ္ကို ေဘးကေန လွည့္ပတ္ၾကည့္ေတာ့အႏုစိတ္လက္ရာ အလွအပေတြကိုေတြ႔ရပါေသးတယ္။

တခ်ိန္တုန္းကေတာ့သိပ္ကိုလွပခံ့ညားခဲ့မွာပါ။ အိမ္ထဲကို အသံျပဳၾကည့္ေတာ့ အသက္ ၄၅ ႏွစ္အ႐ြယ္ေလာက္ ခပ္ပိန္ပိန္ အမ်ိဴးသားတစ္ေယာက္ ထြက္လာပါတယ္။ ေက်ာင္းဆရာတဲ့။ ဒီအိမ္ႀကီးရဲ႕အမ်ိဳးေတာ္စပ္တယ္လို႔ ေျပာပါတယ္။ အိမ္ႀကီးက ႏွစ္ ၁၀၀ ေက်ာ္ၿပီမို႔တခ်ိဳ႕ေနရာေတြ

ဘိလပ္ေျမနဲ႔ မံၿပီးျပင္ထားရတယ္လို႔လည္း ေျပာျပပါတယ္။ “အိမ္အျပင္ကိုေတာ့ ၾကည့္ပါ၊ အိမ္ထဲကေတာ့ရႈပ္ပြေနတာမို႔မၾကည့္ပါနဲ႔”လို႔ ေျပာပါတယ္။ စိတ္ရင္းအတိုင္းေျပာတာသိသာတာမို႔ က်မတို႔လည္း အတင္းမေတာင္းဆိုပါ။ မသိမသာေလး ခိုးၾကည့္ေတာ့လည္းသူေျပာသလိုပဲ၊

အေဟာင္းအျမင္းေတြနဲ႔ ရႈပ္ပြေနတာပဲ ျမင္ခဲ့ရပါတယ္။ အဲဒီလိုအိမ္အို အိမ္ေဟာင္းလွလွႀကီးေတြ ျမင္တိုင္း ၀မ္းသာသလိုလို၊ ၀မ္းနည္းသလိုလို၊ ပ်က္စီးသြားမွာစိုးရိမ္သလိုလိုအၿမဲခံစားမိပါတယ္။ အားနာတာေရာ၊ အခ်ိန္နည္းေနတာေၾကာင့္ေရာ က်မတို႔ဒီထက္ပိုၿပီးမစပ္စုခဲ့မိၾကပါဘူး။

၀တၱဳကိုမဖတ္ရေသးတာလည္းပါပါတယ္။ စာေရးဆရာ ေမာင္သိန္းဆိုင္ရဲ႕ “ေရနံ႔သာခင္ခင္ႀကီး” ၀တၱဳကစာေပေလာကမွာလူသိမ်ားလွသလို စာေရးသူအသက္ ၃၀ အရြယ္မွာေရးခဲ့တဲ့သူ႔ရဲ႕ စာေရးသက္တေလွ်ာက္မွာအေကာင္းဆံုးလက္ရာလို႔ ဆိုစမွတ္ျပဳၾကပါတယ္။ အိမ္ႀကီးကိုေရာက္ၿပီး

၂ လေလာက္ၾကာေတာ့မွစာအုပ္စုတဲ့ညီမေလးတစ္ေယာက္ဆီကက်မရွာေနတဲ့ “ေရနံ႔သာခင္ခင္ႀကီး” ၀တၱဳကိုဖတ္ရေတာ့တာပါ။ ေရငတ္တုန္း ေရတြင္းထဲက်သလိုပါပဲ။ အဂၤလိပ္ကိုလိုနီ ေခတ္ေႏွာင္းပိုင္း၊ ဒုတိယကမ႓ာစစ္ကာလကို ေနာက္ခံျပဳေရးဖြဲ႔ထားတဲ့ ေရနံတြင္းရိုးတြင္းစား

သူေဌးမိသားစုႏွစ္စုရဲ႕အခ်စ္နဲ႔ ရန္ၿငိဳး ျမင္ကြင္းက်ယ္၀တၱဳရွည္ႀကီး ျဖစ္ပါတယ္။ လက္ကမခ်ခ်င္ေအာင္ ဆြဲေဆာင္မႈ ရိွပါတယ္။ ဇာတ္လမ္း အက်ဥ္းခ်ဳပ္ကေလးကို ဒီေနရာကေန မွ်ေ၀ခ်င္မိပါတယ္။ ၀တၱဳထဲမွာေရနံ႔သာဆိုတဲ့ ၿမိဳ႕အမည္ ျဖစ္ေပၚလာပံုကိုလည္း ဇာတ္လမ္းအစမွာ

မွတ္သားခဲ့ရပါတယ္။ ေရွးဘုရင္ေခတ္ကေရနံကို စတင္ေတြ႔ရိွခဲ့ခ်ိန္မွာ သူ႔ရဲ႕ အနံ႔ကသင္းပ်ံ႕တဲ့အတြက္ေတြ႔တဲ့အရပ္ကို “ေရနံ႔သာ”လို႔ေခၚခဲ့ပါသတဲ့။ ေနာင္အခါမွာ ဘုရင္မင္းက ဧရာ၀တီျမစ္ဆိပ္မွာေရခ်ိဴးဆင္းတဲ့မိဘုရား ၇ ေဖာ္ကိုအခ်ိန္မီျပန္မေရာက္လို႔အမ်က္ရွၿပီးကြပ္မ်က္တဲ့အခါ

ေျမေအာက္သယံဇာတျဖစ္တဲ့ေရနံဟာလည္း အေမႊးနံ႔ေတြ ကြယ္ေပ်ာက္လို႔နံလာတဲ့အတြက္ “ေရနံ”အမည္တြင္လာရသလို ၿမိဳ႕ရဲ႕ အမည္ကလည္း “ေရနံေခ်ာင္း” ျဖစ္လာရပါသတဲ့။ အဲဒီေရနံေခ်ာင္းၿမိဳ႕ကဦးေကာင္းမိုးနဲ႔ဦးေအာင္ခန္႔ဆိုတဲ့ ေရနံတြင္းသူေဌးႏွစ္ေယာက္ရဲ႕အမုန္းအားၿပိဳင္မႈ

ကေန ဦးေကာင္းမိုးရဲ႕ သား “ေမာင္ေမာင္ဦး” နဲ႔ ဦးေအာင္ခန္႕ရဲ႕သမီး “ခင္ခင္ႀကီး” တို႔ရဲ႕ အခ်စ္လြန္ဆြဲမႈကို စာေရးဆရာက ကေလာင္စြမ္းနဲ႔ သရုပ္ေဖာ္ထားပါတယ္။ မ်ိဳးနဲ႔ရိုးနဲ႔ေရနံတြင္းပိုင္တဲ့ “တြင္းရိုး” ဦးေကာင္းမိုးကသူနဲ႔အခ်စ္လုဖက္ျဖစ္တဲ့ “ေတာင္ပံနီတြင္းစား” ဦးေအာင္ခန္႔ကို

အမုန္းႀကီးမုန္းပါတယ္။ ေဒသအေခၚအရ ေတာင္ပံနီ ဆိုတာက သူခိုးဂ်ပိုးလို႔ အဓိပၸာယ္ရေပမယ့္ “ေတာင္ပံနီတြင္းစား” ဆိုတာက ကိုယ့္ဘာသာကိုယ္ ႀကိဳးစားၿပီး ေရနံတြင္းပိုင္ ျဖစ္လာတာကို ေျပာတာပါ။ “တြင္းရိုး”ေတြက ေယာက်္ားမ်ိဳး၊ မိန္းမမ်ိဳး ဆိုၿပီးကြဲျပားၾကပါတယ္။ ေယာက်္ားမ်ိဳးက

သားေတြကိုသာအေမြေပးၿပီး၊ မိန္းမမ်ိဳးကေတာ့ သမီးေတြကသာေရနံတြင္းရိုးအစဥ္ကိုဆက္ခံရပါတယ္။ ဦးေအာင္ခန္႔ရဲ႕ဇနီး ေဒၚျမေလးက တြင္းရိုးျဖစ္တဲ့အတြက္ သမီးခင္ခင္ႀကီးကအေမြခံပါ။ ဦးေအာင္ခန္႔စီးပြားတက္ေလေလ၊ ဦးေကာင္းမိုးကမနာလိုစိတ္ ႀကီးေလေလပါ။ သူကိုယ္တိုင္က

လက္ေၾကာမတင္းတဲ့အတြက္စည္းစိမ္ေတြ ေလ်ာ့သထက္ ေလ်ာ့ေနသူ တစ္ေယာက္ပါ။ ဦးေအာင္ခန္႔ကို လူလႊတ္ၿပီး မီးရိႈ႕တဲ့အထိ ၾကံစည္ခဲ့ဖူးပါတယ္။ တဖက္မွာေတာ့ေမာင္ေမာင္ဦးနဲ႔ ခင္ခင္ႀကီးအကို ခင္ေမာင္ညြန္႔ကရန္ကုန္မွာ ေက်ာင္းေနဖက္ေတြပါ။ လူႀကီးေတြကြယ္ရာမို႔

သူတို႔ခ်င္း ခင္ခင္မင္မင္ ရိွၾကပါတယ္။ ဒီလိုနဲ႔ သူတို႔ တကၠသိုလ္ကျပန္လာခ်ိန္မွာ အိမ္ကလူေတြ သေဘာၤဆိပ္ကိုဆင္းၿပီး တခမ္းတနားႀကိဳၾကပါတယ္။ အဲဒီမွာ ၁၆ အရြယ္လွေသြးႂကြယ္စ ခင္ခင္ႀကီးကိုေမာင္ေမာင္ဦးကသတိထားမိၿပီးစိတ္၀င္ စားမိသြားပါတယ္။ သိပ္မၾကာခင္

ဘုရားပြဲတစ္ခုမွာ အိမ္နဲ႔လူအုပ္ကြဲသြားတဲ့ ခင္ခင္ႀကီးနဲ႔ ထပ္ေတြ႕ၿပီးခ်စ္ဇာတ္လမ္း စခဲ့ၾကပါတယ္။ တစစနဲ႔ အိမ္ေနာက္မွာညဖက္ခ်ိန္းေတြ႔တဲ့အထိ ျဖစ္ၿပီး နယ္ကြၽံစည္းကြၽံ ျဖစ္ခဲ့ၾကပါတယ္။ တဖက္မွာလည္း ခင္ေမာင္ၫြန္႔နဲ႔ အလုပ္သမားတန္းလ်ားကမိန္းကေလး မ၀င္းရီနဲ႔ကလည္း

ခ်စ္ႀကိဳက္ေနၾကပါတယ္။ အဲဒီမွာတင္ ဦးေအာင္ခန္႔က သားကိုအိမ္ကႏွင္ခ်ပါတယ္။ ခင္ခင္ႀကီး ကိုယ္၀န္ရိွတာသိတဲ့အခ်ိန္မွာေတာ့ ဦးေအာင္ခန္႔ရဲ႕ ေဒါသေတြ အထြတ္အထိပ္ေရာက္ေတာ့တာပါပဲ။ သမီးကိုလည္း အိမ္ကေနေမာင္းထုတ္လိုက္ပါတယ္။ ခင္ခင္ႀကီးကေမာင္ေမာင္ဦးကို

ရန္ကုန္ဆင္းရွာေပမယ့္လူခ်င္းလြဲသြားခဲ့ပါတယ္။ ၿမိဳ႕ကိုျပန္လာေတာ့ ၿမိဳ႕အ၀င္မွာေတာင္က်ေခ်ာင္းေရစီးလို႔ ေရထဲေျမာၿပီး ေသမလို ျဖစ္ခဲ့ျပန္ပါတယ္။ အဲဒီမွာေရနံေျမအလုပ္သမားကိုညိဳထြန္းက ကယ္ဆယ္ေစာင့္ေရွာက္ထားခဲ့လို႔ေက်ာက္ပန္းေတာင္းမွာဇာတ္ျမွဳပ္ၿပီးသမီး​ေလးေမြးခဲ့ရပါတယ္။

သတင္းအစအနမရေတာ့တဲ့ ခင္ခင္ႀကီးကို အလြန္ခ်စ္တဲ့ ဖြားေအႀကီးအိပ္ယာထဲလဲၿပီး ေသခါနီးျဖစ္ေနခ်ိန္မွ ခင္ခင္ႀကီးကိုေရနံ႔သာအိမ္ေတာ္က လူယံုႀကီးက ျပန္ေတြ႔သြားခဲ့ပါတယ္။ ဖြားေအႀကီးကို ျပန္ေတြ႔ဖို႔ သြားရာမွာအေဖျဖစ္သူက “တစ္ေယာက္တည္းလာခဲ့ရမယ္” ဆိုလို႔ကေလးကို

ခဏအပ္ထားခဲ့ရပါတယ္။ ခင္ခင္ႀကီးလက္ေပၚမွာ ဘြားေအႀကီးဆံုးသြားပါတယ္။ မၾကာခင္ဘဲ ဒုတိယကမ႓ာစစ္ႀကီး ျဖစ္လာလို႔ေျပးၾကလႊားၾကနဲ႔ ကေလးကိုခဏေမြးေပးထားတဲ့မိသားစုလည္း ေပ်ာက္သြားပါတယ္။ ခင္ခင္ႀကီးရဲ႕ေသာကေတြက ဒီမွာတင္ မရပ္ေသးပါဘူး။ ဂ်ပန္ေတြ

၀င္လာခ်ိန္မွာဂ်ပန္အလိုေတာ္ရိ ျဖစ္လာတဲ့ ဦးေကာင္းမိုးကဦးေအာင္ခန္႔ကိုအကြက္ဆင္ၿပီး အဖမ္းခံရေအာင္ လုပ္ပါတယ္။ ၿမိဳ႕ကိုျပန္ေရာက္လာတဲ့ ေမာင္ေမာင္ဦးကဖခင္ကိုေတာင္းပန္ၿပီး ဦးေအာင္ခန္႔လြတ္လာေအာင္၊ ဒါမွလည္းသူနဲ႔ ခင္ခင္ႀကီးျပန္ၿပီးနီးစပ္လာေအာင္ ႀကိဳးစားပါတယ္။

ဒါေပမယ့္ဦးေအာင္ခန္႔ကဦးေကာင္းမိုးရဲ႕ မေထမဲ့ျမင္စကားေတြကိုသည္းမခံႏိုင္လို႔အခ်ဴပ္ထဲမွာ သတ္ပုတ္လံုးေထြးရာကေနဂ်ပန္စစ္သားက ေသနတ္နဲ႔ပစ္သတ္ခံခဲ့ရပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးကေ၀းသထက္ေ၀းခဲ့ၾကပါၿပီ။ စစ္ၿပီးခ်ိန္မွာေတာ့ခင္ခင္ႀကီးလည္းေရနံေခ်ာင္းကို

စြန္႔ခြာၿပီးရန္ကုန္ၿမိဳ႕မွာအေျခခ်ေနထိုင္ခဲ့ပါတယ္။ “ေရနံ႔သာ ကုမၸဏီ” ကိုေထာင္ၿပီးစီးပြားရွာပါတယ္။ ရုပ္ရည္ေရာ၊ ဥစၥာဓနပါ ျပည့္စံုတဲ့ခင္ခင္ႀကီးကို ခ်စ္လိုခင္လိုသူေတြ၀ိုင္း၀ိုင္းလည္ေနေပမယ့္ သူမကေတာ့လံုး၀စိတ္မ၀င္စားခဲ့ပါ။ အသည္းႏွလံုးက ဒဏ္ရာဒဏ္ခ်က္ေတြနဲ႔

မာေၾကာေနခဲ့ၿပီထင့္။ သူမကိုအမ်ားက“ေဒၚေရနံ႔သာ ခင္ခင္ႀကီး” လို႔ ေခၚၾကသလိုသူမကလည္း အဲသလိုေခၚမွ ႀကိဳက္သည္တဲ့။ ဦးေကာင္းမိုးကေတာ့ဇနီးသည္လည္းဆံုး၊ စီးပြားလည္းပ်က္တဲ့အျပင္၊ မေကာင္းတဲ့မိန္းမကိုအိမ္ေပၚတင္ထားတဲ့အထိပ်က္စီးခဲ့ၿပီး၊ ေနာက္ဆံုးသူ႔ရဲ႕အကုသိုလ္ေတြ

ေျခာက္လွန္႔ခံရကာရူးသြပ္သြားခဲ့ပါတယ္။ ၿမိဳ႕ေပၚကေနေျခရာေဖ်ာက္သြားတဲ့ေမာင္ေမာင္ဦးကလည္းတခါတရံရန္ကုန္ကခင္ခင္ႀကီးအိမ္ေရွ႕ကို မေယာင္မလည္လာၾကည့္တတ္ပါတယ္။ ေမာင္ေမာင္ဦးကိုယ္တိုင္ကေတာ့က်မ္းမာေရးအလြန္ခ်ိဳ႕ တဲ့ေနပါၿပီ။ ကံမေကာင္းစြာနဲ႔သူတို႔ႏွစ္ေယာက္

အေၾကာင္းသိခဲ့ဖူးတဲ့ငယ္သူငယ္ခ်င္းက ေမာင္ေမာင္ဦးအမည္ကိုအလြဲသံုးစားလုပ္ၿပီး ခင္ခင္ႀကီးကို ေငြညွစ္ခဲ့တာ၊ သမီးေလးနဲ႔ရုပ္ခ်င္းဆင္လို႔ ခင္ခင္ႀကီးေမြးစားထားတဲ့မိန္းကေလးကိုေမာင္ေမာင္ဦးကဒုကၡေပးတယ္လို႔အထင္လြဲတာေရာၿပီး၊ ေနာက္ဆံုးခင္ခင္ႀကီးကေသနတ္နဲ႔ပစ္ဖို႔

လုပ္ပါတယ္။ “အစ္ကိုရွင္းျပပါရေစညီမရယ္” လို႔ အတန္တန္ေတာင္းပန္ေပမယ့္ခင္ခင္ႀကီးရဲ႕ နားမွာမခ်ိဳ မၾကားလိုေတာ့ၿပီ။ ေနာက္ဆံုးေတာ့ အမုန္းေႂကြးေတြကိုအသက္နဲ႔သာေပးဆပ္ေတာ့မယ္လို႔ဆံုးျဖတ္ၿပီးေသနတ္နဲ႔အပစ္ခံလိုက္သည္။ က်ည္ဆံတစ္ခ်က္အထြက္မွာ

“ညီမ- ေျပး၊ ေျပး” လို႔စိုးရိမ္စိတ္နဲ႔ သတိေပးခဲ့ျပန္သည္။ ခင္ခင္ႀကီးကေတာ့ရဲစခန္းကိုသာတန္းသြားၿပီး အဖမ္းခံခဲ့ေတာ့သည္။ ၀တၱဳေလးရဲ႕ အဖြင့္က အခ်ဳပ္ခန္းထဲမွာ ၃ ႏွစ္တိတိေနေနရတဲ့ ေဒၚေရနံ႔သာခင္ခင္ႀကီးက သူမရဲ႕ ၄၅ ႏွစ္ေျမာက္ ေမြးေန႔မွာေနာက္ေၾကာင္းျပန္စဥ္းစားပံု

ကေလးေတြကိုစီကာစဥ္ကာေရးဖြဲ႔ထားသည္။ ေနာက္ဆံုးတရားရံုးဆံုးျဖတ္ခ်က္ကေတာ့ နာက်င္ဖြယ္အတိတ္၊ ေသသူရဲ႕ယိုယြင္းေနတဲ့ က်န္းမာေရး၊ တေတာင့္တည္းေသာက်ည္ျဖစ္ျခင္း၊ အခ်ဴပ္ ၃ ႏွစ္ခံၿပီးျဖစ္ျခင္းစတာေတြေၾကာင့္ ေဒၚေရနံ႔သာခင္ခင္ႀကီးကိုတရားေသ

လႊတ္လိုက္ေတာ့သည္။ အခ်ဴပ္ကလႊတ္လာတဲ့ ခင္ခင္ႀကီးကိုလာႀကိဳသူေတြကေလဆိပ္ကိုတန္းေခၚသြားသည္။ သူမရဲ႕သမီးအရင္းကေလး “ႏြယ္ႏြယ္ထြန္း” ကေမြးစားမိဘေတြရဲ႕ပ်ိဳးေထာင္မႈေအာက္မွာႏိုင္ငံျခားကေနေတာင္ပညာသင္ၿပီး ျပန္လာၿပီတဲ့။ ဇာတ္လမ္းကအေပ်ာ္နဲ႔

ဇာတ္သိမ္းထားေပမယ့္ရင္ထဲမွာေဆြးလို႔သာ က်န္ခဲ့သည္။ ခ်စ္ကံေခတဲ့ခင္ခင္ႀကီးနဲ႔ေမာင္ေမာင္ဦး၊ အဘိဇၥ်ာႀကီးတဲ့ဦးေကာင္းမိုးနဲ႔အတၱႀကီးတဲ့ ဦးေအာင္ခန္႔တို႔ရဲ႕ပံုရိပ္ေတြကအေတြးထဲမွာတရစ္၀ဲ၀ဲ။ “ဓါတ္ပံုေကာင္းေတာ့ပန္းခ်ီလို၊ ပန္းခ်ီေကာင္းေတာ့ ဓါတ္ပံုလို” ဆိုတဲ့စကားလိုပဲ

“၀တၱဳဆန္ေသာဘ၀” ရိွရင္ “ဘ၀ဆန္ေသာ ၀တၱဳ” ေတြ ရိွေနတာပါပဲ။ ဒီမိသားစုေတြ အျပင္မွာတကယ္ရိွခဲ့သလားလို႔ထင္မွတ္မွားစရာ ျဖစ္ေနသည္။ ခင္ခင္ႀကီးအျပင္မွာတကယ္ရိွခဲ့သလား၊ ၀တၱဳေရးသူကေတာ့တကယ့္ျဖစ္ရပ္ပါ လို႔ ေရးမထား။ ေဒသခံတခ်ိဴ႕ကေတာ့

အခုအိမ္ႀကီးမွာတကယ္ပဲစီးပြားပ်က္သြားတဲ့ သူေဌးႀကီးတစ္ေယာက္ရိွခဲ့ဖူးသတဲ့။ သမီးရိွ၊မရိွေတာ့ မသိ။ သူေဘးသင့္ရတာကလည္း (စေနနံ) ဘုရားရိ္ပ္မွာ အိမ္ေဆာက္ေနလို႔ ဆိုၿပီး အယူရိွသူမ်ားကေျပာၾကသည္။ ဘာပဲျဖစ္ျဖစ္ေမာင္သိန္းဆိုင္ကဒီအိမ္ႀကီးကိုအေျခခံၿပီးေရးခဲ့တာေတာ့

အမွန္ပဲလို႔ဆိုသည္။ က်မအတြက္ေတာ့ “ေရနံ႔သာခင္ခင္ႀကီး” ဟာဆြတ္ပ်ံ႕တဲ့ အခ်စ္ဇာတ္လမ္းေလး တစ္ပုဒ္ပါပဲ။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္ မိုးစက္ပြင့္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ရေနံချောင်းမြို့ကလေးမှာ ဧရာဝတီမြစ်ကမ်းပါးကို မေးတင်ဆောက်ထားတဲ့ မြို့ခံလူတွေကတော့ “ရေနံသာ ခင်ခင်ကြီး” အိမ်လို့ခေါ်ကြတဲ့ အိမ်အကြီးကြီး တစ်လုံးရှိပါတယ်။ အိမ်ကစနေနံဘုရားနဲ့ လမ်းသွယ်သွယ်ကလေးတစ်ခုပဲ ခြားပါတယ်။ တစ်ရက်မှာအဲဒီအိမ်ကြီးကို

ကျမကြားဖူးနားဝနဲ့ စပ်စပ်စုစုအလည်ရောက်ခဲ့ပါတယ်။ စနေနံဘုရားအခြေမှာထိုင်နေတဲ့ အဖိုးအိုကို “ရေနံ့သာခင်ခင်ကြီးအိမ် ကြည့်ချင်လို့အဘ” ဆိုတော့အိမ်ကြီးဆီကိုလမ်းညွှန်ပြပေးပါတယ်။ အိမ်ရဲ့ ခြံစည်းရိုးတွေကလုံးဝနီးပါး ပြိုပျက်နေပါတယ်။ တစ်ချိန်တခါကအကာအရံဖြစ်ခဲ့ပုံရတဲ့

အုတ်ရိုးထူထူတွေကိုတွေ့ရပါတယ်။ မြစ်ကမ်းနားမှာမို့ရေတိုက်စားမှုကိုအုတ်ရိုးတွေနဲ့ကာကွယ် ထားခဲ့ပုံပါဘဲ။ အိမ်ရှေ့မှာတော့ မြတ်လေးပန်းရုံကလေးကိုခပ်ပါးပါး တွေ့ရတယ်။ အိမ်ကို ဘေးကနေ လှည့်ပတ်ကြည့်တော့အနုစိတ်လက်ရာ အလှအပတွေကိုတွေ့ရပါသေးတယ်။

တချိန်တုန်းကတော့သိပ်ကိုလှပခံ့ညားခဲ့မှာပါ။ အိမ်ထဲကို အသံပြုကြည့်တော့ အသက် ၄၅ နှစ်အရွယ်လောက် ခပ်ပိန်ပိန် အမျိူးသားတစ်ယောက် ထွက်လာပါတယ်။ ကျောင်းဆရာတဲ့။ ဒီအိမ်ကြီးရဲ့အမျိုးတော်စပ်တယ်လို့ ပြောပါတယ်။ အိမ်ကြီးက နှစ် ၁၀၀ ကျော်ပြီမို့တချို့နေရာတွေ

ဘိလပ်မြေနဲ့ မံပြီးပြင်ထားရတယ်လို့လည်း ပြောပြပါတယ်။ “အိမ်အပြင်ကိုတော့ ကြည့်ပါ၊ အိမ်ထဲကတော့ရှုပ်ပွနေတာမို့မကြည့်ပါနဲ့”လို့ ပြောပါတယ်။ စိတ်ရင်းအတိုင်းပြောတာသိသာတာမို့ ကျမတို့လည်း အတင်းမတောင်းဆိုပါ။ မသိမသာလေး ခိုးကြည့်တော့လည်းသူပြောသလိုပဲ၊

အဟောင်းအမြင်းတွေနဲ့ ရှုပ်ပွနေတာပဲ မြင်ခဲ့ရပါတယ်။ အဲဒီလိုအိမ်အို အိမ်ဟောင်းလှလှကြီးတွေ မြင်တိုင်း ဝမ်းသာသလိုလို၊ ဝမ်းနည်းသလိုလို၊ ပျက်စီးသွားမှာစိုးရိမ်သလိုလိုအမြဲခံစားမိပါတယ်။ အားနာတာရော၊ အချိန်နည်းနေတာကြောင့်ရော ကျမတို့ဒီထက်ပိုပြီးမစပ်စုခဲ့မိကြပါဘူး။

ဝတ္တုကိုမဖတ်ရသေးတာလည်းပါပါတယ်။ စာရေးဆရာ မောင်သိန်းဆိုင်ရဲ့ “ရေနံ့သာခင်ခင်ကြီး” ဝတ္တုကစာပေလောကမှာလူသိများလှသလို စာရေးသူအသက် ၃၀ အရွယ်မှာရေးခဲ့တဲ့သူ့ရဲ့ စာရေးသက်တလျှောက်မှာအကောင်းဆုံးလက်ရာလို့ ဆိုစမှတ်ပြုကြပါတယ်။ အိမ်ကြီးကိုရောက်ပြီး

၂ လလောက်ကြာတော့မှစာအုပ်စုတဲ့ညီမလေးတစ်ယောက်ဆီကကျမရှာနေတဲ့ “ရေနံ့သာခင်ခင်ကြီး” ဝတ္တုကိုဖတ်ရတော့တာပါ။ ရေငတ်တုန်း ရေတွင်းထဲကျသလိုပါပဲ။ အင်္ဂလိပ်ကိုလိုနီ ခေတ်နှောင်းပိုင်း၊ ဒုတိယကမ္ဘာစစ်ကာလကို နောက်ခံပြုရေးဖွဲ့ထားတဲ့ ရေနံတွင်းရိုးတွင်းစား

သူဌေးမိသားစုနှစ်စုရဲ့အချစ်နဲ့ ရန်ငြိုး မြင်ကွင်းကျယ်ဝတ္တုရှည်ကြီး ဖြစ်ပါတယ်။ လက်ကမချချင်အောင် ဆွဲဆောင်မှု ရှိပါတယ်။ ဇာတ်လမ်း အကျဉ်းချုပ်ကလေးကို ဒီနေရာကနေ မျှဝေချင်မိပါတယ်။ ဝတ္တုထဲမှာရေနံ့သာဆိုတဲ့ မြို့အမည် ဖြစ်ပေါ်လာပုံကိုလည်း ဇာတ်လမ်းအစမှာ

မှတ်သားခဲ့ရပါတယ်။ ရှေးဘုရင်ခေတ်ကရေနံကို စတင်တွေ့ရှိခဲ့ချိန်မှာ သူ့ရဲ့ အနံ့ကသင်းပျံ့တဲ့အတွက်တွေ့တဲ့အရပ်ကို “ရေနံ့သာ”လို့ခေါ်ခဲ့ပါသတဲ့။ နောင်အခါမှာ ဘုရင်မင်းက ဧရာဝတီမြစ်ဆိပ်မှာရေချိူးဆင်းတဲ့မိဘုရား ၇ ဖော်ကိုအချိန်မီပြန်မရောက်လို့အမျက်ရှပြီးကွပ်မျက်တဲ့အခါ

မြေအောက်သယံဇာတဖြစ်တဲ့ရေနံဟာလည်း အမွှေးနံ့တွေ ကွယ်ပျောက်လို့နံလာတဲ့အတွက် “ရေနံ”အမည်တွင်လာရသလို မြို့ရဲ့ အမည်ကလည်း “ရေနံချောင်း” ဖြစ်လာရပါသတဲ့။ အဲဒီရေနံချောင်းမြို့ကဦးကောင်းမိုးနဲ့ဦးအောင်ခန့်ဆိုတဲ့ ရေနံတွင်းသူဌေးနှစ်ယောက်ရဲ့အမုန်းအားပြိုင်မှု

ကနေ ဦးကောင်းမိုးရဲ့ သား “မောင်မောင်ဦး” နဲ့ ဦးအောင်ခန့်ရဲ့သမီး “ခင်ခင်ကြီး” တို့ရဲ့ အချစ်လွန်ဆွဲမှုကို စာရေးဆရာက ကလောင်စွမ်းနဲ့ သရုပ်ဖော်ထားပါတယ်။ မျိုးနဲ့ရိုးနဲ့ရေနံတွင်းပိုင်တဲ့ “တွင်းရိုး” ဦးကောင်းမိုးကသူနဲ့အချစ်လုဖက်ဖြစ်တဲ့ “တောင်ပံနီတွင်းစား” ဦးအောင်ခန့်ကို

အမုန်းကြီးမုန်းပါတယ်။ ဒေသအခေါ်အရ တောင်ပံနီ ဆိုတာက သူခိုးဂျပိုးလို့ အဓိပ္ပာယ်ရပေမယ့် “တောင်ပံနီတွင်းစား” ဆိုတာက ကိုယ့်ဘာသာကိုယ် ကြိုးစားပြီး ရေနံတွင်းပိုင် ဖြစ်လာတာကို ပြောတာပါ။ “တွင်းရိုး”တွေက ယောကျ်ားမျိုး၊ မိန်းမမျိုး ဆိုပြီးကွဲပြားကြပါတယ်။ ယောကျ်ားမျိုးက

သားတွေကိုသာအမွေပေးပြီး၊ မိန်းမမျိုးကတော့ သမီးတွေကသာရေနံတွင်းရိုးအစဉ်ကိုဆက်ခံရပါတယ်။ ဦးအောင်ခန့်ရဲ့ဇနီး ဒေါ်မြလေးက တွင်းရိုးဖြစ်တဲ့အတွက် သမီးခင်ခင်ကြီးကအမွေခံပါ။ ဦးအောင်ခန့်စီးပွားတက်လေလေ၊ ဦးကောင်းမိုးကမနာလိုစိတ် ကြီးလေလေပါ။ သူကိုယ်တိုင်က

လက်ကြောမတင်းတဲ့အတွက်စည်းစိမ်တွေ လျော့သထက် လျော့နေသူ တစ်ယောက်ပါ။ ဦးအောင်ခန့်ကို လူလွှတ်ပြီး မီးရှို့တဲ့အထိ ကြံစည်ခဲ့ဖူးပါတယ်။ တဖက်မှာတော့မောင်မောင်ဦးနဲ့ ခင်ခင်ကြီးအကို ခင်မောင်ညွန့်ကရန်ကုန်မှာ ကျောင်းနေဖက်တွေပါ။ လူကြီးတွေကွယ်ရာမို့

သူတို့ချင်း ခင်ခင်မင်မင် ရှိကြပါတယ်။ ဒီလိုနဲ့ သူတို့ တက္ကသိုလ်ကပြန်လာချိန်မှာ အိမ်ကလူတွေ သဘောၤဆိပ်ကိုဆင်းပြီး တခမ်းတနားကြိုကြပါတယ်။ အဲဒီမှာ ၁၆ အရွယ်လှသွေးကြွယ်စ ခင်ခင်ကြီးကိုမောင်မောင်ဦးကသတိထားမိပြီးစိတ်ဝင် စားမိသွားပါတယ်။ သိပ်မကြာခင်

ဘုရားပွဲတစ်ခုမှာ အိမ်နဲ့လူအုပ်ကွဲသွားတဲ့ ခင်ခင်ကြီးနဲ့ ထပ်တွေ့ပြီးချစ်ဇာတ်လမ်း စခဲ့ကြပါတယ်။ တစစနဲ့ အိမ်နောက်မှာညဖက်ချိန်းတွေ့တဲ့အထိ ဖြစ်ပြီး နယ်ကျွံစည်းကျွံ ဖြစ်ခဲ့ကြပါတယ်။ တဖက်မှာလည်း ခင်မောင်ညွန့်နဲ့ အလုပ်သမားတန်းလျားကမိန်းကလေး မဝင်းရီနဲ့ကလည်း

ချစ်ကြိုက်နေကြပါတယ်။ အဲဒီမှာတင် ဦးအောင်ခန့်က သားကိုအိမ်ကနှင်ချပါတယ်။ ခင်ခင်ကြီး ကိုယ်ဝန်ရှိတာသိတဲ့အချိန်မှာတော့ ဦးအောင်ခန့်ရဲ့ ဒေါသတွေ အထွတ်အထိပ်ရောက်တော့တာပါပဲ။ သမီးကိုလည်း အိမ်ကနေမောင်းထုတ်လိုက်ပါတယ်။ ခင်ခင်ကြီးကမောင်မောင်ဦးကို

ရန်ကုန်ဆင်းရှာပေမယ့်လူချင်းလွဲသွားခဲ့ပါတယ်။ မြို့ကိုပြန်လာတော့ မြို့အဝင်မှာတောင်ကျချောင်းရေစီးလို့ ရေထဲမြောပြီး သေမလို ဖြစ်ခဲ့ပြန်ပါတယ်။ အဲဒီမှာရေနံမြေအလုပ်သမားကိုညိုထွန်းက ကယ်ဆယ်စောင့်ရှောက်ထားခဲ့လို့ကျောက်ပန်းတောင်းမှာဇာတ်မြှုပ်ပြီးသမီးလေးမွေးခဲ့ရပါတယ်။

သတင်းအစအနမရတော့တဲ့ ခင်ခင်ကြီးကို အလွန်ချစ်တဲ့ ဖွားအေကြီးအိပ်ယာထဲလဲပြီး သေခါနီးဖြစ်နေချိန်မှ ခင်ခင်ကြီးကိုရေနံ့သာအိမ်တော်က လူယုံကြီးက ပြန်တွေ့သွားခဲ့ပါတယ်။ ဖွားအေကြီးကို ပြန်တွေ့ဖို့ သွားရာမှာအဖေဖြစ်သူက “တစ်ယောက်တည်းလာခဲ့ရမယ်” ဆိုလို့ကလေးကို

ခဏအပ်ထားခဲ့ရပါတယ်။ ခင်ခင်ကြီးလက်ပေါ်မှာ ဘွားအေကြီးဆုံးသွားပါတယ်။ မကြာခင်ဘဲ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာလို့ပြေးကြလွှားကြနဲ့ ကလေးကိုခဏမွေးပေးထားတဲ့မိသားစုလည်း ပျောက်သွားပါတယ်။ ခင်ခင်ကြီးရဲ့သောကတွေက ဒီမှာတင် မရပ်သေးပါဘူး။ ဂျပန်တွေ

ဝင်လာချိန်မှာဂျပန်အလိုတော်ရိ ဖြစ်လာတဲ့ ဦးကောင်းမိုးကဦးအောင်ခန့်ကိုအကွက်ဆင်ပြီး အဖမ်းခံရအောင် လုပ်ပါတယ်။ မြို့ကိုပြန်ရောက်လာတဲ့ မောင်မောင်ဦးကဖခင်ကိုတောင်းပန်ပြီး ဦးအောင်ခန့်လွတ်လာအောင်၊ ဒါမှလည်းသူနဲ့ ခင်ခင်ကြီးပြန်ပြီးနီးစပ်လာအောင် ကြိုးစားပါတယ်။

ဒါပေမယ့်ဦးအောင်ခန့်ကဦးကောင်းမိုးရဲ့ မထေမဲ့မြင်စကားတွေကိုသည်းမခံနိုင်လို့အချူပ်ထဲမှာ သတ်ပုတ်လုံးထွေးရာကနေဂျပန်စစ်သားက သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကဝေးသထက်ဝေးခဲ့ကြပါပြီ။ စစ်ပြီးချိန်မှာတော့ခင်ခင်ကြီးလည်းရေနံချောင်းကို

စွန့်ခွာပြီးရန်ကုန်မြို့မှာအခြေချနေထိုင်ခဲ့ပါတယ်။ “ရေနံ့သာ ကုမ္ပဏီ” ကိုထောင်ပြီးစီးပွားရှာပါတယ်။ ရုပ်ရည်ရော၊ ဥစ္စာဓနပါ ပြည့်စုံတဲ့ခင်ခင်ကြီးကို ချစ်လိုခင်လိုသူတွေဝိုင်းဝိုင်းလည်နေပေမယ့် သူမကတော့လုံးဝစိတ်မဝင်စားခဲ့ပါ။ အသည်းနှလုံးက ဒဏ်ရာဒဏ်ချက်တွေနဲ့

မာကြောနေခဲ့ပြီထင့်။ သူမကိုအများက“ဒေါ်ရေနံ့သာ ခင်ခင်ကြီး” လို့ ခေါ်ကြသလိုသူမကလည်း အဲသလိုခေါ်မှ ကြိုက်သည်တဲ့။ ဦးကောင်းမိုးကတော့ဇနီးသည်လည်းဆုံး၊ စီးပွားလည်းပျက်တဲ့အပြင်၊ မကောင်းတဲ့မိန်းမကိုအိမ်ပေါ်တင်ထားတဲ့အထိပျက်စီးခဲ့ပြီး၊ နောက်ဆုံးသူ့ရဲ့အကုသိုလ်တွေ

ခြောက်လှန့်ခံရကာရူးသွပ်သွားခဲ့ပါတယ်။ မြို့ပေါ်ကနေခြေရာဖျောက်သွားတဲ့မောင်မောင်ဦးကလည်းတခါတရံရန်ကုန်ကခင်ခင်ကြီးအိမ်ရှေ့ကို မယောင်မလည်လာကြည့်တတ်ပါတယ်။ မောင်မောင်ဦးကိုယ်တိုင်ကတော့ကျမ်းမာရေးအလွန်ချို့ တဲ့နေပါပြီ။ ကံမကောင်းစွာနဲ့သူတို့နှစ်ယောက်

အကြောင်းသိခဲ့ဖူးတဲ့ငယ်သူငယ်ချင်းက မောင်မောင်ဦးအမည်ကိုအလွဲသုံးစားလုပ်ပြီး ခင်ခင်ကြီးကို ငွေညှစ်ခဲ့တာ၊ သမီးလေးနဲ့ရုပ်ချင်းဆင်လို့ ခင်ခင်ကြီးမွေးစားထားတဲ့မိန်းကလေးကိုမောင်မောင်ဦးကဒုက္ခပေးတယ်လို့အထင်လွဲတာရောပြီး၊ နောက်ဆုံးခင်ခင်ကြီးကသေနတ်နဲ့ပစ်ဖို့

လုပ်ပါတယ်။ “အစ်ကိုရှင်းပြပါရစေညီမရယ်” လို့ အတန်တန်တောင်းပန်ပေမယ့်ခင်ခင်ကြီးရဲ့ နားမှာမချို မကြားလိုတော့ပြီ။ နောက်ဆုံးတော့ အမုန်းကြွေးတွေကိုအသက်နဲ့သာပေးဆပ်တော့မယ်လို့ဆုံးဖြတ်ပြီးသေနတ်နဲ့အပစ်ခံလိုက်သည်။ ကျည်ဆံတစ်ချက်အထွက်မှာ

“ညီမ- ပြေး၊ ပြေး” လို့စိုးရိမ်စိတ်နဲ့ သတိပေးခဲ့ပြန်သည်။ ခင်ခင်ကြီးကတော့ရဲစခန်းကိုသာတန်းသွားပြီး အဖမ်းခံခဲ့တော့သည်။ ဝတ္တုလေးရဲ့ အဖွင့်က အချုပ်ခန်းထဲမှာ ၃ နှစ်တိတိနေနေရတဲ့ ဒေါ်ရေနံ့သာခင်ခင်ကြီးက သူမရဲ့ ၄၅ နှစ်မြောက် မွေးနေ့မှာနောက်ကြောင်းပြန်စဉ်းစားပုံ

ကလေးတွေကိုစီကာစဉ်ကာရေးဖွဲ့ထားသည်။ နောက်ဆုံးတရားရုံးဆုံးဖြတ်ချက်ကတော့ နာကျင်ဖွယ်အတိတ်၊ သေသူရဲ့ယိုယွင်းနေတဲ့ ကျန်းမာရေး၊ တတောင့်တည်းသောကျည်ဖြစ်ခြင်း၊ အချူပ် ၃ နှစ်ခံပြီးဖြစ်ခြင်းစတာတွေကြောင့် ဒေါ်ရေနံ့သာခင်ခင်ကြီးကိုတရားသေ

လွှတ်လိုက်တော့သည်။ အချူပ်ကလွှတ်လာတဲ့ ခင်ခင်ကြီးကိုလာကြိုသူတွေကလေဆိပ်ကိုတန်းခေါ်သွားသည်။ သူမရဲ့သမီးအရင်းကလေး “နွယ်နွယ်ထွန်း” ကမွေးစားမိဘတွေရဲ့ပျိုးထောင်မှုအောက်မှာနိုင်ငံခြားကနေတောင်ပညာသင်ပြီး ပြန်လာပြီတဲ့။ ဇာတ်လမ်းကအပျော်နဲ့

ဇာတ်သိမ်းထားပေမယ့်ရင်ထဲမှာဆွေးလို့သာ ကျန်ခဲ့သည်။ ချစ်ကံခေတဲ့ခင်ခင်ကြီးနဲ့မောင်မောင်ဦး၊ အဘိဇ္ဈာကြီးတဲ့ဦးကောင်းမိုးနဲ့အတ္တကြီးတဲ့ ဦးအောင်ခန့်တို့ရဲ့ပုံရိပ်တွေကအတွေးထဲမှာတရစ်ဝဲ၀ဲ။ “ဓါတ်ပုံကောင်းတော့ပန်းချီလို၊ ပန်းချီကောင်းတော့ ဓါတ်ပုံလို” ဆိုတဲ့စကားလိုပဲ

“ဝတ္တုဆန်သောဘဝ” ရှိရင် “ဘဝဆန်သော ဝတ္တု” တွေ ရှိနေတာပါပဲ။ ဒီမိသားစုတွေ အပြင်မှာတကယ်ရှိခဲ့သလားလို့ထင်မှတ်မှားစရာ ဖြစ်နေသည်။ ခင်ခင်ကြီးအပြင်မှာတကယ်ရှိခဲ့သလား၊ ဝတ္တုရေးသူကတော့တကယ့်ဖြစ်ရပ်ပါ လို့ ရေးမထား။ ဒေသခံတချိူ့ကတော့

အခုအိမ်ကြီးမှာတကယ်ပဲစီးပွားပျက်သွားတဲ့ သူဌေးကြီးတစ်ယောက်ရှိခဲ့ဖူးသတဲ့။ သမီးရှိ၊မရှိတော့ မသိ။ သူဘေးသင့်ရတာကလည်း (စနေနံ) ဘုရားရိပ်မှာ အိမ်ဆောက်နေလို့ ဆိုပြီး အယူရှိသူများကပြောကြသည်။ ဘာပဲဖြစ်ဖြစ်မောင်သိန်းဆိုင်ကဒီအိမ်ကြီးကိုအခြေခံပြီးရေးခဲ့တာတော့

အမှန်ပဲလို့ဆိုသည်။ ကျမအတွက်တော့ “ရေနံ့သာခင်ခင်ကြီး” ဟာဆွတ်ပျံ့တဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပါပဲ။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ် မိုးစက်ပွင့်