ဒီ​နေ့ခရစ်စမတ်နေ့​လေးမှာပင်​ ချစ်စရာကောင်းတဲ့ သားသားလေးကို ရရှိလိုက်ပြီဖြစ်​သော လူရွှင်တော် မျောက်ရှုံး
ယူနီကုဒ်ဖြင့် ဖတ်ရန်
ခရစ်စမတ်နေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၂၅ရက်နေ့လေးမှာတော့ ဟာသလူရွှင်တော် 5Star အဖွဲ့ဝင် မျောက်ရှုံးက သူရဲ့ တတိယမြောက်သားသားလေးကို ထပ်မံရရှိခဲ့ပါတယ်။ အနုပညာနယ်ပယ်မှာလည်း ဇာတ်ရုပ်မျိုးစုံနဲ့ ပီပြင်ပိုင်နိုင်အောင်
သရုပ်ဆောင်နိုင်တဲ့မျောက်ရှုံးကတော့ ပရိသတ်အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားတာဖြစ်ပြီး လှုပ်ရှားမှုတိုင်းကိုလည်း စောင့်ကြည့်အားပေးနေကြတာပါ။ မျောက်ရှုံးက ဇနီးချောလေးနဲ့အတူ အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ
သားလေးတစ်ယောက် သမီးလေးတစ်ယောက်ကို မွေးဖွားခဲ့တာဖြစ်ပြီး ဒီကနေ့လေးမှာလည်း နောက်ထပ်သားသားလေးတစ်ယောက်ကို မွေးဖွားခဲ့တာပါ။ ချစ်စရာကောင်းပြီး အသားဖြူဖြူလေးတွေနဲ့ အသည်းယားစရာကောင်းတဲ့ သား၊
သမီးလေးတွေက ဖေဖေ မေမေတို့ရဲ့ အသည်းကျော်လေးဖြစ်ရုံသာမကပဲ ပရိသတ်တွေကလည်း အချစ်ပိုကြတာကိုလည်းတွေ့ရပါတယ်။ ယနေ့မှာဆိုရင်တော့ မျောက်ရှုံးက သူရဲ့လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာထက်မှာ”လူ့လောကထဲတော့
တစ်ယောက်ဝင်လာပြီ အားဖြစ်မလား ကျားဖြစ်မလားတော့မသိ မျက်နှာကတော့မြင်တဲ့အတိုင်းဘဲ ဟဲဟဲ ” ဆိုတဲ့ စာသားလေးနဲ့အတူ သားသားလေးရဲ့ အသည်းယားစရာပုံရိပ်လေးတွေကို တင်ပေးလာတာ ဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ
ကြည့်ရှုအချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်