ကားလိပ္ဆြဲဘဝကစတင္ခဲ့ရ​ေသာ ဟာသလူရႊင္ေတာ္ႀကီး ဦးေမာ့စ္ရဲ့ ဘဝဇာတ္ေၾကာင္း

ေမာ့စ္သည္ သူ၏ အႏုပညာေျခလွမ္းမ်ားကို ကြယ္လြန္သြားၿပီျဖစ္ေသာ ဇာတ္မင္းသားႀကီး စိန္မာဒင္၏ ဇာတ္အဖြဲ႔တြင္ကားလိပ္ဆြဲဘဝျဖင့္စတင္ခဲ့သူျဖစ္သည္။ ဧရာဝတီတိုင္းေဒသႀကီး ေလးမ်က္ႏွာၿမိဳ႕၊ ေရတိုးေခ်ာင္႐ြာ ဇာတိျဖစ္ၿပီးအမည္ရင္းမွာ တင္ဝင္းျဖစ္သည္။ (အႏုပညာသည္ဘဝ)

လူ႐ႊင္ေတာ္ေမာ့စ္သည္ ၁၉၇၀ ခုႏွစ္ဝန္းက်င္က မႏၲေလး စိန္ျမတ္ေမာ္ အၿငိမ့္၌ ပညာသင္ လူ႐ႊင္ေတာ္တစ္ဦးအျဖစ္ ဦးစိန္ရိုး၊ ဦးေ႐ႊဗ်ိဳင္း စသည့္ လူ႐ႊင္ေတာ္ႀကီးမ်ားထံတြင္ပညာသင္ခဲ့သည္။ ၁၉၈၀ ခန႔္တြင္မင္းသားႀကီးစိန္မာဒင္၏သား မင္းသားမိုးဝင္း၊ မိုးမင္းတို႔ႏွင့္အတူဒါရိုက္တာ

ေမာင္စိတၱ၏ ဇာတ္လမ္းမ်ားကိုလူ႐ႊင္ေတာ္ မိုးဒီ‎ႏွင့္ တြဲဖက္ကျပခဲ့ရာ မိုးဒီ-ေမာ့စ္လူ႐ႊင္ေတာ္အတြဲဟုပရိသတ္မွစတင္လက္ခံလာခဲ့သည္။ ဇာတ္ခုံေပၚတြင္ ကြန္ဖူးမင္းသား ဘ႐ုစလီကဲ့သို႔သ႐ုပ္ေဆာင္ရာ ဘ႐ုစလီေမာ့စ္၊ နဂါးေလးေမာ့စ္ဟု နာမည္ ႀကီးၿပီးေနာက္ပိုင္းဇာတ္ထုတ္ျဖစ္သည့္

ေမာင္ေပါက္က်ိဳင္း ဇာတ္၊ သုဝဏၰငလွ်ံ ဇာတ္မ်ားမွာ လူႀကိဳက္မ်ားခဲ့သည္။ ထို႔ေနာက္ ရန္ကုန္စံျပသဘင္မွ ခြဲထြက္ၿပီး ဒါရိုက္တာေမာင္စိတၱ၊ မိုးဒီ၊ ေမာ့စ္တို႔ ပူးေပါင္းကာမင္းသားတင္မိုးဝင္းကို မင္းသားအျဖစ္ တင္​ေျမႇာက္လ်က္ကြၽန္ေတာ့္သဘင္ ကို တည္ေထာင္ခဲ့သည္။ မိုးဝင္းဇာတ္

သဘင္ႏွင့္ ၁၅ ႏွစ္ၾကာလက္တြဲကျပခဲ့ၿပီးေနာက္ မိုးဒီႏွင့္ေမာ့စ္ပူးေပါင္းကာ ဇာတ္ေထာင္ခဲ့သည္။ ဇာတ္ေထာင္သည့္ အခ်ိန္မွာပင္ ၁၉၈၈ ခုႏွစ္ဝန္းက်င္ခန႔္ကဒါရိုက္တာ ဦးျမင့္ေက်ာ္ ရိုက္ကူးသည့္ ရွက္တယ္ တအားဗီဒီယိုဇာတ္ကားတြင္ ပါဝင္ခဲ့ၿပီး ဒါရိုက္တာစိန္သံမဏိရိုက္ကူးသည့္

ဖာတစ္လုံး ေ႐ႊရိုးဗီဒီယိုဇာတ္ကားျဖင့္ အႏုပညာ ေလာကထဲသို႔ ေအာင္ျမင္စြာေျခခ်နိဳင္ခဲ့သူျဖစ္သည္။ ၁၉၈၆ ခုႏွစ္တြင္ ပဲခူးသန္းေအာင္ စီစဥ္သည့္ မိုးဒီႏွင့္ေမာ့စ္တို႔ႏွစ္ဦးပါဝင္ေသာမဂၤလာဦးည ဗီဒီယိုဇာတ္ကားသည္ ျမန္မာ ဗီဒီယို ေခတ္ဦးပိုင္းက အငွားရဆုံးအေခြ၊ အလႉ၊

မဂၤလာေဆာင္စသည့္တို႔တြင္မပါမျဖစ္ ငွားရမ္းျပသရသည့္ အေခြျဖစ္ခဲ့သည္။ထို႔ေနာက္ ဇာတ္သဘင္မွ ဗီဒီယို၊ ႐ုပ္ရွင္ေလာကသို႔ ကူးေျပာင္းသြားခဲ့ၿပီး ရာဇဝင္၊ ဟာသႏွင့္အခ်စ္ဟာသစသည့္ ဇာတ္ကားမ်ားတြင္ အဓိကသ႐ုပ္ေဆာင္အျဖစ္ လည္းေကာင္း၊ ဇာတ္ပို႔ ဇာတ္ရံအျဖစ္လည္းေကာင္း

သ႐ုပ္ေဆာင္ခဲ့သည္။ ႐ုပ္ရွင္ႏွင့္ဗီဒီယိုဇာတ္ ကားေပါင္းမ်ားစြာတြင္ပါဝင္သ႐ုပ္ေဆာင္ရင္း ဒါရိုက္တာ ထြန္းေအာင္ေဇာ္ရိုက္ကူးသည့္ ထာဝရ အလင္းတန္းမ်ားဇာတ္ကားတြင္ ၂၀၁၁ ခုႏွစ္အတြက္ အေကာင္းဆုံးအမ်ိဳးသားဇာတ္ပို႔ဆု အကယ္ဒမီကို ဆြတ္​ခူးရရွိခဲ့သည္။ အကယ္ဒမီရရွိၿပီး

အခ်ိန္ကာလမ်ားကေမာ့စ္ကြယ္လြန္ၿပီဟူေသာ ေကာလာဟလ စကားမ်ားေပၚထြက္ခဲ့ၿပီး ယင္းႏွင့္ပတ္သက္၍ ၂၀၁၃ ခုႏွစ္ ဇန္နဝါရီလ ၂ ရက္ေန႕က အကယ္ဒမီ ဒါရိုက္တာထြန္းေအာင္ေဇာ္အတြက္ မင္းသားဖိုးခ်စ္မွဂုဏ္ျပဳက်င္းပေပးသည့္ အကယ္ဒမီ ဂုဏ္ျပဳဧည့္ခံပြဲတြင္အႏုပညာ

ေမာင္ႏွမမ်ားအားငါမေသဘူးေရကူးတတ္တယ္ ဟု အကယ္ဒမီေမာ့စ္က ေနာက္ေျပာင္က်ီစယ္ခဲ့သည္။ (ဘဝနိဂုံး)ဟာသ သ႐ုပ္ေဆာင္ေမာ့စ္သည္ ၂၀၁၃ ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႕ နံနက္ ၄ နာရီ ၂၀ မိနစ္ကရန္ကုန္ၿမိဳ႕ SSC ေဆး႐ုံတြင္ ကြယ္လြန္ခဲ့သည္။ ေမာ့စ္သည္ကြယ္လြန္ခ်ိန္တြင္

အသက္ ၅၉ ႏွစ္ရွိၿပီျဖစ္ကာအသည္းေရာဂါေဝဒနာကို ကာလရွည္ၾကာ ခံစားခဲ့ရသူ ျဖစ္ သည္။ အခ်ိန္ေပးၿပီးဖတ္ရႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႕ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္ရွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

မော့စ်သည် သူ၏ အနုပညာခြေလှမ်းများကို ကွယ်လွန်သွားပြီဖြစ်သော ဇာတ်မင်းသားကြီး စိန်မာဒင်၏ ဇာတ်အဖွဲ့တွင်ကားလိပ်ဆွဲဘဝဖြင့်စတင်ခဲ့သူဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့၊ ရေတိုးချောင်ရွာ ဇာတိဖြစ်ပြီးအမည်ရင်းမှာ တင်ဝင်းဖြစ်သည်။ (အနုပညာသည်ဘဝ)

လူရွှင်တော်မော့စ်သည် ၁၉၇၀ ခုနှစ်ဝန်းကျင်က မန္တလေး စိန်မြတ်မော် အငြိမ့်၌ ပညာသင် လူရွှင်တော်တစ်ဦးအဖြစ် ဦးစိန်ရိုး၊ ဦးရွှေဗျိုင်း စသည့် လူရွှင်တော်ကြီးများထံတွင်ပညာသင်ခဲ့သည်။ ၁၉၈၀ ခန့်တွင်မင်းသားကြီးစိန်မာဒင်၏သား မင်းသားမိုးဝင်း၊ မိုးမင်းတို့နှင့်အတူဒါရိုက်တာ

မောင်စိတ္တ၏ ဇာတ်လမ်းများကိုလူရွှင်တော် မိုးဒီ‎နှင့် တွဲဖက်ကပြခဲ့ရာ မိုးဒီ-မော့စ်လူရွှင်တော်အတွဲဟုပရိသတ်မှစတင်လက်ခံလာခဲ့သည်။ ဇာတ်ခုံပေါ်တွင် ကွန်ဖူးမင်းသား ဘရုစလီကဲ့သို့သရုပ်ဆောင်ရာ ဘရုစလီမော့စ်၊ နဂါးလေးမော့စ်ဟု နာမည် ကြီးပြီးနောက်ပိုင်းဇာတ်ထုတ်ဖြစ်သည့်

မောင်ပေါက်ကျိုင်း ဇာတ်၊ သုဝဏ္ဏငလျှံ ဇာတ်များမှာ လူကြိုက်များခဲ့သည်။ ထို့နောက် ရန်ကုန်စံပြသဘင်မှ ခွဲထွက်ပြီး ဒါရိုက်တာမောင်စိတ္တ၊ မိုးဒီ၊ မော့စ်တို့ ပူးပေါင်းကာမင်းသားတင်မိုးဝင်းကို မင်းသားအဖြစ် တင်မြှောက်လျက်ကျွန်တော့်သဘင် ကို တည်ထောင်ခဲ့သည်။ မိုးဝင်းဇာတ်

သဘင်နှင့် ၁၅ နှစ်ကြာလက်တွဲကပြခဲ့ပြီးနောက် မိုးဒီနှင့်မော့စ်ပူးပေါင်းကာ ဇာတ်ထောင်ခဲ့သည်။ ဇာတ်ထောင်သည့် အချိန်မှာပင် ၁၉၈၈ ခုနှစ်ဝန်းကျင်ခန့်ကဒါရိုက်တာ ဦးမြင့်ကျော် ရိုက်ကူးသည့် ရှက်တယ် တအားဗီဒီယိုဇာတ်ကားတွင် ပါဝင်ခဲ့ပြီး ဒါရိုက်တာစိန်သံမဏိရိုက်ကူးသည့်

ဖာတစ်လုံး ရွှေရိုးဗီဒီယိုဇာတ်ကားဖြင့် အနုပညာ လောကထဲသို့ အောင်မြင်စွာခြေချနိုင်ခဲ့သူဖြစ်သည်။ ၁၉၈၆ ခုနှစ်တွင် ပဲခူးသန်းအောင် စီစဉ်သည့် မိုးဒီနှင့်မော့စ်တို့နှစ်ဦးပါဝင်သောမင်္ဂလာဦးည ဗီဒီယိုဇာတ်ကားသည် မြန်မာ ဗီဒီယို ခေတ်ဦးပိုင်းက အငှားရဆုံးအခွေ၊ အလှူ၊

မင်္ဂလာဆောင်စသည့်တို့တွင်မပါမဖြစ် ငှားရမ်းပြသရသည့် အခွေဖြစ်ခဲ့သည်။ထို့နောက် ဇာတ်သဘင်မှ ဗီဒီယို၊ ရုပ်ရှင်လောကသို့ ကူးပြောင်းသွားခဲ့ပြီး ရာဇဝင်၊ ဟာသနှင့်အချစ်ဟာသစသည့် ဇာတ်ကားများတွင် အဓိကသရုပ်ဆောင်အဖြစ် လည်းကောင်း၊ ဇာတ်ပို့ ဇာတ်ရံအဖြစ်လည်းကောင်း

သရုပ်ဆောင်ခဲ့သည်။ ရုပ်ရှင်နှင့်ဗီဒီယိုဇာတ် ကားပေါင်းများစွာတွင်ပါဝင်သရုပ်ဆောင်ရင်း ဒါရိုက်တာ ထွန်းအောင်ဇော်ရိုက်ကူးသည့် ထာဝရ အလင်းတန်းများဇာတ်ကားတွင် ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု အကယ်ဒမီကို ဆွတ်ခူးရရှိခဲ့သည်။ အကယ်ဒမီရရှိပြီး

အချိန်ကာလများကမော့စ်ကွယ်လွန်ပြီဟူသော ကောလာဟလ စကားများပေါ်ထွက်ခဲ့ပြီး ယင်းနှင့်ပတ်သက်၍ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့က အကယ်ဒမီ ဒါရိုက်တာထွန်းအောင်ဇော်အတွက် မင်းသားဖိုးချစ်မှဂုဏ်ပြုကျင်းပပေးသည့် အကယ်ဒမီ ဂုဏ်ပြုဧည့်ခံပွဲတွင်အနုပညာ

မောင်နှမများအားငါမသေဘူးရေကူးတတ်တယ် ဟု အကယ်ဒမီမော့စ်က နောက်ပြောင်ကျီစယ်ခဲ့သည်။ (ဘဝနိဂုံး)ဟာသ သရုပ်ဆောင်မော့စ်သည် ၂၀၁၃ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်ကရန်ကုန်မြို့ SSC ဆေးရုံတွင် ကွယ်လွန်ခဲ့သည်။ မော့စ်သည်ကွယ်လွန်ချိန်တွင်

အသက် ၅၉ နှစ်ရှိပြီဖြစ်ကာအသည်းရောဂါဝေဒနာကို ကာလရှည်ကြာ ခံစားခဲ့ရသူ ဖြစ် သည်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်