ထူျခားဆန္​းၾကယ္​မွုေတြနဲ႔ အရမ္းကို ျပည့္နက္ေန​ေသာ အမႊာကၽြန္းဆုိတာ

ဖိလစ္ပိုင္နိုင္ငံ Quezon ျပည္နယ္ထဲက ဖိလစ္ပိုင္ကြၽန္းစုထဲမွာ Alabat ဆိုတဲ့ ကြၽန္းငယ္ေလးတစ္ခု ရွိပါတယ္။ ဒီကြၽန္းရဲ႕ထူးျခားခ်က္ကေတာ့ ဒီကြၽန္းငယ္ေလးကိုေရာက္ဖူးတဲ့သူေတြတိုင္းကေတာ့ ပုံစံတူတဲ့လူသားႏွစ္ဦးကို အၿမဲလိုလိုေတြ႕ရေလ့ရွိေနတာပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့

လူဦးေရ ၁၀၀မွာ ၄ေယာက္ဟာအမႊာျဖစ္ေနလို႔ပါတဲ့။ ဒီေဒသမွာပုံစံ အနည္းငယ္သာကြဲလြဲတဲ့ အ မႊာ(၇၈)တြဲ၊ ႐ုပ္ခ်င္းခြၽတ္စြပ္တူတဲ့ အမႊာ(၂၂) တြဲ၊ကိုယ္ခ်င္း ဆက္အမႊာ(၁)တြဲ လက္ရွိမွာစုစုေပါင္းအမႊာေပါင္း(၁၀၁)တြဲရွိေနပါတယ္။ Isaland of Mirror လို႔ဖိလစ္ပိုင္နိုင္ငံအတြင္းမွထင္ရွားတဲ့

Alabat ေဒသဟာအမႊာအေရအတြက္ အလြန္မ်ားျပားေနတာမို႔ ေရာက္ရွိလာတဲ့သူေတြအတြက္ အထူးအဆန္းျဖစ္ရပါတယ္။ ဒီေဒသမွာ အမႊာဦးေရအလြန္မ်ားျပားေနရျခင္းဟာ ယခုအခ်ိန္ ကာလမွမဟုတ္ဘဲက်န္ခဲ့တဲ့ကာလမ်ားစြာထဲက ျဖစ္ခဲ့တာမို႔ Generation Process ေၾကာင့္ျဖစ္တယ္လို႔

ပညာရွင္ေတြကသတ္မွတ္ထားၾကပါတယ္။ ဒီေဒသမွာ ေနာက္ဆုံးဖြားျမင္တဲ့ အမႊာကေတာ့ Gian နဲ႕ Johnတို႔ျဖစ္ၾကၿပီး သူတို႔ရဲ႕ဓာက္ပုံေတြက ကေလးပုခတ္အတြင္းရွိေနတဲ့ ကာလမွာတင္ ဖိလစ္ပိုင္နိုင္ငံက အင္တာနက္လူမူကြန္ယက္ စာမ်က္ ႏွာေတြမွာပ်ံ့ႏွံ႕ေနခဲ့ပါၿပီ။ ယေန႔ထက္တိုင္

အသက္ရွင္ေနထိုင္ေနတဲ့အသက္အႀကီး ဆုံးအမႊာကေတာ့ Eud osia နဲ႔ Antoniaအမည္ရဲ႕ အသက္(၈၆)ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ အမ်ိဳးသမီးေတြျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္စလုံးဟာ ကိုယ္စီေျမးေတြပိုင္ဆိုင္ေနၿပီျဖစ္ၿပီး တိုက္တိုက္ဆိုင္ဆိုင္ ႏွစ္ဦးစလုံးဟာ မုဆိုးမေတြျဖစ္ၾကပါတယ္။

ဖိလစ္ပိုင္နိုင္ငံမွာရွိတဲ့ အလြန္ေသးငယ္တဲ့အပူပိုင္းသစ္ေတာအတြင္းမွာရွိတဲ့ ဒီ႐ြာငယ္ေလး ဟာလူဦးေရအလြန္နည္းပါးေပမဲ့ အမႊာဦးေရအလြန္မ်ားျပားေနတာပဲျဖစ္ပါတယ္။Alabat မွာရွိတဲ့ လူေနအိမ္၊ေက်ာင္းအပါအဝင္ ေနရာအႏွံ႕မွာအမႊာကေလးငယ္ေမြးခ်င္းေတြအမ်ားအျပား

​ေတြ႔​ေနရမွာျဖစ္ပါတယ္။ Alabat ဟာတံငါ႐ြာေလးျဖစ္ၿပီး ေဒသခံအမ်ားစုဟာေရလုပ္ငန္းနဲ႔အသက္ေမြးဝမ္းေၾကာင္းျပဳၾကပါတယ္။ ဒီေဒသမွာ ရွိတဲ့ဆယ္ေက်ာ္သက္အမ်ားစုကေတာ့သူတို႔ရဲ႕အားလပ္ခ်ိန္ေတြကိုနီးစပ္ရာAtimonanၿမိဳ႕ကိုသြားေရာက္လည္ပတ္ၿပီးအခ်ိန္ေတြကိုကုန္ဆုံးၾကပါတယ္။

လာေရာက္လာသူေတြအတြက္ေတာ့ ျမင္ကြင္းႏွစ္မ်ိဳးျဖစ္ေနေပမယ့္ Alabat ေဒသကအမႊာေတြကေတာ့သူတို႔ရဲ႕ ေန႔စဥ္ကိစၥေတြကိုေအးခ်မ္းစြာ ေဆာင္႐ြက္လ်က္ရွိေနပါတယ္။ အမႊာဆိုတာကေတာ့ေဆးဘက္ဆိုင္ရာ သေဘာတရားအရ အမ်ိဳးသမီးရဲ႕မမ်ိဳးဥႏွစ္လုံးဟာအမ်ိဳးသားရဲ႕

သုတ္ပိုးတစ္ခုစီနဲ႕ ေပါင္းစပ္ သေႏၶေအာင္ျခင္းျဖစ္ပါတယ္။ ႐ုပ္ျခင္းခြၽတ္စြပ္တူနဲ႕အမႊာဆိုတာကေတာ့ မမ်ိဳးဥတစ္ခုတည္းကေန သေႏၶသားႏွစ္ေယာက္ျဖစ္သြားျခင္းပါ။ ဒါဟာ မ်ိဳးရိုးဗီဇနဲ႕သက္ဆိုင္ၿပီး ပုံပန္းသြင္ျပင္အျပင္ လိင္အမ်ိဳးအစားပါ ေမြးဖြားတဲ့သေႏၶသားေတြဟာ တူညီနိုင္ပါတယ္။

ကိုယ္ခ်င္းဆက္အမႊာကေတာ့အမ်ိဳးသမီး သားအိမ္အတြင္းကမမ်ိဳးဥတစ္ခုဟာသေႏၶေအာင္ၿပီးခါမွ ဆက္စပ္လ်က္ရွိတဲ့ သေႏၶသားရဲ႕ကိုယ္အစိတ္အပိုင္းတစ္ခုကေနေနာက္ထပ္ေနာက္က်တဲ့ သေႏၶသားေအာင္ျခင္းတစ္မ်ိဳးျဖစ္လာတာေၾကာင့္ျဖစ္ပါတယ္။ ဒီလိုမ်ိဳးရိုးဗီဇဆိုင္ရာေျပာင္းလဲမႈေတြဟာ

အမွန္တကယ္တည္ရွိေနေပမဲ့ အခုလိုမ်ိဳးတစ္ေနရာတည္းမွာ အစုလိုက္အၿပဳံ လိုက္ေတြ႕ေနရတဲ့ ျဖစ္ရပ္ဟာရွားပါးလြန္းတာေၾကာင့္ ဗဟုသုအေနနဲ႕ေဖာ္ျပလိုက္ရပါတယ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ဖိလစ်ပိုင်နိုင်ငံ Quezon ပြည်နယ်ထဲက ဖိလစ်ပိုင်ကျွန်းစုထဲမှာ Alabat ဆိုတဲ့ ကျွန်းငယ်လေးတစ်ခု ရှိပါတယ်။ ဒီကျွန်းရဲ့ထူးခြားချက်ကတော့ ဒီကျွန်းငယ်လေးကိုရောက်ဖူးတဲ့သူတွေတိုင်းကတော့ ပုံစံတူတဲ့လူသားနှစ်ဦးကို အမြဲလိုလိုတွေ့ရလေ့ရှိနေတာပါပဲ။ ဘာကြောင့်လဲဆိုတော့

လူဦးရေ ၁၀၀မှာ ၄ယောက်ဟာအမွှာဖြစ်နေလို့ပါတဲ့။ ဒီဒေသမှာပုံစံ အနည်းငယ်သာကွဲလွဲတဲ့ အ မွှာ(၇၈)တွဲ၊ ရုပ်ချင်းချွတ်စွပ်တူတဲ့ အမွှာ(၂၂) တွဲ၊ကိုယ်ချင်း ဆက်အမွှာ(၁)တွဲ လက်ရှိမှာစုစုပေါင်းအမွှာပေါင်း(၁၀၁)တွဲရှိနေပါတယ်။ Isaland of Mirror လို့ဖိလစ်ပိုင်နိုင်ငံအတွင်းမှထင်ရှားတဲ့

Alabat ဒေသဟာအမွှာအရေအတွက် အလွန်များပြားနေတာမို့ ရောက်ရှိလာတဲ့သူတွေအတွက် အထူးအဆန်းဖြစ်ရပါတယ်။ ဒီဒေသမှာ အမွှာဦးရေအလွန်များပြားနေရခြင်းဟာ ယခုအချိန် ကာလမှမဟုတ်ဘဲကျန်ခဲ့တဲ့ကာလများစွာထဲက ဖြစ်ခဲ့တာမို့ Generation Process ကြောင့်ဖြစ်တယ်လို့

ပညာရှင်တွေကသတ်မှတ်ထားကြပါတယ်။ ဒီဒေသမှာ နောက်ဆုံးဖွားမြင်တဲ့ အမွှာကတော့ Gian နဲ့ Johnတို့ဖြစ်ကြပြီး သူတို့ရဲ့ဓာက်ပုံတွေက ကလေးပုခတ်အတွင်းရှိနေတဲ့ ကာလမှာတင် ဖိလစ်ပိုင်နိုင်ငံက အင်တာနက်လူမူကွန်ယက် စာမျက် နှာတွေမှာပျံ့နှံ့နေခဲ့ပါပြီ။ ယနေ့ထက်တိုင်

အသက်ရှင်နေထိုင်နေတဲ့အသက်အကြီး ဆုံးအမွှာကတော့ Eud osia နဲ့ Antoniaအမည်ရဲ့ အသက်(၈၆)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အမျိုးသမီးတွေဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ ကိုယ်စီမြေးတွေပိုင်ဆိုင်နေပြီဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင် နှစ်ဦးစလုံးဟာ မုဆိုးမတွေဖြစ်ကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ အလွန်သေးငယ်တဲ့အပူပိုင်းသစ်တောအတွင်းမှာရှိတဲ့ ဒီရွာငယ်လေး ဟာလူဦးရေအလွန်နည်းပါးပေမဲ့ အမွှာဦးရေအလွန်များပြားနေတာပဲဖြစ်ပါတယ်။Alabat မှာရှိတဲ့ လူနေအိမ်၊ကျောင်းအပါအဝင် နေရာအနှံ့မှာအမွှာကလေးငယ်မွေးချင်းတွေအများအပြား

တွေ့နေရမှာဖြစ်ပါတယ်။ Alabat ဟာတံငါရွာလေးဖြစ်ပြီး ဒေသခံအများစုဟာရေလုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းပြုကြပါတယ်။ ဒီဒေသမှာ ရှိတဲ့ဆယ်ကျော်သက်အများစုကတော့သူတို့ရဲ့အားလပ်ချိန်တွေကိုနီးစပ်ရာAtimonanမြို့ကိုသွားရောက်လည်ပတ်ပြီးအချိန်တွေကိုကုန်ဆုံးကြပါတယ်။

လာရောက်လာသူတွေအတွက်တော့ မြင်ကွင်းနှစ်မျိုးဖြစ်နေပေမယ့် Alabat ဒေသကအမွှာတွေကတော့သူတို့ရဲ့ နေ့စဉ်ကိစ္စတွေကိုအေးချမ်းစွာ ဆောင်ရွက်လျက်ရှိနေပါတယ်။ အမွှာဆိုတာကတော့ဆေးဘက်ဆိုင်ရာ သဘောတရားအရ အမျိုးသမီးရဲ့မမျိုးဥနှစ်လုံးဟာအမျိုးသားရဲ့

သုတ်ပိုးတစ်ခုစီနဲ့ ပေါင်းစပ် သန္ဓေအောင်ခြင်းဖြစ်ပါတယ်။ ရုပ်ခြင်းချွတ်စွပ်တူနဲ့အမွှာဆိုတာကတော့ မမျိုးဥတစ်ခုတည်းကနေ သန္ဓေသားနှစ်ယောက်ဖြစ်သွားခြင်းပါ။ ဒါဟာ မျိုးရိုးဗီဇနဲ့သက်ဆိုင်ပြီး ပုံပန်းသွင်ပြင်အပြင် လိင်အမျိုးအစားပါ မွေးဖွားတဲ့သန္ဓေသားတွေဟာ တူညီနိုင်ပါတယ်။

ကိုယ်ချင်းဆက်အမွှာကတော့အမျိုးသမီး သားအိမ်အတွင်းကမမျိုးဥတစ်ခုဟာသန္ဓေအောင်ပြီးခါမှ ဆက်စပ်လျက်ရှိတဲ့ သန္ဓေသားရဲ့ကိုယ်အစိတ်အပိုင်းတစ်ခုကနေနောက်ထပ်နောက်ကျတဲ့ သန္ဓေသားအောင်ခြင်းတစ်မျိုးဖြစ်လာတာကြောင့်ဖြစ်ပါတယ်။ ဒီလိုမျိုးရိုးဗီဇဆိုင်ရာပြောင်းလဲမှုတွေဟာ

အမှန်တကယ်တည်ရှိနေပေမဲ့ အခုလိုမျိုးတစ်နေရာတည်းမှာ အစုလိုက်အပြုံ လိုက်တွေ့နေရတဲ့ ဖြစ်ရပ်ဟာရှားပါးလွန်းတာကြောင့် ဗဟုသုအနေနဲ့ဖော်ပြလိုက်ရပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်