တစ္ႏွစ္ေက်ာ္အခ်ိန္ေပးခဲ့ကာ ေအာင္ဆန္း႐ုပ္ရွင္အား​ေအာင္ျမင္စြာရိုက္ကူးျပီးစီးနိုင္ခဲ့ၿပီလုိ႔ဆိုတဲ့ ဒါရိုက္တာလူမင္း

ျမန္မာနိုင္ငံရဲ့ လြတ္လပ္ေရးဖခင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ့ အတၳဳပတၱိကို ျပန္လည္ရိုက္ကူးမယ့္ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ဟာ (၂၀၁၂) ခုႏွစ္က စတင္ရိုက္ကူးဖို့ စီစဥ္ၿပီး ၂၀၁၅ ခုႏွစ္ ဗိုလ္ခ်ဳပ္ႏွစ္တစ္ရာျပည့္မွာ ျပသဖို့ရည္ရြယ္ခဲ့ေပမယ့္

အေၾကာင္းေၾကာင္းေၾကာင့္ ေႏွာင့္ေႏွးေနခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ (၂၀၁၉) ခုႏွစ္အတြင္းမွာေတာ့ နိုင္ငံေက်ာ္ သ႐ုပ္ေဆာင္နဲ႔ ဒါရိုက္တာ အကယ္ဒမီ လူမင္းက ဦးေဆာင္ၿပီး ျပန္လည္ရိုက္ကူးခဲ့ကာ ပရိသတ္ေတြရဲ႕စိတ္ဝင္စားျခင္းကို

ျပန္လည္ရရွိခဲ့တာပဲျဖစ္ပါတယ္။ ေအာင္ဆန္း႐ုပ္ရွင္ကို ဒါရိုက္တာလူမင္းကို ဦးေဆာင္ရိုက္ကူးၿပီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းအျဖစ္ ေက်ာ္ေက်ာ္မ်ိဳး၊ ေဒၚခင္ၾကည္အျဖစ္ နန္းဇာျခည္လင္း၊ ရဲေအာင္၊ ရန္ေအာင္၊ မိုးေဟကို၊ နိုင္းနိုင္း၊ ခန႔္စည္သူ၊

ေက်ာ္ေက်ာ္၊ ညိဳမင္းလြင္စတဲ့ အႏုပညာရွင္၊ အတတ္ပညာရွင္ေတြမ်ားစြာနဲ႔ ရိုက္ကူးခဲ့တာ ျဖစ္ပါတယ္။ (၂၀၁၉) ခုႏွစ္စက္တင္ဘာလအတြင္းမွာ စတင္ရိုက္ကူးခဲ့တဲ့ ေအာင္ဆန္း႐ုပ္ရွင္က မေန႔က ဒီဇင္ဘာလ (၂၃) ရက္ေန႔မွာရိုက္ကူးျခင္းအပိုင္း

လုံးဝၿပီးစီးခဲ့ၿပီလို့ ဒါ ရိုက္ တာလူမင္းက သူ႔ရဲ့ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ မၽွေဝလာပါတယ္။ ေအာင္ဆန္း႐ုပ္ရွင္ကေတာ့ ပါဝင္ၾကတဲ့ သ႐ုပ္ေဆာင္ေတြကို ေသေသခ်ာခ်ာစိစစ္ေရြးခ်ယ္ထား ႐ုံသာမက ထိုေခတ္ကအတိုင္းအသုံးအေဆာင္၊

အခင္းအက်င္းေတြကိုလည္းေသခ်ာဂ႐ုတစိုက္ ျပင္ဆင္ရိုက္ကူးခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း မၾကာခင္အခ်ိန္အတြင္းမွာ ဖန္သားျပင္ ေပၚမွာ ၾကည့္ရွုရေတာ့မယ့္ ေအာင္ဆန္း႐ုပ္ရွင္အတြက္ စိတ္ဝင္စားမွုေတြ

ျမင့္တက္ေနၾကမယ္ထင္ပါတယ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပတ္တိကို ပြန်လည်ရိုက်ကူးမယ့် ဗိုလ်ချုပ်ရုပ်ရှင်ဟာ (၂၀၁၂) ခုနှစ်က စတင်ရိုက်ကူးဖို့ စီစဉ်ပြီး ၂၀၁၅ ခုနှစ် ဗိုလ်ချုပ်နှစ်တစ်ရာပြည့်မှာ ပြသဖို့ရည်ရွယ်ခဲ့ပေမယ့်

အကြောင်းကြောင်းကြောင့် နှောင့်နှေးနေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်အတွင်းမှာတော့ နိုင်ငံကျော် သရုပ်ဆောင်နဲ့ ဒါရိုက်တာ အကယ်ဒမီ လူမင်းက ဦးဆောင်ပြီး ပြန်လည်ရိုက်ကူးခဲ့ကာ ပရိသတ်တွေရဲ့စိတ်ဝင်စားခြင်းကို

ပြန်လည်ရရှိခဲ့တာပဲဖြစ်ပါတယ်။ အောင်ဆန်းရုပ်ရှင်ကို ဒါရိုက်တာလူမင်းကို ဦးဆောင်ရိုက်ကူးပြီး ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ကျော်ကျော်မျိုး၊ ဒေါ်ခင်ကြည်အဖြစ် နန်းဇာခြည်လင်း၊ ရဲအောင်၊ ရန်အောင်၊ မိုးဟေကို၊ နိုင်းနိုင်း၊ ခန့်စည်သူ၊

ကျော်ကျော်၊ ညိုမင်းလွင်စတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်တွေများစွာနဲ့ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ (၂၀၁၉) ခုနှစ်စက်တင်ဘာလအတွင်းမှာ စတင်ရိုက်ကူးခဲ့တဲ့ အောင်ဆန်းရုပ်ရှင်က မနေ့က ဒီဇင်ဘာလ (၂၃) ရက်နေ့မှာရိုက်ကူးခြင်းအပိုင်း

လုံးဝပြီးစီးခဲ့ပြီလို့ ဒါ ရိုက် တာလူမင်းက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာပါတယ်။ အောင်ဆန်းရုပ်ရှင်ကတော့ ပါဝင်ကြတဲ့ သရုပ်ဆောင်တွေကို သေသေချာချာစိစစ်ရွေးချယ်ထား ရုံသာမက ထိုခေတ်ကအတိုင်းအသုံးအဆောင်၊

အခင်းအကျင်းတွေကိုလည်းသေချာဂရုတစိုက် ပြင်ဆင်ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မကြာခင်အချိန်အတွင်းမှာ ဖန်သားပြင် ပေါ်မှာ ကြည့်ရှုရတော့မယ့် အောင်ဆန်းရုပ်ရှင်အတွက် စိတ်ဝင်စားမှုတွေ

မြင့်တက်နေကြမယ်ထင်ပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်