ျမန္​မာႏုိင္​ငံထဲမွ ဧရာ၀တီတိုင္းရွိ တိမ္ျမဳပ္ေနေသာ ၿမိဳ႕​ေဟာင္းတၿမိဳ႕ဆုိတာ

ျမန္မာနိုင္ငံ၌ ေရွးၿမိဳ႕ေဟာင္းမ်ားအေၾကာင္း ေျပာၾကလွ်င္ အမ်ားစုမွာ ျမန္မာျပည္ အလယ္ပိုင္းႏွင့္ အထက္ပိုင္း ေဒသရွသေရေခတၱရာ၊ ဗိႆနိုး၊ ဟန္လင္းစသည့္ ကမာၻ႔ေရွးေဟာင္း အေမြအႏွစ္စာရင္း၀င္ ပ်ဴၿမိဳ႕မ်ားကိုသာ ေျပးျမင္တတ္ၾကသည္။ သို႔ေသာ္ ျမန္မာျပည္ေအာက္ပိုင္း

ျမစ္၀ကြၽန္းေပၚေဒသျဖစ္သည့္ ဧရာ၀တီတိုင္း၌ မႏၲေလးနန္းၿမိဳ႕ထက္ အ႐ြယ္အစား ႀကီးမားသည့္ ၿမိဳ႕ေဟာင္းႀကီးတခု တည္ရွိေနသည္ဟုဆိုလွ်င္ လူအမ်ား အံ့ၾသၾကပါလိမ့္မည္။ ပုသိမ္ၿမိဳ႕မွ ပုသိမ္ မုံ႐ြာလမ္းမႀကီး အတိုင္းသြားလွ်င္ အဂၤပူၿမိဳ႕နယ္၊ ကြင္းေကာက္ၿမိဳ႕ အလြန္ေတာင္ဇင္း႐ြာ

ေရာက္မည္ျဖစ္သည္။ ႐ြာအတြင္းလမ္းအတိုင္း ၃ မိုင္ခန့္ ၀င္ေရာက္သြားပါက အက်ယ္အ၀န္း ၈ မိုင္ပတ္လည္ခန့္ ရွည္လ်ားသည္ဂဝံေက်ာက္မ်ားျဖင့္တည္ေဆာက္ထားေသာ ၿမိဳ႕ေဟာင္းႀကီးကို ျမင္ေတြ႔ရမည္ျဖစ္သည္။ ၿမိဳ႕ေဟာင္းေနရာတြင္ သီတင္းသုံးေနသည့္ ၾကပ္ျပင္ေတာရေက်ာင္းတိုက္

ဆရာေတာ္ ဦးပညာသီရိက“ဒီၿမိဳ႕ေဟာင္းေနရာက လူသူမနီးေတာ့ အရင္တုန္းကဆိုရင္ ဆရာေတာ္ႀကီးေတြေလာက္ပဲ တရားက်င့္ႀကံဖို႔ လာေနၾကတယ္။ ၂၀၀၈ ခုႏွစ္မွာ ဦးပဇၥ်င္းရဲ႕ဆရာေတာ္ႀကီးေတြ ခိုင္းေစခ်က္အရ ဒီေနရာမွာ ေတာရ ေဆာက္တည္ၿပီး ေရွးေဟာင္းသာသနိက

အေဆာက္အဦးေတြကိုလည္းထိမ္းသိမ္းရင္း တဖက္ကလည္း ပ်ဴၿမိဳ႕ေဟာင္း က ယဥ္ေက်းမႈ အေမြအႏွစ္ပစၥည္းေတြလည္း ထိန္းသိမ္းရင္း သီတင္းသုံးခဲ့တာ အခုအခ်ိန္ အထိပဲ” ဟုမိန့္ၾကားသည္။ဆရာေတာ္ ဦးပညာသီရိက ႐ြာနီးခ်ဳပ္စပ္မွ ဒကာမ်ားႏွင့္အတူ ၿမိဳ႕ေဟာင္းရွိေရွးေဟာင္း

သာသနိက အေဆာက္အဦးမ်ား၏ ခ်ဳံႏြယ္ပိတ္ေပါင္းမ်ားကို ခုတ္ထြင္ရွင္းလင္းၿပီး ေတာရေဆာက္တည္ရင္း ၂၀၀၉ ခုႏွစ္တြင္ သမိုင္း သုေတသီ ဦးဘုန္းတင့္ေက်ာ္ႏွင့္ အဖြဲ႕ကို ဖိတ္ေခၚ၍ ၿမိဳ႕ေဟာင္းကိုေလ့လာေစခဲ့သည္။ သုေတသီ ဦးဘုန္းတင့္ေက်ာ္ႏွင့္အဖြဲ႔က ၿမိဳ႕ေဟာင္း၌ေတြ႔ရွိရသည့္

အကၡရာမ်ား၊ အုတ္ခ်ပ္၊ ေရတြင္း၊ အုတ္ေလွကား၊ ေစတီ၊ ဗုဒၶ႐ုပ္ပြားေတာ္ႏွင့္ နတ္႐ုပ္မ်ားကို ေလ့လာ မွတ္တမ္းတင္ၿပီးေနာက္လြန္ခဲ့သည့္ ႏွစ္ေပါင္း ၂၃၀၀ ေက်ာ္ကပ်ဴလူမ်ိဳးတို႔ တည္ေဆာက္ခဲ့သည့္ ၿမိဳ႕ေဟာင္းျဖစ္နိုင္ေၾကာင္း မွတ္ခ်က္ျပဳခဲ့သည္။ ဘီစီ ၃ရာစု (ခရစ္ေတာ္ မေပၚမီ

ႏွစ္ေပါင္း ၃၀၀) ႏွင့္ဘီစီ ၆ ရာစုအၾကားထြန္းကားခဲ့သည့္ဗုဒၶေခတ္ႏွင့္အေသာကေခတ္တို႔တြင္ ျဗဟၼီ (ဗရမ္မီ) ဟူသည့္အကၡရာကို အသုံးျပဳခဲ့ၾကေၾကာင္း၊ အဆိုပါ ျဗဟၼီအကၡရာကို ျမန္မာနိုင္ငံရွိ ထင္ရွားသည့္ပ်ဴၿမိဳ႕ေဟာင္းမ်ားျဖစ္သည့္သေရေခတၱရာ၊ ဗိႆနိုး၊ ဟန္လင္းတို႔တြင္

ေတြ႔ရွိရသကဲ့သို႔ အဂၤပူၿမိဳ႕နယ္ရွိဂဝံၿမိဳ႕ေဟာင္း တြင္လည္း အခိုင္အမာေတြ႔ရွိရသည့္အတြက္ ပ်ဴၿမိဳ႕ေဟာင္းျဖစ္နိုင္သည္ဟု ေျပာဆိုျခင္းျဖစ္ေၾကာင္းသမိုင္းပညာရွင္ ဦးဘုန္းတင့္ေက်ာ္ကရွင္းျပသည္။ “ဒီၿမိဳ႕ေဟာင္းဟာဗုဒၶေခတ္နဲ႔အေသာကေခတ္ၾကားမွာ ထြန္းကားခဲ့တယ္။ ဗုဒၶေခတ္နဲ႔

အေသာကေခတ္က ျဗဟၼီ လို႔ေခၚတဲ့အကၡရာကို သုံးတယ္။ အဲဒီအကၡရာဟာအေသာကမင္း နတ္႐ြာစံၿပီး ၁ ႏွစ္အတြင္း သူ႔အင္ပါယာႀကီးလည္း ၿပိဳကြဲၿပီးတဲ့ေနာက္ အဲဒီအကၡရာလည္း ကြယ္ေပ်ာက္သြားခဲ့တယ္။ ဒါေၾကာင့္ ျဗဟၼီ အကၡရာ အေထာက္အထားအရ ဒီၿမိဳ႕တည္တာဟာ

ေစာရင္ ဘီစီ ၆ ရာစု၊ ေနာက္က်ရင္ ဘီစီ ၃ ရာစု ျဖစ္မယ္။ အဲဒီထက္ေတာ့ေနာက္မက်နိဳင္ဘူး။ ဘာလို႔လဲဆိုေတာ့ ဘီစီ ၃ ရာစုထက္ ေနာက္က်ရင္ ျဗဟၼီ အကၡရာေတြ ရစရာ မရွိေတာ့ဘူး” ဟု သူက အေထာက္အထား အကိုးအကားႏွင့္ ဆိုသည္။ ထို႔အျပင္ ၿမိဳ႕ေဟာင္းအေနာက္ဘက္

ေလသာေတာင္ရွိ ဓမၼိကေစတီေတာ္အနီး ေတြ႔ရသည့္ ေက်ာက္ဆစ္ နတ္႐ုပ္မ်ားမွာ ပဲခူးတိုင္း ေ႐ႊေတာင္ၿမိဳ႕ရွိ ပ်ဴေခတ္ ရဟႏၲာသိမ္မွ နတ္႐ုပ္မ်ားႏွင့္ လက္ရာ တထပ္တည္း တူညီေနျခင္း၊ အုတ္ေလွကား မ်ားမွာလည္း ပ်ဴလက္ရာအတိုင္း ေဒါင္လိုက္ စီတန္းထားသည့္တည္ေဆာက္ပုံ

မ်ားေၾကာင့္ ပ်ဴၿမိဳ႕ေဟာင္းျဖစ္နိုင္ေျခ ပိုမ်ားေနေၾကာင္း ဦးဘုန္းတင့္ေက်ာ္က ေျပာသည္။ “ဒီၿမိဳ႕ႀကီးဟာ အေနာ္ရထာမင္းနန္းမတက္ခင္ စတုတၳပုဂံေခတ္မတိုင္မီမွာဘဲပ်က္စီးခဲ့တယ္လို႔ ယူဆရတယ္။ ေအဒီ ၁၁ ရာစု ေနာက္ပိုင္း စတုတၳပုဂံေခတ္ ရာဇ၀င္မွတ္တမ္းေတြ၊ မြန္ေတြရဲ႕

မွတ္တမ္းေတြမွာဒီၿမိဳ႕ေဟာင္းကိုလုံး၀မေတြ႔ရေတာ့ဘူး။ အဲဒီေခတ္ကမပ်က္ေသးဘဲ လူေနတုန္းဆိုရင္ ဒီေလာက္ႀကီးတဲ့ ၿမိဳ႕ႀကီးဟာပုဂံေခတ္ မွတ္တမ္းေတြမွာက်ိန္းေသပါရမယ္။ အခုက ရာဇ၀င္ေတြမွာကိုရွာမေတြ႕ေတာ့တာ” ဟု ဦးဘုန္းတင့္ေက်ာ္က ေျပာသည္။ ေနျပည္ေတာ္ရွိ

ေရွးေဟာင္းသုေတသနဌာန၏ အဆိုအရမူ ေျမေပၚ အေထာက္အထားမ်ားအရ ပ်ဴၿမိဳ႕ျဖစ္သည့္ အေထာက္အထားမေတြ႔ရဘဲ ႏွစ္ေပါင္းရာႏွင့္ခ်ီ တည္ရွိခဲ့သည့္ ေရွးၿမိဳ႕ေဟာင္းတခုအျဖစ္သာ ယာယီသတ္မွတ္ထားေၾကာင္းသိရသည္။ “က်ေနာ္တို႔ ဌာနက ၂၀၁၃ ခုႏွစ္မွာပညာရွင္ေတြ

ေစလႊတ္ၿပီး အဂၤပူၿမိဳ႕ေဟာင္းကိုေလ့လာသုေတသန ျပဳထားပါတယ္။ ေျမေပၚအေထာက္အထားေတြအရေတာ့ပ်ဴၿမိဳ႕ျဖစ္ေၾကာင္းမေတြ႔ရဘူး။ ဥပေဒအရ ႏွစ္ေပါင္း ၁၀၀ ေက်ာ္သက္တမ္းရွိရင္ ေရွးေဟာင္းအျဖစ္ သတ္မွတ္တဲ့အတြက္ ေရွးၿမိဳ႕ေဟာင္းတခုခုေတာ့ျဖစ္နိုင္ပါတယ္” ဟု

ေရွးေဟာင္း သုေတသနဌာနမွ တာ၀န္ရွိသူတဦးက ေျပာသည္။ ပ်ဴသမိုင္းႏွင့္ပတ္သက္၍ေလ့လာေနသည့္ သုေတသီဦးဘုန္းတင့္ေက်ာ္ကမူ ျမန္မာနိုင္ငံတြင္ တေကာင္းေခတ္ မတိုင္မီ ဘီစီ ၃ ရာစုမွ ၆ ရာစုအတြင္း ထြန္းကားခဲ့သည့္ ပ်ဴၿမိဳ႕ေပါင္း ၂၂ ၿမိဳ႕ ရွိၿပီး ယင္းၿမိဳ႕မ်ားထဲတြင္

ပင္လယ္ပ်ဴအမည္ရွိ ၿမိဳ႕တၿမိဳ႕ပါ၀င္ေၾကာင္း၊ ဧရာ၀တီတိုင္းတြင္ေတြ႔ရသည့္ အဂၤပူၿမိဳ႕ေဟာင္းမွာ ပင္လယ္ပ်ဴၿမိဳ႕ ျဖစ္နိုင္ေၾကာင္း ယူဆေနသည္။ “ပ်ဴရာဇ၀င္မွတ္တမ္းေတြမွာပင္လယ္ပ်ဴၿမိဳ႕ဆိုၿပီးေဖာ္ျပထားတဲ့ၿမိဳ႕တၿမိဳ႕ပါတယ္။ ပင္လယ္ကမ္းနားမွာတည္တဲ့အတြက္ပင္လယ္ပ်ဴၿမိဳ႕

လို႔ေခၚတယ္။ က်ေနာ္ကေတာ့ အဂၤပူၿမိဳ႕ေဟာင္းဟာ ပင္လယ္ပ်ဴၿမိဳ႕လို႔ထင္မိတယ္။ ပင္လယ္ကမ္းနားမွာတည္တဲ့မင္းေနျပည္ေတာ္ အ႐ြယ္ရွိတဲ့ ၿမိဳ႕ႀကီးဆိုလို႔ ဒီတၿမိဳ႕ပဲ ရွိတယ္” ဟုသမိုင္းပညာရွင္ ဦးဘုန္းတင့္ေက်ာ္ကေျပာသည္။ ပ်ဴေခတ္အုပ္ခ်ဳပ္ပုံ၌ ရွင္ဘုရင္မ်ားသာလွ်င္ ႀကီးမားသည့္

ၿမိဳ႕ႀကီးမ်ားတည္ေဆာက္ခြင့္ရွိၾကရာ ၿမိဳ႕စား၊ နယ္စားမ်ားမွာဘုရင္နန္းစံသည့္ မင္းေနျပည္ေတာ္၏ ထက္၀က္ခန့္ (သို႔မဟုတ္) သုံးပုံတပုံခန့္ အ႐ြယ္ အစားရွိသည့္ ၿမိဳ႕မ်ားသာ တည္ေဆာက္ခြင့္ရၾကသည္ဟု သိရသည္။ အက်ယ္အ၀န္း ၈ မိုင္ပတ္လည္ခန့္ရွိသည့္အဂၤပူၿမိဳ႕ေဟာင္းမွာ

ျမန္မာျပည္ေအာက္ပိုင္းရွိ ပဲခူး၊ မုတၱမ၊ သထုံေဒသရွိ ၿမိဳ႕ေဟာင္းမ်ားထက္အ႐ြယ္အစား ပိုမိုႀကီးမားေနသည့္အတြက္ပ်ဴဘုရင္တပါးပါး ထီးနန္းစိုးစံအုပ္ခ်ဳပ္ခဲ့လိမ့္မည္ဟုအဂၤပူၿမိဳ႕ေဟာင္းကို သုေတသနျပဳခဲ့သည့္ သမိုင္းပညာရွင္အဖြဲ႔က ယူဆထားသည္။ အဂၤပူၿမိဳ႕ေဟာင္းမွာရခိုင္ရိုးမကို

ေနာက္ခံထား၍ ေပ ၁၀၀ ေက်ာ္ျမင့္သည့္ေတာင္ေၾကာေပၚတြင္ တည္ေဆာက္ထားျခင္းျဖစ္ၿပီး၊ ေစတီပုထိုးမ်ား၊ စိမ့္စမ္းေရတြင္းမ်ား တည္ရွိရာေနရာကို အလယ္ဗဟို ထားကာဘယ္ဘက္ ႏွင့္ ညာဘက္ ေတာင္ေၾကာမ်ားေပၚတြင္ ဂဝံေက်ာက္တုံးႀကီးမ်ားျဖင့္ ၿမိဳ႕ရိုးမ်ားတည္ေဆာက္လုိ႔

ထားသည္။ ၿမိဳ႕အေရွ႕ဘက္ မ်က္ႏွာစာတြင္ က်ယ္ျပန့္သည့္ ေျမျပန့္လြင္ျပင္ႏွင့္ ေက်း႐ြာမ်ား တည္ရွိသည္ကို ေတြ႔ရသည္။ “အဲဒီကာလမွာ ၿမိဳ႕တည္တဲ့လူေတြဟာစနစ္က်တယ္။ ဘယ္ဘက္နဲ႔ ညာဘက္က ေတာင္ေၾကာေတြေပၚမွာ ကင္းစခန္းေတြတည္ထားၿပီးအလယ္မွာအ၀င္လမ္း

လုပ္ထားေပးတယ္။ သူတို႔ဆီကိုလာတဲ့ ကုန္သည္ေတြ၊ သံတမန္ေတြ၊ ရန္သူေတြ၀င္လာမယ္ဆို ၀င္ေပါက္ကေျမျပန့္လြင္ျပင္ကလာရမယ့္ အလယ္ေပါက္တခုပဲ ရွိတာေတြ႔ရတယ္” ဟု အဂၤပူၿမိဳ႕ေဟာင္းကို ကြင္းဆင္းေလ့လာခဲ့သူ ဦးဘုန္းတင့္ေက်ာ္က ေျပာသည္။ အကယ္၍ပ်ဴၿမိဳ႕သာ

မွန္ပါကအက်ယ္အ၀န္း ၈ မိုင္ေက်ာ္ရွိသည့္ အဂၤပူၿမိဳ႕ေဟာင္းသည္ သေရေခတၱရာ ပ်ဴၿမိဳ႕ေဟာင္းၿပီးလွ်င္ ဒုတိယအႀကီးဆုံး ပ်ဴၿမိဳ႕ျဖစ္လာနိုင္ေၾကာင္း သူက ဆိုသည္။ ဧရာ၀တီတိုင္း၌ တူးေဖာ္ေတြ႕ရွိရသည့္ သမိုင္း အေထာက္အထားမ်ားအရ ေအဒီ ၁၄ ရာစုတြင္ ထြန္းကားခဲ့သည့္

အင္းဝေခတ္မွာ အေစာဆုံးျဖစ္ၿပီး ယခုေတြ႔ရွိသည့္ အေထာက္အထားမ်ားသည္ ပ်ဴေခတ္ကတည္းက ျဖစ္သည္ဆိုပါကအင္းဝထက္ ႏွစ္ ၁၀၀၀ ေက်ာ္ပို၍ေရွးက်နိဳင္သည့္သေဘာျဖစ္သည္။ “လက္ရွိမွာ ပ်ဴေခတ္ အေထာက္အထားေတြ ေတြ႕ရွိေနရၿပီ။ ေသခ်ာစနစ္တက်

တူးၾကည့္မယ္ဆိုရင္သမိုင္းအတြက္ တန္ဖိုးမျဖတ္နိုင္တဲ့ အေထာက္အထားေတြရလာနိုင္တယ္” ဟု ဦးဘုန္းတင့္ေက်ာ္ကေျပာသည္။ ဧရာ၀တီတိုင္း၌ ေရွးေဟာင္းၿမိဳ႕ဟူ၍ေျမာင္းျမတၿမိဳ႕သာရွိၿပီး ေရွးေဟာင္းယဥ္ေက်းမႈ နယ္ေျမအျဖစ္ သတ္မွတ္၍ယဥ္ေက်းမႈ၀န္ႀကီးဌာနကထိမ္းသိမ္း

ေစာင့္ေရွာက္ထားေၾကာင္း သိရသည္။ သမိုင္းတန္ဖိုး နားမလည္ၾကသည့္လူတခ်ိဳ႕က ၿမိဳ႕ေဟာင္းမွ ဂဝံေက်ာက္တုံးမ်ား၊ အုတ္ခ်ပ္မ်ားကိုထုေခ်၍ လမ္းခင္းျခင္း၊ ဘုရားေျခေတာ္ရာေ႐ႊခ်ထားသည္မ်ားကို ခြာယူျခင္း၊ ေဆးကုလားမပင္စိုက္ပ်ိဳးရန္ဟုဆိုကာ ၿမိဳ႕ေဟာင္းဧရိယာအတြင္းရွိ

ေရွးေဟာင္း အေဆာက္အဦးမ်ားကိုဖ်က္ဆီးျခင္းမ်ား ရွိေနသည့္အတြက္ အဂၤပူၿမိဳ႕ေဟာင္းကိုလည္း ေရွးေဟာင္း ယဥ္ေက်းမႈ နယ္ေျမအျဖစ္ သတ္မွတ္ၿပီး အစိုးရက စနစ္တက် ထိမ္းသိမ္း ေစာင့္ေရွာက္ေစလိုေၾကာင္း ၾကပ္ျပင္ေတာရ ဆရာေတာ္ ဦးပညာသီရိကမိန့္ၾကားသည္။

“ၿမိဳ႕ေဟာင္းကို ေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမအျဖစ္ သတ္မွတ္ၿပီ အစိုးရက အျမန္ဆုံး ေစာင့္ေရွာက္မွသာအဆင္ေျပမယ္။ အခုေတာင္ ၿမိဳ႕ေဟာင္း အေနာက္ဘက္ ဆင္က်ဳံးရွိတဲ့ေနရာမွာ ေဆးကုလားမစိုက္ဖို႔ဆိုၿပီးစီးပြားေရးသမားေတြက လာတူးလိုက္ေတာ့ ဆင္က်ဳံးပ်က္စီးသြားၿပီ။

ဦးပဇၥ်င္းလည္း တတ္နိုင္သေလာက္ေစာင့္ေရွာက္ေပမယ့္ အစိုးရမလုပ္ရင္မရတဲ့အေျခအေန ျဖစ္ေနၿပီ” ဟု ဆရာေတာ္က မိန့္သည္။ အဂၤပူၿမိဳ႕ေဟာင္းအား ၂၀၁၃ ခုႏွစ္တြင္ ေနျပည္ေတာ္ရွိ ေရွးေဟာင္း သုေတသနဌာနမွ တာ၀န္ရွိသူမ်ား လာေရာက္ စစ္ေဆး၍မွတ္တမ္းတင္ျခင္းမ်ား

ျပဳလုပ္ခဲ့ေသာ္လည္းယေန႔အခ်ိန္အထိ ၿမိဳ႕ေဟာင္းအျဖစ္ထိမ္းသိမ္းေစာင့္ေရွာက္ျခင္းမရွိေသးေၾကာင္းသိရသည္။ ေနျပည္ေတာ္ရွိေရွးေဟာင္း သုေတသနဌာနမွအဆင့္ျမင့္အရာရွိတဦးကမူ “ဘတ္ဂ်တ္(အသုံးစရိတ္)အရဒီၿမိဳ႕ေဟာင္းကို က်ေနာ္တို႔တူးေဖာ္ဖို႔အလွည့္မေပးနိုင္ေသးဘူး။

ေရွ႕မွာက သေရေခတၱရာ၊ ဗိႆနိုး၊ ဟန္လင္း စသျဖင့္ေပါ့၊​ေသခ်ာေနတဲ့ ၿမိဳ႕ေဟာင္းေတြတူးေဖာ္ေနရေတာ့ အလွည့္မေပးနိုင္ေသးတာပါ။ ထိန္းသိမ္း ေစာင့္ေရွာက္ဖို႔ကေတာ့ ေရွးေဟာင္းအေမြအႏွစ္ ထိမ္းသိမ္းေရး ဥပေဒအရ က်ေနာ္တို႔ လုပ္ေဆာင္သြားမွာပါ” ဟုေျပာသည္။

ဆရာေတာ္ ဦးပညာသီရိက ၿမိဳ႕ေဟာင္းအျဖစ္ သတ္မွတ္ရာအတြင္ အေထာက္အကူျပဳနိုင္ေရးအတြက္ ေဒသခံမ်ားေတြ႔ရွိထားသည့္ ေရွးေဟာင္းပစၥည္းမ်ားကိုအလႉခံၿပီးစုေဆာင္းေနသည္။ “ေဒသခံေတြက လယ္ထြန္ရင္း၊ တူးဆြရင္းေဆးတံေတြ၊ ပယင္းနားေတာင္းေတြ၊ စာေတြေရးထားတဲ့

အိုးျခမ္းကြဲေတြေတြ႔ၾကတာရွိတယ္။ အဲဒါေတြေတြ႔ရင္ ဦးပဇၥ်င္းကို လႉေပးၾကပါလို႔ ေျပာထားတယ္။ လက္ရွိေတာ့ အုတ္ခ်ပ္ ၂၀ ေလာက္နဲ႔ ေဆးတံေဟာင္းေတြ လာလႉထားလို႔ ေသခ်ာသိမ္းထားတယ္” ဟု ဆရာေတာ္ကမိန့္ၾကားသည္။ ျမန္မာနိုင္ငံ၌ ေရွးၿမိဳ႕ေဟာင္းေပါင္း ၃၅၀ ေက်ာ္ေတြ႔ရွိ

မွတ္တမ္းတင္ထားေသာ္လည္း ေရွးေဟာင္း သုေတသနဌာနက ၿမိဳ႕ ၁၀ ၿမိဳ႕ခန့္သာတူးေဖာ္ထားနိုင္ေၾကာင္း၊ ၿမိဳ႕ေဟာင္းမ်ားကိုစနစ္တက်တူးေဖာ္ မွတ္တမ္းတင္နိုင္မွသာ ျမန္မာနိုင္ငံ ထြန္းကားေပၚေပါက္လာပုံသမိုင္း (Standard History) ျပဳစု ေရးသား နိုင္မည္ျဖစ္ေၾကာင္းသမိုင္းပညာရွင္

ဦးဘုန္းတင့္ေက်ာ္က ေျပာသည္။ “နိုင္ငံတခုအတြက္ Standard History ဆိုတာ အေရးႀကီးပါတယ္။ အိမ္နီးခ်င္းျဖစ္တဲ့ ထိုင္းနိုင္ငံေတာင္ Standard History ေရးၿပီးၿပီ။ က်ေနာ္တို႔နိုင္ငံက မေရးရေသးဘူး။ ဒါေရးမယ္ဆိုရင္ ၿမိဳ႕ေဟာင္းေတြကို စနစ္တက် တူးေဖာ္မွတ္တမ္းတင္ဖို႔လိုတယ္။

အဂၤပူၿမိဳ႕ေဟာင္းကလည္း ျမန္မာ့သမိုင္းအတြက္ တေထာင့္တေနရာက အေထာက္အကူျပဳနိုင္မယ္လို႔ ယုံၾကည္တယ္” ဟု သူက ေျပာသည္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

မြန်မာနိုင်ငံ၌ ရှေးမြို့ဟောင်းများအကြောင်း ပြောကြလျှင် အများစုမှာ မြန်မာပြည် အလယ်ပိုင်းနှင့် အထက်ပိုင်း ဒေသရှသရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းစသည့် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင် ပျူမြို့များကိုသာ ပြေးမြင်တတ်ကြသည်။ သို့သော် မြန်မာပြည်အောက်ပိုင်း

မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည့် ဧရာဝတီတိုင်း၌ မန္တလေးနန်းမြို့ထက် အရွယ်အစား ကြီးမားသည့် မြို့ဟောင်းကြီးတခု တည်ရှိနေသည်ဟုဆိုလျှင် လူအများ အံ့သြကြပါလိမ့်မည်။ ပုသိမ်မြို့မှ ပုသိမ် မုံရွာလမ်းမကြီး အတိုင်းသွားလျှင် အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့ အလွန်တောင်ဇင်းရွာ

ရောက်မည်ဖြစ်သည်။ ရွာအတွင်းလမ်းအတိုင်း ၃ မိုင်ခန့် ဝင်ရောက်သွားပါက အကျယ်အဝန်း ၈ မိုင်ပတ်လည်ခန့် ရှည်လျားသည်ဂဝံကျောက်များဖြင့်တည်ဆောက်ထားသော မြို့ဟောင်းကြီးကို မြင်တွေ့ရမည်ဖြစ်သည်။ မြို့ဟောင်းနေရာတွင် သီတင်းသုံးနေသည့် ကြပ်ပြင်တောရကျောင်းတိုက်

ဆရာတော် ဦးပညာသီရိက“ဒီမြို့ဟောင်းနေရာက လူသူမနီးတော့ အရင်တုန်းကဆိုရင် ဆရာတော်ကြီးတွေလောက်ပဲ တရားကျင့်ကြံဖို့ လာနေကြတယ်။ ၂၀၀၈ ခုနှစ်မှာ ဦးပဇ္ဈင်းရဲ့ဆရာတော်ကြီးတွေ ခိုင်းစေချက်အရ ဒီနေရာမှာ တောရ ဆောက်တည်ပြီး ရှေးဟောင်းသာသနိက

အဆောက်အဦးတွေကိုလည်းထိမ်းသိမ်းရင်း တဖက်ကလည်း ပျူမြို့ဟောင်း က ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းတွေလည်း ထိန်းသိမ်းရင်း သီတင်းသုံးခဲ့တာ အခုအချိန် အထိပဲ” ဟုမိန့်ကြားသည်။ဆရာတော် ဦးပညာသီရိက ရွာနီးချုပ်စပ်မှ ဒကာများနှင့်အတူ မြို့ဟောင်းရှိရှေးဟောင်း

သာသနိက အဆောက်အဦးများ၏ ချုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းပြီး တောရဆောက်တည်ရင်း ၂၀၀၉ ခုနှစ်တွင် သမိုင်း သုတေသီ ဦးဘုန်းတင့်ကျော်နှင့် အဖွဲ့ကို ဖိတ်ခေါ်၍ မြို့ဟောင်းကိုလေ့လာစေခဲ့သည်။ သုတေသီ ဦးဘုန်းတင့်ကျော်နှင့်အဖွဲ့က မြို့ဟောင်း၌တွေ့ရှိရသည့်

အက္ခရာများ၊ အုတ်ချပ်၊ ရေတွင်း၊ အုတ်လှေကား၊ စေတီ၊ ဗုဒ္ဓရုပ်ပွားတော်နှင့် နတ်ရုပ်များကို လေ့လာ မှတ်တမ်းတင်ပြီးနောက်လွန်ခဲ့သည့် နှစ်ပေါင်း ၂၃၀၀ ကျော်ကပျူလူမျိုးတို့ တည်ဆောက်ခဲ့သည့် မြို့ဟောင်းဖြစ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။ ဘီစီ ၃ရာစု (ခရစ်တော် မပေါ်မီ

နှစ်ပေါင်း ၃၀၀) နှင့်ဘီစီ ၆ ရာစုအကြားထွန်းကားခဲ့သည့်ဗုဒ္ဓခေတ်နှင့်အသောကခေတ်တို့တွင် ဗြဟ္မီ (ဗရမ်မီ) ဟူသည့်အက္ခရာကို အသုံးပြုခဲ့ကြကြောင်း၊ အဆိုပါ ဗြဟ္မီအက္ခရာကို မြန်မာနိုင်ငံရှိ ထင်ရှားသည့်ပျူမြို့ဟောင်းများဖြစ်သည့်သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းတို့တွင်

တွေ့ရှိရသကဲ့သို့ အင်္ဂပူမြို့နယ်ရှိဂဝံမြို့ဟောင်း တွင်လည်း အခိုင်အမာတွေ့ရှိရသည့်အတွက် ပျူမြို့ဟောင်းဖြစ်နိုင်သည်ဟု ပြောဆိုခြင်းဖြစ်ကြောင်းသမိုင်းပညာရှင် ဦးဘုန်းတင့်ကျော်ကရှင်းပြသည်။ “ဒီမြို့ဟောင်းဟာဗုဒ္ဓခေတ်နဲ့အသောကခေတ်ကြားမှာ ထွန်းကားခဲ့တယ်။ ဗုဒ္ဓခေတ်နဲ့

အသောကခေတ်က ဗြဟ္မီ လို့ခေါ်တဲ့အက္ခရာကို သုံးတယ်။ အဲဒီအက္ခရာဟာအသောကမင်း နတ်ရွာစံပြီး ၁ နှစ်အတွင်း သူ့အင်ပါယာကြီးလည်း ပြိုကွဲပြီးတဲ့နောက် အဲဒီအက္ခရာလည်း ကွယ်ပျောက်သွားခဲ့တယ်။ ဒါကြောင့် ဗြဟ္မီ အက္ခရာ အထောက်အထားအရ ဒီမြို့တည်တာဟာ

စောရင် ဘီစီ ၆ ရာစု၊ နောက်ကျရင် ဘီစီ ၃ ရာစု ဖြစ်မယ်။ အဲဒီထက်တော့နောက်မကျနိုင်ဘူး။ ဘာလို့လဲဆိုတော့ ဘီစီ ၃ ရာစုထက် နောက်ကျရင် ဗြဟ္မီ အက္ခရာတွေ ရစရာ မရှိတော့ဘူး” ဟု သူက အထောက်အထား အကိုးအကားနှင့် ဆိုသည်။ ထို့အပြင် မြို့ဟောင်းအနောက်ဘက်

လေသာတောင်ရှိ ဓမ္မိကစေတီတော်အနီး တွေ့ရသည့် ကျောက်ဆစ် နတ်ရုပ်များမှာ ပဲခူးတိုင်း ရွှေတောင်မြို့ရှိ ပျူခေတ် ရဟန္တာသိမ်မှ နတ်ရုပ်များနှင့် လက်ရာ တထပ်တည်း တူညီနေခြင်း၊ အုတ်လှေကား များမှာလည်း ပျူလက်ရာအတိုင်း ဒေါင်လိုက် စီတန်းထားသည့်တည်ဆောက်ပုံ

များကြောင့် ပျူမြို့ဟောင်းဖြစ်နိုင်ခြေ ပိုများနေကြောင်း ဦးဘုန်းတင့်ကျော်က ပြောသည်။ “ဒီမြို့ကြီးဟာ အနော်ရထာမင်းနန်းမတက်ခင် စတုတ္ထပုဂံခေတ်မတိုင်မီမှာဘဲပျက်စီးခဲ့တယ်လို့ ယူဆရတယ်။ အေဒီ ၁၁ ရာစု နောက်ပိုင်း စတုတ္ထပုဂံခေတ် ရာဇဝင်မှတ်တမ်းတွေ၊ မွန်တွေရဲ့

မှတ်တမ်းတွေမှာဒီမြို့ဟောင်းကိုလုံးဝမတွေ့ရတော့ဘူး။ အဲဒီခေတ်ကမပျက်သေးဘဲ လူနေတုန်းဆိုရင် ဒီလောက်ကြီးတဲ့ မြို့ကြီးဟာပုဂံခေတ် မှတ်တမ်းတွေမှာကျိန်းသေပါရမယ်။ အခုက ရာဇဝင်တွေမှာကိုရှာမတွေ့တော့တာ” ဟု ဦးဘုန်းတင့်ကျော်က ပြောသည်။ နေပြည်တော်ရှိ

ရှေးဟောင်းသုတေသနဌာန၏ အဆိုအရမူ မြေပေါ် အထောက်အထားများအရ ပျူမြို့ဖြစ်သည့် အထောက်အထားမတွေ့ရဘဲ နှစ်ပေါင်းရာနှင့်ချီ တည်ရှိခဲ့သည့် ရှေးမြို့ဟောင်းတခုအဖြစ်သာ ယာယီသတ်မှတ်ထားကြောင်းသိရသည်။ “ကျနော်တို့ ဌာနက ၂၀၁၃ ခုနှစ်မှာပညာရှင်တွေ

စေလွှတ်ပြီး အင်္ဂပူမြို့ဟောင်းကိုလေ့လာသုတေသန ပြုထားပါတယ်။ မြေပေါ်အထောက်အထားတွေအရတော့ပျူမြို့ဖြစ်ကြောင်းမတွေ့ရဘူး။ ဥပဒေအရ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိရင် ရှေးဟောင်းအဖြစ် သတ်မှတ်တဲ့အတွက် ရှေးမြို့ဟောင်းတခုခုတော့ဖြစ်နိုင်ပါတယ်” ဟု

ရှေးဟောင်း သုတေသနဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။ ပျူသမိုင်းနှင့်ပတ်သက်၍လေ့လာနေသည့် သုတေသီဦးဘုန်းတင့်ကျော်ကမူ မြန်မာနိုင်ငံတွင် တကောင်းခေတ် မတိုင်မီ ဘီစီ ၃ ရာစုမှ ၆ ရာစုအတွင်း ထွန်းကားခဲ့သည့် ပျူမြို့ပေါင်း ၂၂ မြို့ ရှိပြီး ယင်းမြို့များထဲတွင်

ပင်လယ်ပျူအမည်ရှိ မြို့တမြို့ပါဝင်ကြောင်း၊ ဧရာဝတီတိုင်းတွင်တွေ့ရသည့် အင်္ဂပူမြို့ဟောင်းမှာ ပင်လယ်ပျူမြို့ ဖြစ်နိုင်ကြောင်း ယူဆနေသည်။ “ပျူရာဇဝင်မှတ်တမ်းတွေမှာပင်လယ်ပျူမြို့ဆိုပြီးဖော်ပြထားတဲ့မြို့တမြို့ပါတယ်။ ပင်လယ်ကမ်းနားမှာတည်တဲ့အတွက်ပင်လယ်ပျူမြို့

လို့ခေါ်တယ်။ ကျနော်ကတော့ အင်္ဂပူမြို့ဟောင်းဟာ ပင်လယ်ပျူမြို့လို့ထင်မိတယ်။ ပင်လယ်ကမ်းနားမှာတည်တဲ့မင်းနေပြည်တော် အရွယ်ရှိတဲ့ မြို့ကြီးဆိုလို့ ဒီတမြို့ပဲ ရှိတယ်” ဟုသမိုင်းပညာရှင် ဦးဘုန်းတင့်ကျော်ကပြောသည်။ ပျူခေတ်အုပ်ချုပ်ပုံ၌ ရှင်ဘုရင်များသာလျှင် ကြီးမားသည့်

မြို့ကြီးများတည်ဆောက်ခွင့်ရှိကြရာ မြို့စား၊ နယ်စားများမှာဘုရင်နန်းစံသည့် မင်းနေပြည်တော်၏ ထက်ဝက်ခန့် (သို့မဟုတ်) သုံးပုံတပုံခန့် အရွယ် အစားရှိသည့် မြို့များသာ တည်ဆောက်ခွင့်ရကြသည်ဟု သိရသည်။ အကျယ်အဝန်း ၈ မိုင်ပတ်လည်ခန့်ရှိသည့်အင်္ဂပူမြို့ဟောင်းမှာ

မြန်မာပြည်အောက်ပိုင်းရှိ ပဲခူး၊ မုတ္တမ၊ သထုံဒေသရှိ မြို့ဟောင်းများထက်အရွယ်အစား ပိုမိုကြီးမားနေသည့်အတွက်ပျူဘုရင်တပါးပါး ထီးနန်းစိုးစံအုပ်ချုပ်ခဲ့လိမ့်မည်ဟုအင်္ဂပူမြို့ဟောင်းကို သုတေသနပြုခဲ့သည့် သမိုင်းပညာရှင်အဖွဲ့က ယူဆထားသည်။ အင်္ဂပူမြို့ဟောင်းမှာရခိုင်ရိုးမကို

နောက်ခံထား၍ ပေ ၁၀၀ ကျော်မြင့်သည့်တောင်ကြောပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး၊ စေတီပုထိုးများ၊ စိမ့်စမ်းရေတွင်းများ တည်ရှိရာနေရာကို အလယ်ဗဟို ထားကာဘယ်ဘက် နှင့် ညာဘက် တောင်ကြောများပေါ်တွင် ဂဝံကျောက်တုံးကြီးများဖြင့် မြို့ရိုးများတည်ဆောက်လို့

ထားသည်။ မြို့အရှေ့ဘက် မျက်နှာစာတွင် ကျယ်ပြန့်သည့် မြေပြန့်လွင်ပြင်နှင့် ကျေးရွာများ တည်ရှိသည်ကို တွေ့ရသည်။ “အဲဒီကာလမှာ မြို့တည်တဲ့လူတွေဟာစနစ်ကျတယ်။ ဘယ်ဘက်နဲ့ ညာဘက်က တောင်ကြောတွေပေါ်မှာ ကင်းစခန်းတွေတည်ထားပြီးအလယ်မှာအဝင်လမ်း

လုပ်ထားပေးတယ်။ သူတို့ဆီကိုလာတဲ့ ကုန်သည်တွေ၊ သံတမန်တွေ၊ ရန်သူတွေဝင်လာမယ်ဆို ဝင်ပေါက်ကမြေပြန့်လွင်ပြင်ကလာရမယ့် အလယ်ပေါက်တခုပဲ ရှိတာတွေ့ရတယ်” ဟု အင်္ဂပူမြို့ဟောင်းကို ကွင်းဆင်းလေ့လာခဲ့သူ ဦးဘုန်းတင့်ကျော်က ပြောသည်။ အကယ်၍ပျူမြို့သာ

မှန်ပါကအကျယ်အဝန်း ၈ မိုင်ကျော်ရှိသည့် အင်္ဂပူမြို့ဟောင်းသည် သရေခေတ္တရာ ပျူမြို့ဟောင်းပြီးလျှင် ဒုတိယအကြီးဆုံး ပျူမြို့ဖြစ်လာနိုင်ကြောင်း သူက ဆိုသည်။ ဧရာဝတီတိုင်း၌ တူးဖော်တွေ့ရှိရသည့် သမိုင်း အထောက်အထားများအရ အေဒီ ၁၄ ရာစုတွင် ထွန်းကားခဲ့သည့်

အင်းဝခေတ်မှာ အစောဆုံးဖြစ်ပြီး ယခုတွေ့ရှိသည့် အထောက်အထားများသည် ပျူခေတ်ကတည်းက ဖြစ်သည်ဆိုပါကအင်းဝထက် နှစ် ၁၀၀၀ ကျော်ပို၍ရှေးကျနိုင်သည့်သဘောဖြစ်သည်။ “လက်ရှိမှာ ပျူခေတ် အထောက်အထားတွေ တွေ့ရှိနေရပြီ။ သေချာစနစ်တကျ

တူးကြည့်မယ်ဆိုရင်သမိုင်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အထောက်အထားတွေရလာနိုင်တယ်” ဟု ဦးဘုန်းတင့်ကျော်ကပြောသည်။ ဧရာဝတီတိုင်း၌ ရှေးဟောင်းမြို့ဟူ၍မြောင်းမြတမြို့သာရှိပြီး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ် သတ်မှတ်၍ယဉ်ကျေးမှုဝန်ကြီးဌာနကထိမ်းသိမ်း

စောင့်ရှောက်ထားကြောင်း သိရသည်။ သမိုင်းတန်ဖိုး နားမလည်ကြသည့်လူတချို့က မြို့ဟောင်းမှ ဂဝံကျောက်တုံးများ၊ အုတ်ချပ်များကိုထုချေ၍ လမ်းခင်းခြင်း၊ ဘုရားခြေတော်ရာရွှေချထားသည်များကို ခွာယူခြင်း၊ ဆေးကုလားမပင်စိုက်ပျိုးရန်ဟုဆိုကာ မြို့ဟောင်းဧရိယာအတွင်းရှိ

ရှေးဟောင်း အဆောက်အဦးများကိုဖျက်ဆီးခြင်းများ ရှိနေသည့်အတွက် အင်္ဂပူမြို့ဟောင်းကိုလည်း ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအဖြစ် သတ်မှတ်ပြီး အစိုးရက စနစ်တကျ ထိမ်းသိမ်း စောင့်ရှောက်စေလိုကြောင်း ကြပ်ပြင်တောရ ဆရာတော် ဦးပညာသီရိကမိန့်ကြားသည်။

“မြို့ဟောင်းကို ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအဖြစ် သတ်မှတ်ပြီ အစိုးရက အမြန်ဆုံး စောင့်ရှောက်မှသာအဆင်ပြေမယ်။ အခုတောင် မြို့ဟောင်း အနောက်ဘက် ဆင်ကျုံးရှိတဲ့နေရာမှာ ဆေးကုလားမစိုက်ဖို့ဆိုပြီးစီးပွားရေးသမားတွေက လာတူးလိုက်တော့ ဆင်ကျုံးပျက်စီးသွားပြီ။

ဦးပဇ္ဈင်းလည်း တတ်နိုင်သလောက်စောင့်ရှောက်ပေမယ့် အစိုးရမလုပ်ရင်မရတဲ့အခြေအနေ ဖြစ်နေပြီ” ဟု ဆရာတော်က မိန့်သည်။ အင်္ဂပူမြို့ဟောင်းအား ၂၀၁၃ ခုနှစ်တွင် နေပြည်တော်ရှိ ရှေးဟောင်း သုတေသနဌာနမှ တာဝန်ရှိသူများ လာရောက် စစ်ဆေး၍မှတ်တမ်းတင်ခြင်းများ

ပြုလုပ်ခဲ့သော်လည်းယနေ့အချိန်အထိ မြို့ဟောင်းအဖြစ်ထိမ်းသိမ်းစောင့်ရှောက်ခြင်းမရှိသေးကြောင်းသိရသည်။ နေပြည်တော်ရှိရှေးဟောင်း သုတေသနဌာနမှအဆင့်မြင့်အရာရှိတဦးကမူ “ဘတ်ဂျတ်(အသုံးစရိတ်)အရဒီမြို့ဟောင်းကို ကျနော်တို့တူးဖော်ဖို့အလှည့်မပေးနိုင်သေးဘူး။

ရှေ့မှာက သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း စသဖြင့်ပေါ့၊သေချာနေတဲ့ မြို့ဟောင်းတွေတူးဖော်နေရတော့ အလှည့်မပေးနိုင်သေးတာပါ။ ထိန်းသိမ်း စောင့်ရှောက်ဖို့ကတော့ ရှေးဟောင်းအမွေအနှစ် ထိမ်းသိမ်းရေး ဥပဒေအရ ကျနော်တို့ လုပ်ဆောင်သွားမှာပါ” ဟုပြောသည်။

ဆရာတော် ဦးပညာသီရိက မြို့ဟောင်းအဖြစ် သတ်မှတ်ရာအတွင် အထောက်အကူပြုနိုင်ရေးအတွက် ဒေသခံများတွေ့ရှိထားသည့် ရှေးဟောင်းပစ္စည်းများကိုအလှူခံပြီးစုဆောင်းနေသည်။ “ဒေသခံတွေက လယ်ထွန်ရင်း၊ တူးဆွရင်းဆေးတံတွေ၊ ပယင်းနားတောင်းတွေ၊ စာတွေရေးထားတဲ့

အိုးခြမ်းကွဲတွေတွေ့ကြတာရှိတယ်။ အဲဒါတွေတွေ့ရင် ဦးပဇ္ဈင်းကို လှူပေးကြပါလို့ ပြောထားတယ်။ လက်ရှိတော့ အုတ်ချပ် ၂၀ လောက်နဲ့ ဆေးတံဟောင်းတွေ လာလှူထားလို့ သေချာသိမ်းထားတယ်” ဟု ဆရာတော်ကမိန့်ကြားသည်။ မြန်မာနိုင်ငံ၌ ရှေးမြို့ဟောင်းပေါင်း ၃၅၀ ကျော်တွေ့ရှိ

မှတ်တမ်းတင်ထားသော်လည်း ရှေးဟောင်း သုတေသနဌာနက မြို့ ၁၀ မြို့ခန့်သာတူးဖော်ထားနိုင်ကြောင်း၊ မြို့ဟောင်းများကိုစနစ်တကျတူးဖော် မှတ်တမ်းတင်နိုင်မှသာ မြန်မာနိုင်ငံ ထွန်းကားပေါ်ပေါက်လာပုံသမိုင်း (Standard History) ပြုစု ရေးသား နိုင်မည်ဖြစ်ကြောင်းသမိုင်းပညာရှင်

ဦးဘုန်းတင့်ကျော်က ပြောသည်။ “နိုင်ငံတခုအတွက် Standard History ဆိုတာ အရေးကြီးပါတယ်။ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံတောင် Standard History ရေးပြီးပြီ။ ကျနော်တို့နိုင်ငံက မရေးရသေးဘူး။ ဒါရေးမယ်ဆိုရင် မြို့ဟောင်းတွေကို စနစ်တကျ တူးဖော်မှတ်တမ်းတင်ဖို့လိုတယ်။

အင်္ဂပူမြို့ဟောင်းကလည်း မြန်မာ့သမိုင်းအတွက် တထောင့်တနေရာက အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်တယ်” ဟု သူက ပြောသည်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်