သူမပိုင်ဆိုင်​သောကုမ္ပဏီကို ဗဟိုဘဏ်ကလိုင်စင်ရုတ်သိမ်းတဲ့ကိစ္စနဲ့ပက်သက်ပြီး မဟုတ်မမှန်ပြောဆိုနေသူတွေအား ဒဲ့ပြောလာခဲ့တဲ့ နန္ဒာလှိုင်
ယူနီကုဒ်ဖြင့် ဖတ်ရန်
မင်းသမီးကြီး နန္ဒာလှိုင်ကတော့တခေတ်တခါက အနုပညာလောကရဲ့ အောင်မြင်ကျော်ကြားတဲ့ မင်းသမီးတဦးဖြစ်ပြီး အခုချိန်မှာတော့ မိသားစုကိုပဲ အချိန်ပေးပြီး အနုပညာလောကကို ကျောခိုင်းခဲ့ပြီပဲ ဖြစ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးကို
လုပ်ကိုင်နေပြီး ချစ်စရာကောင်းတဲ့သမီးလေး ၃ ယောက်ကို ရင်အုပ်မကွာထိန်းသိမ်းရင်း ခင်ပွန်းဖြစ်သူဦးဇေသီဟနဲ့အတူပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပါ။ မင်းသမီးချော နန္ဒာလှိုင်ကိုယ်တိုင်ဒါရိုက်တာအဖြစ်
လုပ်ကိုင်နေတဲ့ငွေရေးကြေးရေးလုပ်ငန်း Z ကော်ပိုရေးရှင်း ကုမ္ပဏီလီမိတက်သည်စည်းကမ်းမလိုက်နာတာကြောင့်ဗဟိုဘဏ်ကလုပ်ငန်းလိုင်စင်ရုတ်သိမ်းလိုက်ကြောင်းကိုဒီဇင်ဘာ ၂၅ ရက်နေ့ထုတ်ပြန်တဲ့ သတင်းမှာတွေ့ရပါတယ်။
အဆိုပါ ပိတ်သိမ်းခံရတဲ့သတင်းနဲ့ပက်သက်ပြီး လူတချို့ရဲ့မဟုတ်မမှန်ဝေဖန်မှုများကို နန္ဒာလှိုင်က အခုလိုပဲတုန့်ပြန်ပြောဆိုခဲ့ပါတယ်။နန္ဒာလှိုင် ပြောခဲ့တာကတော့ ” အဟွန့် သူတို့ကလဲဘယ်ကထဲကပြောချင်နေတာလဲမသိပါဘူးနော်
ကဲကဲ မြန်မာစာပြန်သင်ပေးမယ်အလွန်အားနည်းတာနဲ့အလွန်ညံ့ဖျင်းတာမတူဘူးကွယ့်တက်လာတဲ့သတင်းတိုင်းမှာအလွန်ညံ့ဖျင်းလို့ဘဲဝမ်းသာအားရတင်ထားကြတာတွေ့ရတယ်၊ကောမန့် တွေမှာလဲ money laundering လုပ်ဖို့လို့ပြောကြတယ်
အလုပ်လုပ်နေရင်မသိမ်းပါဘူးရှင့်မလုပ်လို့သိမ်းတာပါပြီးတော့ကျမမှာငွေဖြူလဲမရှိပါဘူးငွေမဲလဲမရှိပါဘူးအဲလောက်လဲမချမ်းသာပါဘူးရှင်အထင်မကြီးကြပါနဲ့လို့စ်” ဆိုကာ သူမအနေနဲ့
ပြန်လည်ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်