ဦးေခါင္းအဆမတန္ႀကီးမားလာသည့္ ကေလးငယ္အား ေဆးကုသဖုိ႔ရန္ အကူအညီအျမန္​လိုအပ္ေနဟုသိရ ႐ွယ္​​ေပးၾကပါဦး​ေနာ္​

​ေမြးဖြားၿပီး ေလးလအၾကာတြင္ ဦးေခါင္းအဆမတန္ တျဖည္းျဖည္း ႀကီးလာေနသည့္ ကရင္ျပည္နယ္ လွိုင္းဘြဲၿမိဳ႕နယ္ရွိ ကေလးငယ္အားေဆးကုသေပးရန္ အကူအညီလိုအပ္လ်က္ရွိသည္။ ကရင္ျပည္နယ္ လွိုင္းဘြဲၿမိဳ႕နယ္ ျမေလးေက်း႐ြာအုပ္စု အလန္းႀကီးေက်း႐ြာရွိ ဦးေခါင္းပိုင္းေရာဂါ

ခံစားေနရသည့္ (၁၀) လသားအ႐ြယ္ ကေလးငယ္သည္ ေမြးဖြားၿပီးေလးလအၾကာတြင္ ဦးေခါင္းမွာတျဖည္းျဖည္းအဆမတန္ႀကီးမားလာသည့္ျပႆနာႏွင့္ႀကဳံေတြ႔​ေနရျခင္းျဖစ္သည္။ ထိုသို႔ေသာ အေျခအေနေၾကာင့္ ကေလးငယ္၏ မိဘႏွစ္ဦးစလုံးမွာကေလးငယ္အား

ေဆးကုသေပးနိုင္ရန္ ကိုဗစ္ကာလအတြင္းမွာပင္ ထိုင္းနိုင္ငံသို႔စြန႔္စားသြားေရာက္ကာေငြရွာခဲ့ေသာ္လည္းအဆင္မေျပသျဖင့္ကေလးကို ေဆးကုသမႈမေပးနိုင္ေသးေၾကာင္း ဒီဇင္ဘာ ၂၂ ရက္ တြင္ ကေလးငယ္အား အေထာက္အပံ့အခ်ိဳ႕ သြားေရာက္ကူညီခဲ့သည့္ လွိုင္းဘြဲၿမိဳ႕နယ္ေန

ေဒၚခင္စန္းျမင့္က ေျပာသည္။ အဆိုပါကေလးငယ္သည္ လက္ရွိတြင္ အဘိုး၊ အဘြားႏွင့္အတူေနထိုင္လ်က္ရွိၿပီး ကေလးငယ္၏ ဦးေခါင္းျပႆနာကို ရန္ကုန္သို႔ သြားေရာက္ျပသရမည္ ျဖစ္ကာ လက္ရွိ ကိုဗစ္ကပ္ေရာဂါကာလတြင္ သြားေရာက္ျပသရန္ အဆင္မေျပေသးသည့္အျပင္

ေငြေရးေၾကးေရး အခက္အခဲေၾကာင့္ မသြားေရာက္နိုင္ေသး ျခင္းျဖစ္သည္ဟုေဒၚခင္စန္းျမင့္ ကေျပာသည္။ ‘‘ကေလးအေၾကာဆို ေခါင္းကေပါက္ထြက္ေတာ့မယ့္အတိုင္း ပဲ။ အေၾကာႀကီးႀကီးေတြ။ ေပ်ာ့ ေပ်ာ့အိအိကေလးပဲ ေခါင္းက။ ကေလးက်န္းမာေရးက ေခါင္း ႀကီးသြားတာပဲရွိတယ္။

ကေလးက သူ႔ဘာသာသူပုံမွန္ထမင္းစားလို႔ရွိရင္ ထမင္းဘူးကထမင္းကိုတစ္ပန္းကန္လုံးအျပည့္ စားတယ္။ စားတာ၊ နို႔ဘူးတိုက္တာေတြ၊ အေပ့ါအေလးသြားတာ အားလုံးက နဂိုပုံမွန္အတိုင္းပဲ’’ ဟုကေလးငယ္မိသားစုဝင္မ်ား ႏွင့္ သြားေရာက္ေတြ႕ဆုံခဲ့သည့္ ၎ကေျပာသည္။

ကေလးငယ္အတြက္ အကူအညီေပးလိုသူမ်ားအေနျဖင့္ လွိုင္းဘြဲၿမိဳ႕နယ္ေန ျပန္ဆက္ဦးစီးမႉး ေဒၚခင္စန္းျမင့္ ဖုန္း ၀၉-၆၆၁၁၃၇၂၀၀ သို႔ ဆက္သြယ္ၿပီး အကူအညီေပးနိုင္သည္။ အခ်ိန္​​ေပးၿပီးဖတ္​႐ႈ႕​ေပးၾက​ေသာ ပရိတ္​သတ္​ႀကီးအားလုံးမွလည္​း အလႉ႐ွင္​​ေတြ႔​ေအာင္​တက္​ႏုိင္​သ​ေလာက္​ ဝုိင္​းဝန္​းကူညီၿပီး႐ွယ္​​ေပးၾကပါဦး​ေနာ္​။အျမန္​ဆုံးလည္​းအလႉ႐ွင္​​ေတြ႔ပါ​ေစဗ်ာ။ ခရက္​ဒစ္​

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

မွေးဖွားပြီး လေးလအကြာတွင် ဦးခေါင်းအဆမတန် တဖြည်းဖြည်း ကြီးလာနေသည့် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ကလေးငယ်အားဆေးကုသပေးရန် အကူအညီလိုအပ်လျက်ရှိသည်။ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြလေးကျေးရွာအုပ်စု အလန်းကြီးကျေးရွာရှိ ဦးခေါင်းပိုင်းရောဂါ

ခံစားနေရသည့် (၁၀) လသားအရွယ် ကလေးငယ်သည် မွေးဖွားပြီးလေးလအကြာတွင် ဦးခေါင်းမှာတဖြည်းဖြည်းအဆမတန်ကြီးမားလာသည့်ပြဿနာနှင့်ကြုံတွေ့နေရခြင်းဖြစ်သည်။ ထိုသို့သော အခြေအနေကြောင့် ကလေးငယ်၏ မိဘနှစ်ဦးစလုံးမှာကလေးငယ်အား

ဆေးကုသပေးနိုင်ရန် ကိုဗစ်ကာလအတွင်းမှာပင် ထိုင်းနိုင်ငံသို့စွန့်စားသွားရောက်ကာငွေရှာခဲ့သော်လည်းအဆင်မပြေသဖြင့်ကလေးကို ဆေးကုသမှုမပေးနိုင်သေးကြောင်း ဒီဇင်ဘာ ၂၂ ရက် တွင် ကလေးငယ်အား အထောက်အပံ့အချို့ သွားရောက်ကူညီခဲ့သည့် လှိုင်းဘွဲမြို့နယ်နေ

ဒေါ်ခင်စန်းမြင့်က ပြောသည်။ အဆိုပါကလေးငယ်သည် လက်ရှိတွင် အဘိုး၊ အဘွားနှင့်အတူနေထိုင်လျက်ရှိပြီး ကလေးငယ်၏ ဦးခေါင်းပြဿနာကို ရန်ကုန်သို့ သွားရောက်ပြသရမည် ဖြစ်ကာ လက်ရှိ ကိုဗစ်ကပ်ရောဂါကာလတွင် သွားရောက်ပြသရန် အဆင်မပြေသေးသည့်အပြင်

ငွေရေးကြေးရေး အခက်အခဲကြောင့် မသွားရောက်နိုင်သေး ခြင်းဖြစ်သည်ဟုဒေါ်ခင်စန်းမြင့် ကပြောသည်။ ‘‘ကလေးအကြောဆို ခေါင်းကပေါက်ထွက်တော့မယ့်အတိုင်း ပဲ။ အကြောကြီးကြီးတွေ။ ပျော့ ပျော့အိအိကလေးပဲ ခေါင်းက။ ကလေးကျန်းမာရေးက ခေါင်း ကြီးသွားတာပဲရှိတယ်။

ကလေးက သူ့ဘာသာသူပုံမှန်ထမင်းစားလို့ရှိရင် ထမင်းဘူးကထမင်းကိုတစ်ပန်းကန်လုံးအပြည့် စားတယ်။ စားတာ၊ နို့ဘူးတိုက်တာတွေ၊ အပေ့ါအလေးသွားတာ အားလုံးက နဂိုပုံမှန်အတိုင်းပဲ’’ ဟုကလေးငယ်မိသားစုဝင်များ နှင့် သွားရောက်တွေ့ဆုံခဲ့သည့် ၎င်းကပြောသည်။

ကလေးငယ်အတွက် အကူအညီပေးလိုသူများအနေဖြင့် လှိုင်းဘွဲမြို့နယ်နေ ပြန်ဆက်ဦးစီးမှူး ဒေါ်ခင်စန်းမြင့် ဖုန်း ၀၉-၆၆၁၁၃၇၂၀၀ သို့ ဆက်သွယ်ပြီး အကူအညီပေးနိုင်သည်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးမှလည်း အလှူရှင်တွေ့အောင်တက်နိုင်သလောက် ဝိုင်းဝန်းကူညီပြီးရှယ်ပေးကြပါဦးနော်။အမြန်ဆုံးလည်းအလှူရှင်တွေ့ပါစေဗျာ။ ခရက်ဒစ်