ပိုက္ဆံေတြအား Milo ဘူးထဲထည့္ကာစုထားခဲ့မိလို႔ ၉၈၃ သိန္းခန္႔ဆုံးရႈံးလိုက္ရ​ေသာ အဘြားအို

မေလးရွားအဖြားတစ္ဦးဟာ အနည္းဆုံး ရင္းဂစ္ ၃၀၀,၀၀၀(သိန္း ၉၉၀ေက်ာ္) ကိုပိုးမႊားမ်ားေၾကာင့္ အဆုံးရႈံးခံခဲ့ရၿပီးေနာက္ဘဝတသက္တာ ဖူလုံေရးအတြက္စုေဆာင္းနိုင္ရန္ Milo tin ဘူးေတြက အေကာင္းဆုံးေနရာမဟုတ္ေၾကာင္း သေဘာေပါက္သြားခဲ့ရပါတယ္။ အဆိုပါျဖစ္ရပ္ကို

Penang News Group ကေဖာ္ျပေပးခဲ့တာပါ။”ငါ ထုတ္လိုက္တဲ့အထုပ္တိုင္းက ျပႆနာရွိေနတယ္၊ ပိုက္ဆံတစ္အုပ္ကိုရင္းဂစ္ ၁၁,၀၀၀ (၃၆သိန္းေက်ာ္) ရွိတယ္၊ အဲ့ဒီမွာ၂၃အုပ္ရွိတယ္ဆိုေတာ့ ရင္းဂစ္ ၂၃၀,၀၀၀ ( သိန္း ၇၆၀ နီးပါး)ေပါ့” လို႔ အဆိုပါပိုက္ဆံအပ်က္အစီးကိုရိုက္ကူးထားခဲ့တဲ့

အမ်ိဳးသားကဆိုပါတယ္။ ပိုက္ဆံတစ္အုပ္ခ်င္းစီမွာ ရင္းဂစ္ ၁၅,၀၀၀ မွ ၂၀,၀၀၀ ဝန္းက်င္ (၄၉သိန္းေက်ာ္ မွ ၆၆သိန္းေက်ာ္) သို႔မဟုတ္ အဲ့ဒီထပ္ပိုနိုင္ၿပီးစုစုေပါင္းတြက္ခ်က္မႈအရ ရင္းဂစ္ ၃၀,၀၀၀ မွ ၄၀,၀၀၀ (၉၉ သိန္းေက်ာ္ မွ သိန္း ၁၃၂ ေက်ာ္) အထိရွိေၾကာင္း World of Buzz ကခန့္မွန္း

ထားပါေသးတယ္။ ဗီဒီယိုထဲအရအေတာ္ေလးပ်က္စီးသြားတဲ့ ပိုက္ဆံအုပ္ေတြကို ၾကမ္းျပင္ေပၚ ျပန္က်ဲလ်က္ေတြ႔နိုင္ၿပီး ပိုးမႊားျဖစ္ေၾကာင္းသံသယရွိတဲ့ အနက္ေရာင္ အစက္အေျပာက္မ်ားလည္း ပါရွိေနခဲ့ပါတယ္။ ပ်က္စီးမႈေတြက အေတာ္ဆိုး႐ြားေနခဲ့ေပမဲ့အသုံးျပဳနိုင္ေသးတဲ့ရင္းဂစ္ ၁၁၀,၀၀၀

(သိန္း ၃၆၃ ေက်ာ္)တန္ဖိုးရွိ ပိုက္ဆံအုပ္ ၁၁ အုပ္ကို ရွာေတြ႕ခဲ့ၾကပါေသးတယ္။ အဖြားေတာ့ Milo tin ဘူးေတြေၾကာင့္ ကိုယ္ ခက္ခက္ခဲခဲရွာထားခဲ့တဲ့ပိုက္ဆံရဲ႕သုံးပုံႏွစ္ပုံေလာက္ကို အဆုံးရႈံးခံခဲ့ရပါတယ္။ စာဖတ္သူတို႔လည္း

ခက္ခက္ခဲခဲရွာထားရတဲ့ပိုက္ဆံေတြကို အဖြားလို မျဖစ္ေအာင္ ေသခ်ာသိမ္းထားၾကပါဗ်ာ။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

မလေးရှားအဖွားတစ်ဦးဟာ အနည်းဆုံး ရင်းဂစ် ၃၀၀,၀၀၀(သိန်း ၉၉၀ကျော်) ကိုပိုးမွှားများကြောင့် အဆုံးရှုံးခံခဲ့ရပြီးနောက်ဘဝတသက်တာ ဖူလုံရေးအတွက်စုဆောင်းနိုင်ရန် Milo tin ဘူးတွေက အကောင်းဆုံးနေရာမဟုတ်ကြောင်း သဘောပေါက်သွားခဲ့ရပါတယ်။ အဆိုပါဖြစ်ရပ်ကို

Penang News Group ကဖော်ပြပေးခဲ့တာပါ။”ငါ ထုတ်လိုက်တဲ့အထုပ်တိုင်းက ပြဿနာရှိနေတယ်၊ ပိုက်ဆံတစ်အုပ်ကိုရင်းဂစ် ၁၁,၀၀၀ (၃၆သိန်းကျော်) ရှိတယ်၊ အဲ့ဒီမှာ၂၃အုပ်ရှိတယ်ဆိုတော့ ရင်းဂစ် ၂၃၀,၀၀၀ ( သိန်း ၇၆၀ နီးပါး)ပေါ့” လို့ အဆိုပါပိုက်ဆံအပျက်အစီးကိုရိုက်ကူးထားခဲ့တဲ့

အမျိုးသားကဆိုပါတယ်။ ပိုက်ဆံတစ်အုပ်ချင်းစီမှာ ရင်းဂစ် ၁၅,၀၀၀ မှ ၂၀,၀၀၀ ဝန်းကျင် (၄၉သိန်းကျော် မှ ၆၆သိန်းကျော်) သို့မဟုတ် အဲ့ဒီထပ်ပိုနိုင်ပြီးစုစုပေါင်းတွက်ချက်မှုအရ ရင်းဂစ် ၃၀,၀၀၀ မှ ၄၀,၀၀၀ (၉၉ သိန်းကျော် မှ သိန်း ၁၃၂ ကျော်) အထိရှိကြောင်း World of Buzz ကခန့်မှန်း

ထားပါသေးတယ်။ ဗီဒီယိုထဲအရအတော်လေးပျက်စီးသွားတဲ့ ပိုက်ဆံအုပ်တွေကို ကြမ်းပြင်ပေါ် ပြန်ကျဲလျက်တွေ့နိုင်ပြီး ပိုးမွှားဖြစ်ကြောင်းသံသယရှိတဲ့ အနက်ရောင် အစက်အပြောက်များလည်း ပါရှိနေခဲ့ပါတယ်။ ပျက်စီးမှုတွေက အတော်ဆိုးရွားနေခဲ့ပေမဲ့အသုံးပြုနိုင်သေးတဲ့ရင်းဂစ် ၁၁၀,၀၀၀

(သိန်း ၃၆၃ ကျော်)တန်ဖိုးရှိ ပိုက်ဆံအုပ် ၁၁ အုပ်ကို ရှာတွေ့ခဲ့ကြပါသေးတယ်။ အဖွားတော့ Milo tin ဘူးတွေကြောင့် ကိုယ် ခက်ခက်ခဲခဲရှာထားခဲ့တဲ့ပိုက်ဆံရဲ့သုံးပုံနှစ်ပုံလောက်ကို အဆုံးရှုံးခံခဲ့ရပါတယ်။ စာဖတ်သူတို့လည်း

ခက်ခက်ခဲခဲရှာထားရတဲ့ပိုက်ဆံတွေကို အဖွားလို မဖြစ်အောင် သေချာသိမ်းထားကြပါဗျာ။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်