ကေလးကိုပါေမြးစားၿပီး တာဝန္ယူေပးလိုက္တဲ့အထိသားအမိ (၂)ဦးကို ကူညီေပးခဲ့လိုက္ပါၿပီတဲ့​ေနာ္​

ေမာ္လျမိဳင္ျမိဳ႕ကမ္းနားလမ္းနဲ႔ ထားဝယ္တံတားလမ္းေထာင္႔ပလက္ေဖာင္းမွာေကာင္မေလးတေယာက္နဲ႔ အသက္(၁)ႏွစ္ေက်ာ္ေလာက္သာ ရွိေသးတဲ႔ကေလးငယ္တဦးတို႔ လမ္းေဘးပလက္ေဖာင္းမွာအိပ္ေနလို႔ပါတဲ႔၊ မိခင္ေရာကေလးပါ အရမ္းကိုငယ္လြန္းေနျပီးပလက္ေဖာင္းမွာအိပ္၍

မသင္႔ေတာ္ေၾကာင္း၊ ေမးျမန္းၾကည္႔ေတာ႔လဲ ေယာက်ၤားျဖစ္သူကားေမွာက္ျပီးဆုံးသြားလို႔ အား ကိုးရာမရွိေတာ႔လို႔စိတ္ညစ္ျပီးကေလးတဖက္နဲ႔ ေရာက္ခ်င္ရာေရာက္ဆိုျပီးရထားစီးခဲ႔ရာမွေမာ္လျမိဳင္ျမိဳ႕သို႔ေရာက္ရွိလာျပီးပလက္ေဖာင္းေပၚ အိပ္ေနသည္ဟုေျပာ၍အဆင္ေျပသလို

ကူညီေပးပါဦးဆိုျပီးဖုန္းဆက္အကူအညီေတာင္းလာလို႔ေမာ္လျမိဳင္ RESCUE အဖြဲ႔မွအဆိုပါေနရာသို႔ သြားခဲ႔ရပါတယ္။ ေကာင္မေလးရဲ႕နာမည္က မဇင္မာဦး(၂၁)ႏွစ္ျဖစ္ျပီးကေလးရဲ႕နာမည္ကေတာ႔ မဝိုင္းဝန္းခ်စ္(၁ႏွစ္၄လ)ျဖစ္ကာဗန္းေမာ္ဘက္မွျဖစ္ေၾကာင္းေယာက်ၤားျဖစ္သူ၏အမည္မွာ

မ်ိဳးျမင္႔ျဖစ္ျပီးလင္မယား(၂)ေယာက္၏အလုပ္မွာ ပြဲေစ်းလိုက္ျပီးအရုပ္မ်ားလိုက္လံေရာင္းခ်သည္႔ (၁၂)ပြဲေစ်းသည္အလုပ္လုပ္ကိုင္၍ေနထိုင္ စားေသာက္ၾကေၾကာင္းေျပာျပသိရွိရပါသည္။ ထိုသို႔ လုပ္ကိုင္စားေသာက္ေနရင္း ပြဲတပြဲနဲ႔တပြဲကူးရာ၌ေယာက်ၤားျဖစ္သူမွာကားေမွာက္ျပီး

ဆုံးသြားခဲ႔ေၾကာင္းဗန္းေမာ္တြင္ေမာင္ႏွမသားခ်င္းမ်ားရွိေသာ္လည္းအားလုံးကသူ႔မိသားစု သူ႔အခက္အခဲနဲ႔သူ ျဖစ္ေနၾက၍သူမနဲ႔ကေလးငယ္အားမည္သူမွေခၚထားရန္အဆင္မေျပ၍ျဖစ္ခ်င္ရာျဖစ္ လုပ္ကိုင္စားေသာက္မည္ဟုရည္ရြယ္ျပီးပိုက္ဆံ (၃)ေသာင္းျဖင္႔ဗန္းေမာ္မွရထား

တဆင္႔ျပီးတဆင္႔စီးလာရာမွေနာက္ဆုံး ေမာ္လျမိဳင္သို႔ေရာက္ရွိလာခဲ႔သည္ဟုသိရွိရပါသည္။ ပိုက္ ဆံလဲတျပားမွမရွိေတာ႔ကေလးလဲဗိုက္ဆာေန၍ေမာ္လျမိဳင္ဘူတာမွလမ္းေလ်ွာက္ထြက္လာျပီး ကမ္းနားလမ္းသို႔ေရာက္လာ၊ ကေလးလဲဘာမွမစားရ၍အိပ္ခ်င္ေနျပီျဖစ္၍အဆင္ေျပမည္ထင္သည့္

ပလက္ေဖာင္းတြင္အခင္းခင္း၍အိပ္ေနစဥ္ျဖတ္ သြားသည္႔ကားတစ္စီးမွလူမ်ား ျမင္ေတြ႔ေမးျမန္းျပီးကြ်န္ေတာ္တို႔ထံဖုန္းဆက္အကူအညီေတာင္းလာျခင္းျဖစ္ေၾကာင္းသိရွိရပါသည္။ ကြ်န္ေတာ္ တို႔လဲရြာလည္တာေပါ႔။ ကေလးေရာ အေမေရာ အရမ္းငယ္ရြယ္ လြန္းပါတယ္။

ဒီအေမနဲ႔ကေလးကို ဘယ္ကိုပို႔ေပးရမယ္မွန္းမသိဘယ္လိုကူညီရမယ္မွန္းစဥ္းစားမတတ္ေတာ႔လူမႈကယ္ဆယ္ေရးအဖြဲ႔ ၾသဝါဒါစရိယဓမၼနႏၵီဆရာေတာ္ထံအက်ိဳးအေၾကာင္း ဖုန္းဆက္ေျပာျပီး ဘုန္းႀကီးေက်ာင္းသို႔ေခၚေဆာင္လာခဲ႔ရပါတယ္။ ကေလးမေလးရဲ႕အေၾကာင္းကိုအေသးစိတ္

ထပ္ေမးျပီးေတာ႔ဆရာေတာ္နဲ႔အတူညွိႏိႈင္းတိုင္ပင္ကာေလာေလာဆယ္ညအိပ္ဖို႔စီစဥ္ေပးျပီး အေကာင္းဆုံးနည္းလမ္းတခုကိုရွာေဖြေပးခဲ႔လိုက္ပါတယ္။ နည္းလမ္းကေတာ႔ဒီေကာင္မေလးနဲ႔ကေလးဒီအတိုင္းဆက္သြားေနလို႔မျဖစ္ဘူး။ အႏၲရာယ္မ်ားသလိုကေလးလဲအရမ္းကို

ငယ္ရြယ္လြန္းပါတယ္။ေနာက္ျပီး ကေလးတဖက္နဲ႔ ဒီေကာင္မေလးဘယ္လိုမွလုပ္စားလို႔အဆင္ေျပမွာမဟုတ္ဘူး။ ​ေခတၱတည္းခိုေပးကမ္းျပီး ျပန္လႊတ္လိုက္ရင္လည္းေနာက္ျမိဳ႕ေတြေရာက္ရင္ ဒီတိုင္းဆက္ျဖစ္ေနမွာပဲေလ။ အဲဒါေၾကာင္႔ ေကာင္မေလးကိုေျပာျပရွင္းျပတယ္။ မိမိေနရပ္ကို

ျပန္ပါ။ အရြယ္လဲရွိေသးတဲ႔အတြက္လုပ္စားကိုင္စားဖို႔အခြင္႔အေရးရွိပါေသးတယ္။ ဒီတိုင္းေရစုန္ေမ်ွာသြားလို႔အဆင္မေျပပါဘူး။ ဘဝကို (၁) ကေန ျပန္စပါ။ ကေလးကိုေမြးစားၾကည္႔ရႈ႕ထားေပးျပီး ပညာတတ္ျဖစ္ေအာင္ဆရာေတာ္ေက်ာင္းမွာထား၍ပညာေတြသင္ေပးထားပါမည္။

တခ်ိန္ခ်ိန္အဆင္ေျပလာတဲ႔အခါဆႏၵရွိရင္ အခ်ိန္မေရြးကေလးကိုလာျပန္ေခၚပါ။ အကယ္၍ ေနာက္အိမ္ေထာင္ေတြ ယဘာေတြက်၍ကေလးကို ျပန္မေခၚခ်င္ေတာ႔ဘူးဆိုရင္လည္းတသက္လုံး ေမြးစားေစာင္႔ေရွာက္လိုက္ပါေတာ႔မည္။ ဒါမွမဟုတ္ကေလးနဲ႔သံေယာဇဥ္မျပတ္ႏိုင္ေသးရင္

လည္းေနရပ္ျပန္ဖို႔စီစဥ္ေပးျပီးျပန္ေခၚသြားႏိုင္ပါေၾကာင္းရွင္ျပ ေျပာျပရာမိခင္ျဖစ္သူမွဘုန္းႀကီးေက်ာင္းတြင္ (၂)ညတိတိတည္းခိုေနထိုင္စဥ္းစားျပီးကေလးကိုေမြးစားေစဖို႔နည္းလမ္းကိုေရြးခ်ယ္သြားပါတယ္။ တခ်ိန္ခ်ိန္အဆင္ေျပသည္႔အခါ ကေလးကိုလာျပန္ေခၚပါမည္တဲ႔။

သူ႔ဘဝကိုအစကေန ျပန္ႀကိဳးစားရုန္းကန္ပါမည္ ဟုဆႏၵျပဳလာပါတယ္။ အဲဒါနဲ႔ဆရာေတာ္နဲ႔ ကြ်န္ေတာ္တို႔လည္းေကာင္မေလးကိုဘုန္းႀကီးေက်ာင္းလိပ္စာ ဆရာေတာ္နဲ႔ကြ်န္ေတာ္ရဲ႕ဆက္သြယ္ရမဲ႔ ဖုန္းနံပါတ္ေတြေပးသူမျပန္ဖို႔ရထားခရီးစဥ္နဲ႔ လမ္းမွာခရီးစရိတ္လုပ္သုံးစြဲဖို႔ေငြေၾကး (၃၀၀၀၀)

ကူညီေပးလိုက္ျပီး သူ႔ရဲ႕ဘဝသစ္တခုရုန္းကန္ ျပန္စဖို႔ ယမန္ေန႔မနက္ရထားနဲ႔လႊတ္ေပးလိုက္ပါျပီး။ သမီးေလး ဝိုင္းဝန္းခ်စ္ (၁ႏွစ္၄လ)ကေတာ႔ဓမၼနႏၵီဆရာေတာ္နဲ႔ ကြ်န္ေတာ္တို႔ရဲ႕ လက္ထဲမွာက်န္ေနခဲ႔ပါျပီး။ သမီးေလးကိုပညာတတ္လူေတာ္လူေကာင္းေလးျဖစ္ေအာင္ေစာင္႔ေရွာက္

ေမြးစားရေတာ႔မွာေပါ႔။ တေန႔ေန႔ တခ်ိန္ခ်ိန္မွာ မိခင္နဲ႔ကေလးတို႔အဆင္ေျပ ေပ်ာ္ရႊင္စြာ ျပန္ဆုံေတြ႔ႏိုင္ၾကပါေစ။ ေအာ္ ကယ္ဆယ္ေရးသမားေတြဘဝတေန႔ေန႔တခ်ိန္ခ်ိန္ ” ႀကံဳရဆုံရ ကယ္ဆယ္ေရးသမားမ်ားဘဝ”ဆိုျပီးဝတၱဳဇာတ္လမ္းတြဲေလး

ျပန္ေရးရမယ္ထင္တယ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္ Zin Moe ေမာ္လျမိဳင္ လူမႈကယ္ဆယ္ေရးအဖြဲ႔

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

မော်လမြိုင်မြို့ကမ်းနားလမ်းနဲ့ ထားဝယ်တံတားလမ်းထောင့်ပလက်ဖောင်းမှာကောင်မလေးတယောက်နဲ့ အသက်(၁)နှစ်ကျော်လောက်သာ ရှိသေးတဲ့ကလေးငယ်တဦးတို့ လမ်းဘေးပလက်ဖောင်းမှာအိပ်နေလို့ပါတဲ့၊ မိခင်ရောကလေးပါ အရမ်းကိုငယ်လွန်းနေပြီးပလက်ဖောင်းမှာအိပ်၍

မသင့်တော်ကြောင်း၊ မေးမြန်းကြည့်တော့လဲ ယောကျၤားဖြစ်သူကားမှောက်ပြီးဆုံးသွားလို့ အား ကိုးရာမရှိတော့လို့စိတ်ညစ်ပြီးကလေးတဖက်နဲ့ ရောက်ချင်ရာရောက်ဆိုပြီးရထားစီးခဲ့ရာမှမော်လမြိုင်မြို့သို့ရောက်ရှိလာပြီးပလက်ဖောင်းပေါ် အိပ်နေသည်ဟုပြော၍အဆင်ပြေသလို

ကူညီပေးပါဦးဆိုပြီးဖုန်းဆက်အကူအညီတောင်းလာလို့မော်လမြိုင် RESCUE အဖွဲ့မှအဆိုပါနေရာသို့ သွားခဲ့ရပါတယ်။ ကောင်မလေးရဲ့နာမည်က မဇင်မာဦး(၂၁)နှစ်ဖြစ်ပြီးကလေးရဲ့နာမည်ကတော့ မဝိုင်းဝန်းချစ်(၁နှစ်၄လ)ဖြစ်ကာဗန်းမော်ဘက်မှဖြစ်ကြောင်းယောကျၤားဖြစ်သူ၏အမည်မှာ

မျိုးမြင့်ဖြစ်ပြီးလင်မယား(၂)ယောက်၏အလုပ်မှာ ပွဲဈေးလိုက်ပြီးအရုပ်များလိုက်လံရောင်းချသည့် (၁၂)ပွဲဈေးသည်အလုပ်လုပ်ကိုင်၍နေထိုင် စားသောက်ကြကြောင်းပြောပြသိရှိရပါသည်။ ထိုသို့ လုပ်ကိုင်စားသောက်နေရင်း ပွဲတပွဲနဲ့တပွဲကူးရာ၌ယောကျၤားဖြစ်သူမှာကားမှောက်ပြီး

ဆုံးသွားခဲ့ကြောင်းဗန်းမော်တွင်မောင်နှမသားချင်းများရှိသော်လည်းအားလုံးကသူ့မိသားစု သူ့အခက်အခဲနဲ့သူ ဖြစ်နေကြ၍သူမနဲ့ကလေးငယ်အားမည်သူမှခေါ်ထားရန်အဆင်မပြေ၍ဖြစ်ချင်ရာဖြစ် လုပ်ကိုင်စားသောက်မည်ဟုရည်ရွယ်ပြီးပိုက်ဆံ (၃)သောင်းဖြင့်ဗန်းမော်မှရထား

တဆင့်ပြီးတဆင့်စီးလာရာမှနောက်ဆုံး မော်လမြိုင်သို့ရောက်ရှိလာခဲ့သည်ဟုသိရှိရပါသည်။ ပိုက် ဆံလဲတပြားမှမရှိတော့ကလေးလဲဗိုက်ဆာနေ၍မော်လမြိုင်ဘူတာမှလမ်းလျှောက်ထွက်လာပြီး ကမ်းနားလမ်းသို့ရောက်လာ၊ ကလေးလဲဘာမှမစားရ၍အိပ်ချင်နေပြီဖြစ်၍အဆင်ပြေမည်ထင်သည့်

ပလက်ဖောင်းတွင်အခင်းခင်း၍အိပ်နေစဉ်ဖြတ် သွားသည့်ကားတစ်စီးမှလူများ မြင်တွေ့မေးမြန်းပြီးကျွန်တော်တို့ထံဖုန်းဆက်အကူအညီတောင်းလာခြင်းဖြစ်ကြောင်းသိရှိရပါသည်။ ကျွန်တော် တို့လဲရွာလည်တာပေါ့။ ကလေးရော အမေရော အရမ်းငယ်ရွယ် လွန်းပါတယ်။

ဒီအမေနဲ့ကလေးကို ဘယ်ကိုပို့ပေးရမယ်မှန်းမသိဘယ်လိုကူညီရမယ်မှန်းစဉ်းစားမတတ်တော့လူမှုကယ်ဆယ်ရေးအဖွဲ့ သြဝါဒါစရိယဓမ္မနန္ဒီဆရာတော်ထံအကျိုးအကြောင်း ဖုန်းဆက်ပြောပြီး ဘုန်းကြီးကျောင်းသို့ခေါ်ဆောင်လာခဲ့ရပါတယ်။ ကလေးမလေးရဲ့အကြောင်းကိုအသေးစိတ်

ထပ်မေးပြီးတော့ဆရာတော်နဲ့အတူညှိနှိုင်းတိုင်ပင်ကာလောလောဆယ်ညအိပ်ဖို့စီစဉ်ပေးပြီး အကောင်းဆုံးနည်းလမ်းတခုကိုရှာဖွေပေးခဲ့လိုက်ပါတယ်။ နည်းလမ်းကတော့ဒီကောင်မလေးနဲ့ကလေးဒီအတိုင်းဆက်သွားနေလို့မဖြစ်ဘူး။ အန္တရာယ်များသလိုကလေးလဲအရမ်းကို

ငယ်ရွယ်လွန်းပါတယ်။နောက်ပြီး ကလေးတဖက်နဲ့ ဒီကောင်မလေးဘယ်လိုမှလုပ်စားလို့အဆင်ပြေမှာမဟုတ်ဘူး။ ခေတ္တတည်းခိုပေးကမ်းပြီး ပြန်လွှတ်လိုက်ရင်လည်းနောက်မြို့တွေရောက်ရင် ဒီတိုင်းဆက်ဖြစ်နေမှာပဲလေ။ အဲဒါကြောင့် ကောင်မလေးကိုပြောပြရှင်းပြတယ်။ မိမိနေရပ်ကို

ပြန်ပါ။ အရွယ်လဲရှိသေးတဲ့အတွက်လုပ်စားကိုင်စားဖို့အခွင့်အရေးရှိပါသေးတယ်။ ဒီတိုင်းရေစုန်မျှောသွားလို့အဆင်မပြေပါဘူး။ ဘဝကို (၁) ကနေ ပြန်စပါ။ ကလေးကိုမွေးစားကြည့်ရှု့ထားပေးပြီး ပညာတတ်ဖြစ်အောင်ဆရာတော်ကျောင်းမှာထား၍ပညာတွေသင်ပေးထားပါမည်။

တချိန်ချိန်အဆင်ပြေလာတဲ့အခါဆန္ဒရှိရင် အချိန်မရွေးကလေးကိုလာပြန်ခေါ်ပါ။ အကယ်၍ နောက်အိမ်ထောင်တွေ ယဘာတွေကျ၍ကလေးကို ပြန်မခေါ်ချင်တော့ဘူးဆိုရင်လည်းတသက်လုံး မွေးစားစောင့်ရှောက်လိုက်ပါတော့မည်။ ဒါမှမဟုတ်ကလေးနဲ့သံယောဇဉ်မပြတ်နိုင်သေးရင်

လည်းနေရပ်ပြန်ဖို့စီစဉ်ပေးပြီးပြန်ခေါ်သွားနိုင်ပါကြောင်းရှင်ပြ ပြောပြရာမိခင်ဖြစ်သူမှဘုန်းကြီးကျောင်းတွင် (၂)ညတိတိတည်းခိုနေထိုင်စဉ်းစားပြီးကလေးကိုမွေးစားစေဖို့နည်းလမ်းကိုရွေးချယ်သွားပါတယ်။ တချိန်ချိန်အဆင်ပြေသည့်အခါ ကလေးကိုလာပြန်ခေါ်ပါမည်တဲ့။

သူ့ဘဝကိုအစကနေ ပြန်ကြိုးစားရုန်းကန်ပါမည် ဟုဆန္ဒပြုလာပါတယ်။ အဲဒါနဲ့ဆရာတော်နဲ့ ကျွန်တော်တို့လည်းကောင်မလေးကိုဘုန်းကြီးကျောင်းလိပ်စာ ဆရာတော်နဲ့ကျွန်တော်ရဲ့ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်တွေပေးသူမပြန်ဖို့ရထားခရီးစဉ်နဲ့ လမ်းမှာခရီးစရိတ်လုပ်သုံးစွဲဖို့ငွေကြေး (၃၀၀၀၀)

ကူညီပေးလိုက်ပြီး သူ့ရဲ့ဘဝသစ်တခုရုန်းကန် ပြန်စဖို့ ယမန်နေ့မနက်ရထားနဲ့လွှတ်ပေးလိုက်ပါပြီး။ သမီးလေး ဝိုင်းဝန်းချစ် (၁နှစ်၄လ)ကတော့ဓမ္မနန္ဒီဆရာတော်နဲ့ ကျွန်တော်တို့ရဲ့ လက်ထဲမှာကျန်နေခဲ့ပါပြီး။ သမီးလေးကိုပညာတတ်လူတော်လူကောင်းလေးဖြစ်အောင်စောင့်ရှောက်

မွေးစားရတော့မှာပေါ့။ တနေ့နေ့ တချိန်ချိန်မှာ မိခင်နဲ့ကလေးတို့အဆင်ပြေ ပျော်ရွှင်စွာ ပြန်ဆုံတွေ့နိုင်ကြပါစေ။ အော် ကယ်ဆယ်ရေးသမားတွေဘဝတနေ့နေ့တချိန်ချိန် ” ကြုံရဆုံရ ကယ်ဆယ်ရေးသမားများဘဝ”ဆိုပြီးဝတ္တုဇာတ်လမ်းတွဲလေး

ပြန်ရေးရမယ်ထင်တယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ် Zin Moe မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့