ဆံပင္ပုံစံ​ေတြကိုၾကည့္ၿပီးလူပ်ိဳအပ်ိဳလား အိမ္ေထာင္သည္လားဆိုတာခြဲျခားနိုင္တဲ့ ရြာကေလးအ​ေၾကာင္​း

မဂၤလာပါ စာဖတ္ပရိတ္သတ္ႀကီးေရ မိန္းကေလးေတြရဲ႕ ဆံပင္ပုံစံကို ၾကည့္လိုက္႐ုံနဲ႔ အပ်ိဳလား၊ ပိုင္ဆိုင္သူရွိၿပီးသား အိမ္ေထာင္ရွင္လားဆိုတာ ခြဲျခားႏိုင္တဲ့ ေက်း႐ြာေလးတစ္႐ြာ ျမန္မာႏိုင္ငံမွာ ရွိေနတယ္ဆိုရင္ မအံ့ၾသဘဲေနမယ့္သူ သိပ္ရွိမွာ မဟုတ္ပါဘူး။ ျမန္မာ့႐ိုးရာယဥ္ေက်းမႈ ဓေလ့ထုံးတမ္းေတြကို

ဘိုးဘြားစဥ္ဆက္ အခုအခ်ိန္အထိ တန္ဖိုးထား ထိန္းသိမ္းၾကတဲ့ ျမန္မာႏိုင္ငံအလယ္ပိုင္းက ႐ြာေလးတစ္႐ြာမွာ မိန္းကေလးနဲ႔ ေယာက္်ားေလးေတြအားလုံး ဆံရစ္ဝိုင္းနဲ႔ ေသွ်ာင္ေပစူးေလးေတြ ကိုယ္စီ ထားၾကပါတယ္။ ႐ြာေလးရဲ႕ နာမည္က ေရပုတ္ႀကီးလို႔ ေခၚပါတယ္။

မေကြးတိုင္း ပြင့္ျဖဴၿမိဳ႕နယ္ထဲက လမ္းပန္းဆက္သြယ္ေရး ခက္ခဲလွတဲ့ေနရာမွာ တည္ရွိပါတယ္။ ေရပုတ္ႀကီး႐ြာလို႔ ဆိုလိုက္ရင္ ဆံရစ္ဝိုင္းနဲ႔တြဲၿပီး သိၾကတယ္လို႔ ႐ြာသားေတြက ေျပာၾကပါတယ္။ တစ္႐ြာလုံးက မိန္းကေလး၊ ေယာက္်ားေလးေတြက ႏို႔စို႔အ႐ြယ္ ကေလးငယ္ ဘဝကတည္းကစတင္ၿပီး ႐ိုးရာဆံပင္ပုံစံ ထားၾကတာပါ။

အခုေလာေလာဆယ္႐ြာမွာ ဆံရစ္ဝိုင္းထားသူစုစုေပါင္း ၆၇၄ ေယာက္ရွိပါတယ္။ အသက္အ႐ြယ္အလိုက္ ဆံပင္ပုံစံ အေခၚအေဝၚ မတူ မိန္းကေလးေတြထားတဲ့ ဆံပင္ပုံစံကို ဆံရစ္ဝိုင္းလို႔ေခၚၿပီး ေယာက္်ားေလးေတြရဲ႕ ႐ိုးရာဆံပင္ပုံစံကိုေတာ့ ေသွ်ာင္ေပစူးလို႔ ေခၚပါတယ္။

ဒီဆံပင္ပုံစံကို ရင္ခြင္ပိုက္ ကေလးငယ္ အ႐ြယ္ေလးေတြမွာ စတင္ ထားၾကတာပါ။ လသားအ႐ြယ္မွာ ငယ္ထိပ္ေပၚမွာ ဦးစြန္းဖုတ္လို႔ ေခၚတဲ့ ဆံပင္ေလးကို ပထမဆုံး စထားပါတယ္။ အဲဒီဆံပင္ပုံစံကို ၾကည့္ၿပီး သူဟာမိခင္ရဲ႕ရင္ခြင္မွာ ခိုလႈံေနတဲ့ ကေလးအ႐ြယ္သာ ရွိပါေသးတယ္လို႔ ေဖာ္ျပတာျဖစ္ေၾကာင္းေရပုတ္ႀကီး႐ြာသူမၿပဳံးၿပဳံးရီက ေျပာပါတယ္။

ကေလးေတြ သုံးႏွစ္ေလးႏွစ္ အ႐ြယ္ေရာက္ေတာ့ အဲဒီဆံပင္ေလးကို ၾကက္ေတာင္စည္းေလး စတင္စည္းလာပါတယ္။ ဒါကမိခင္ရင္ခြင္မွာ ႏို႔စို႔ေနတဲ့ အ႐ြယ္ကေန ကင္းလြတ္ၿပီး လမ္းေလွ်ာက္ ကစားႏိုင္တဲ့ အ႐ြယ္ေရာက္ၿပီဆိုတာ ေဖာ္ျပတဲ့သေဘာျဖစ္ပါတယ္။တခါအသက္၉ ႏွစ္၁၀ႏွစ္အ႐ြယ္ေရာက္တဲ့အခါၾကက္ေတာင္စည္းေလးေတြရွည္လာၿပီး မိန္းကေလးေတြကဆံရစ္ဝိုင္းေပၚမွာဆံထုံးေလးေတြထုံးလို႔ ရလာၾကၿပီး၊

ေယာက္်ားေလးေတြကလည္းေသွ်ာင္ေပစူးေလးေတြ စထုံးလို႔ ရလာၾကပါၿပီ။ အဲဒါကသားတို႔ သမီးတို႔ဟာ ေက်ာင္းေနအ႐ြယ္ ေရာက္ၾကပါၿပီလို႔ဆံပင္နဲ႔ပုံေဖာ္ျပသတာ ျဖစ္တယ္လို႔ မၿပဳံးၿပဳံးရီက ေျပာပါတယ္။ အဲဒီကတဆင့္ မိန္းကေလးေတြ၁၅ႏွစ္၁၆ႏွစ္အ႐ြယ္ေရာက္ေတာ့ဂ်ပန္ဆံေထာက္လို႔ေခၚတဲ့ဆံေထာက္ဆံပင္ထားၾကပါတယ္။ အဲဒီဆံပင္ပုံကိုၾကည့္ၿပီး ဒီမိန္းကေလးေတြဟာ ကေလးဘဝ အ႐ြယ္ေက်ာ္လြန္လို႔

အပ်ိဳေဖာ္ဝင္လာတဲ့ အ႐ြယ္ပါလို႔ ဆံပင္နဲ႔ ေဖာ္ျပတာျဖစ္ပါတယ္။ ၁၇ ႏွစ္ ၁၈ ႏွစ္ေရာက္ေတာ့ ဂ်ပန္ဆံေထာက္ ေနာက္ေကာက္လို႔ ေခၚတဲ့ နားေနာက္မွာ ဆံေထာက္ေကြးေလးေတြထားတဲ့ ပုံစံေျပာင္းလဲ ထားၾကပါတယ္။ ဒီမိန္းကေလးက အပ်ိဳေလးျဖစ္ပါၿပီ၊ ခ်စ္ခ်င္သူေတြ ခ်စ္လို႔ရပါၿပီ၊

ပိုးခ်င္ပန္းခ်င္သူေတြလည္း ပိုးပန္းလို႔ရပါၿပီလို႔ အဲဒီဆံပင္က ေဖာ္ျပပါတယ္။ ကိုယ္ေျပာခ်င္တဲ့စကားကို ႏႈတ္ကေနဖြင့္ဟ မေျပာဘဲ ဆံပင္ေလးေတြနဲ႔ပုံေဖာ္ၿပီး ေျပာတာလို႔ ေရွးလူႀကီးသူမေတြက ေျပာခဲ့တယ္ဆိုၿပီး မၿပဳံးၿပဳံးရီရဲ႕ မိခင္နဲ႔အဘြား ျပန္ေျပာျပတယ္လို႔ ဆိုပါတယ္။

အိမ္ေထာင္က်သြားတဲ့ အမ်ိဳးသမီးေတြကေတာ့ ဆံရစ္ဝိုင္း ေတြျဖဳတ္လိုက္ၿပီး ဆံပင္ကိုအုပ္လုံးသိမ္းလိုက္ၾကပါတယ္။ ဆိုလိုတာက သူ႔မွာအုပ္ထိန္းသူ လင္ေယာက္်ားရွိပါၿပီ၊ ပိုးပန္းခ်င္သူေတြ မခ်စ္ၾက မပိုးပန္းၾကပါနဲ႔ေတာ့လို႔ ေဖာ္ျပတာျဖစ္ပါတယ္။ ကေလးဘဝ ခံစားခ်က္ ငယ္ငယ္တုန္းက အနီးဝန္းက်င္က ႐ြာေတြသြားတဲ့အခါ

ဆံရစ္ဝိုင္းနဲ႔ ဆံပင္ပုံကို ၾကက္ေခ်းပုံ ႏြားေခ်းပုံေခါင္းမွာ တင္ထားတာလို႔ စၾကေနာက္ၾကတာေတြခံရလို႔ ဆံရစ္ဝိုင္းကို ဘာေၾကာင့္မ်ား ထားေပးရတာလဲ ဒီဆံပင္မထားခ်င္ေတာ့ဘူးလို႔ မိဘေတြကို ျပန္ေျပာခဲ့မိတယ္လို႔ မၿပဳံးၿပဳံးရီက ေျပာပါတယ္။ မိဘေတြက ကဲ့ရဲ႕ တာေတြ ဂ႐ုမစိုက္ဖို႔နဲ႔

ဘိုးဘြားလက္ထက္ကတည္းက အစဥ္အလာမပ်က္ ထားခဲ့တဲ့ ႐ိုးရာယဥ္ေက်းမႈကို ထိန္းသိမ္းတဲ့အေနနဲ႔ ဆံရစ္ဝိုင္းေလးေတြ ထားတာလို႔ ရွင္းျပခဲ့ၿပီး အခုေတာ့ နားလည္လာပါၿပီလို႔ သူကေျပာပါတယ္။ အမ်ိဳးသားေတြကေတာ့ ရွင္ျပဳတဲ့အ႐ြယ္ ေခါင္းတုံးတုံး ၿပီးတဲ့ေနာက္မွာ ဆံရစ္ဝိုင္းကို ဆက္မထားေတာ့ဘဲ

သာမန္ဘိုေကပုံစံထားၾကတာမ်ားတယ္လို႔ပြင့္ျဖဴၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းထြန္းက ေျပာပါတယ္။ အလယ္တန္း အထက္တန္းေက်ာင္းမရွိ အိမ္ေျခ ၆၅၀ ေလာက္ရွိၿပီး လူဦးေရ ၃၀၀၀ ေက်ာ္ရွိတဲ့ ေရပုတ္ႀကီး ႐ြာကေလးဟာ လမ္းပန္းဆက္သြယ္ေရး မေကာင္းတဲ့အတြက္ ေဒသဖြံ႕ၿဖိဳးမႈကလည္း နိမ့္က်တယ္လို

႔ေဒသအာဏာပိုင္ေတြက ေျပာပါတယ္။ စာသင္ေက်ာင္းဆိုလို႔လည္း ေလးတန္းအထိသာ သင္ႏိုင္တဲ့ မူလတန္းေက်ာင္း တစ္ေက်ာင္းသာရွိခဲ့ၿပီး ၂၀၁၅ ခုႏွစ္ကမွ အဲဒီေက်ာင္းေလးက အလယ္တန္းေက်ာင္း အဆင့္ျဖစ္လာတယ္လို႔ လႊတ္ေတာ္အမတ္ ဦးထြန္းထြန္းက ေျပာပါတယ္။

အလယ္တန္းေက်ာင္းကေန အထက္တန္းေက်ာင္း အဆင့္အထိျဖစ္လာႏိုင္ဖို႔ အေျခအေနကလည္း နည္းပါးေသးတယ္လို႔ သူကေျပာပါတယ္။ သူတို႔႐ြာနဲ႔အနီးဆုံး အထက္တန္းေက်ာင္းက ၈ မိုင္အကြာမွာရွိတဲ့ ေရွာက္ေတာေက်း႐ြာမွာပဲ ရွိပါတယ္။ တစ္ဦးတည္းေသာ ေရပုတ္ႀကီး႐ြာသား တကၠသိုလ္ေက်ာင္းသား႐ြာကေန

ၿမိဳ႕ကိုသြားႏိုင္တဲ့ အေနအထား မရွိတဲ့အတြက္ ႐ြာမွာပညာထြန္းေပါက္သူကလည္း ရွားပါးတယ္၊ တကၠသိုလ္အထိ တက္ႏိုင္သူက ေရပုတ္ႀကီး႐ြာ တစ္႐ြာလုံးမွာ တစ္ေယာက္ပဲရွိေသးတယ္လို႔ ပြင့္ျဖဴၿမိဳ႕နယ္အမတ္နဲ႔ ႐ြာခံလူေတြက ေျပာပါတယ္။ အဲဒီေက်ာင္းသားက ကိုႏိုင္ေအးဆိုတဲ့ အသက္ ၂၄ ႏွစ္အ႐ြယ္ လူငယ္ျဖစ္ၿပီး

အခုမေကြးနည္းပညာ တကၠသိုလ္မွာ ပညာသင္ေနတာ ေနာက္ဆုံးႏွစ္ကို ေရာက္ေနပါၿပီ။ ေမာင္ႏွမ ငါးေယာက္ရွိတဲ့ ကိုႏိုင္ေအးက သူ႔ထက္ငယ္တဲ့ ညီေတြညီမေတြက ငယ္ငယ္႐ြယ္႐ြယ္နဲ႔ အိမ္ေထာင္က်ကုန္ၾကၿပီလို႔ ဆိုပါတယ္။ တကၠသိုလ္ပညာသင္ႏိုင္တဲ့ အထိျဖစ္လာဖို႔ သူႀကိဳးစားခဲ့ရတာလည္း လြယ္လြယ္ကူကူေတာ့ မဟုတ္ပါဘူး။

မူလတန္းေက်ာင္းသာရွိတဲ့ ေရပုတ္ႀကီး႐ြာကေန၄တန္းေအာင္ေတာ့ ႐ြာနဲ႔ ၈ မိုင္ေဝးတဲ့ ေရွာက္ေတာ႐ြာအထိ ေန႔စဥ္ေနပူပူ မိုး႐ြာ႐ြာ စက္ဘီးနင္းၿပီး ေက်ာင္းတက္ခဲ့ရတယ္လို႔ ကိုႏိုင္ေအးက ေျပာပါတယ္။ လမ္းတဝက္က ေျမနီလမ္း၊ က်န္လမ္းတဝက္သာ ေက်ာက္လမ္းရွိအတြက္ ခက္ခက္ခဲခဲသြားခဲ့ရတဲ့ ဒီခရီးကို

၅ တန္းကေန ၉တန္းအထိေန႔စဥ္စက္ဘီးနဲ႔ေက်ာင္းတက္ခဲ့တာပါ။၁၀တန္းႏွစ္ေရာက္ေတာ့ေဘာ္ဒါေနရင္းေက်ာင္းတက္ခဲ့တာ ျဖစ္ပါတယ္။ မိုးကသည္း စက္ဘီးကလည္းပ်က္တဲ့ အခါမ်ိဳးမွာ လမ္းမေပၚ တစ္ေယာက္တည္း ထိုင္ငိုေနခဲ့မိၿပီး ေက်ာင္းဆက္မတက္ခ်င္ေတာ့ဘူးဆိုတဲ့ စိတ္မ်ိဳးေတြ ေပၚေပါက္ခဲ့ဖူးတယ္လို႔ သူကျပန္ေျပာျပပါတယ္။

အခုေတာ့ ၂၀၁၈ ခုႏွစ္က ေျမနီလမ္းေလးေဖာက္လုပ္ခဲ့တဲ့အတြက္ အရင္ကထက္သြားေရးလာေရး ပိုမိုလြယ္ကူလာၿပီမို႔ကေလးေတြတျခား႐ြာအလြယ္တကူသြားၿပီးအထက္တန္းေက်ာင္းတက္ႏိုင္ၾကၿပီလို႔႐ြာသားေတြေျေပာပါတယ္။ ေဒသဖြံ႕ၿဖိဳးမႈနိမ့္က်ေရပုတ္ႀကီး႐ြာဟာမိုးေခါင္ေရရွားအရပ္ေဒသမွာတည္ရွိတဲ့အတြက္ ေရရွားပါးလွပါတယ္။

လက္ခပ္ေရတြင္းေတြကိုသာ အသုံးျပဳၾကရၿပီး ေႏြရာသီရာက္တဲ့ အခါမွာ အဲဒီတြင္းေတြကေရေတြခန္းေျခာက္သြားတဲ့အတြက္ ေရျပတ္လပ္တဲ့ ဒုကၡကိုႏွစ္စဥ္ ႀကဳံရတတ္တယ္လို႔ ႐ြာခံေတြက ေျပာပါတယ္။ တစ္႐ြာလုံးမွာ လွ်ပ္စစ္မီးလည္း မရွိေသးပါဘူး။ အခုေတာ့ ႐ိုးရာဓေလ့ကို အျမတ္တႏိုး လက္ဆင့္ကမ္း

ထိန္းသိမ္းၾကတဲ့႐ိုးသားတဲ့ေရပုတ္ႀကီး ႐ြာေလးအေၾကာင္းတစတစသိလာၾကၿပီးအနယ္နယ္အရပ္ရပ္ကလာေရာက္လည္ပတ္တဲ့ဧည့္သည္ေတြလည္း ပိုမ်ားလာၾကပါၿပီ။ ေရပုတ္ႀကီး ႐ြာသူ႐ြာသားေတြကေတာ့ သူတို႔႐ြာေလး ပိုမိုတိုးတက္လာေစဖို႔ ေမွ်ာ္လင့္ ေနၾကပါတယ္။

ျမန္မာႏိုင္ငံမွာေရွးကဘိုးဘြား႐ိုးရာအေမြအႏွစ္ျဖစ္တဲ့ေသွ်ာင္ေပစူး၊ ဆံရစ္ဝိုင္းထားတဲ့ဓေလ့ကို ေညာင္ဦးၿမိဳ႕နယ္ စက္စက္ယို႐ြာ၊ ပြင့္ျဖဴၿမိဳ႕နယ္ ေရပုတ္ႀကီး႐ြာ၊ ႏြားထိုးႀကီးၿမိဳ႕နယ္ ဆံရစ္ဝိုင္း႐ြာတို႔ကို ယေန႔အထိ ထိန္းသိမ္းထားပါသည္။ အခ်ိန္ေပးၿပီး ဖတ္ရႈေပးခဲ့တဲ့ ပရိသတ္ႀကီးတို႔ကိုလည္း ေက်းဇူးတင္ပါတယ္။ ခရက္​ဒစ္​

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

မင်္ဂလာပါ စာဖတ်ပရိတ်သတ်ကြီးရေ မိန်းကလေးတွေရဲ့ ဆံပင်ပုံစံကို ကြည့်လိုက်ရုံနဲ့ အပျိုလား၊ ပိုင်ဆိုင်သူရှိပြီးသား အိမ်ထောင်ရှင်လားဆိုတာ ခွဲခြားနိုင်တဲ့ ကျေးရွာလေးတစ်ရွာ မြန်မာနိုင်ငံမှာ ရှိနေတယ်ဆိုရင် မအံ့သြဘဲနေမယ့်သူ သိပ်ရှိမှာ မဟုတ်ပါဘူး။ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို

ဘိုးဘွားစဉ်ဆက် အခုအချိန်အထိ တန်ဖိုးထား ထိန်းသိမ်းကြတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက ရွာလေးတစ်ရွာမှာ မိန်းကလေးနဲ့ ယောက်ျားလေးတွေအားလုံး ဆံရစ်ဝိုင်းနဲ့ သျှောင်ပေစူးလေးတွေ ကိုယ်စီ ထားကြပါတယ်။ ရွာလေးရဲ့ နာမည်က ရေပုတ်ကြီးလို့ ခေါ်ပါတယ်။

မကွေးတိုင်း ပွင့်ဖြူမြို့နယ်ထဲက လမ်းပန်းဆက်သွယ်ရေး ခက်ခဲလှတဲ့နေရာမှာ တည်ရှိပါတယ်။ ရေပုတ်ကြီးရွာလို့ ဆိုလိုက်ရင် ဆံရစ်ဝိုင်းနဲ့တွဲပြီး သိကြတယ်လို့ ရွာသားတွေက ပြောကြပါတယ်။ တစ်ရွာလုံးက မိန်းကလေး၊ ယောက်ျားလေးတွေက နို့စို့အရွယ် ကလေးငယ် ဘဝကတည်းကစတင်ပြီး ရိုးရာဆံပင်ပုံစံ ထားကြတာပါ။

အခုလောလောဆယ်ရွာမှာ ဆံရစ်ဝိုင်းထားသူစုစုပေါင်း ၆၇၄ ယောက်ရှိပါတယ်။ အသက်အရွယ်အလိုက် ဆံပင်ပုံစံ အခေါ်အဝေါ် မတူ မိန်းကလေးတွေထားတဲ့ ဆံပင်ပုံစံကို ဆံရစ်ဝိုင်းလို့ခေါ်ပြီး ယောက်ျားလေးတွေရဲ့ ရိုးရာဆံပင်ပုံစံကိုတော့ သျှောင်ပေစူးလို့ ခေါ်ပါတယ်။

ဒီဆံပင်ပုံစံကို ရင်ခွင်ပိုက် ကလေးငယ် အရွယ်လေးတွေမှာ စတင် ထားကြတာပါ။ လသားအရွယ်မှာ ငယ်ထိပ်ပေါ်မှာ ဦးစွန်းဖုတ်လို့ ခေါ်တဲ့ ဆံပင်လေးကို ပထမဆုံး စထားပါတယ်။ အဲဒီဆံပင်ပုံစံကို ကြည့်ပြီး သူဟာမိခင်ရဲ့ရင်ခွင်မှာ ခိုလှုံနေတဲ့ ကလေးအရွယ်သာ ရှိပါသေးတယ်လို့ ဖော်ပြတာဖြစ်ကြောင်းရေပုတ်ကြီးရွာသူမပြုံးပြုံးရီက ပြောပါတယ်။

ကလေးတွေ သုံးနှစ်လေးနှစ် အရွယ်ရောက်တော့ အဲဒီဆံပင်လေးကို ကြက်တောင်စည်းလေး စတင်စည်းလာပါတယ်။ ဒါကမိခင်ရင်ခွင်မှာ နို့စို့နေတဲ့ အရွယ်ကနေ ကင်းလွတ်ပြီး လမ်းလျှောက် ကစားနိုင်တဲ့ အရွယ်ရောက်ပြီဆိုတာ ဖော်ပြတဲ့သဘောဖြစ်ပါတယ်။တခါအသက်၉ နှစ်၁၀နှစ်အရွယ်ရောက်တဲ့အခါကြက်တောင်စည်းလေးတွေရှည်လာပြီး မိန်းကလေးတွေကဆံရစ်ဝိုင်းပေါ်မှာဆံထုံးလေးတွေထုံးလို့ ရလာကြပြီး၊

ယောက်ျားလေးတွေကလည်းသျှောင်ပေစူးလေးတွေ စထုံးလို့ ရလာကြပါပြီ။ အဲဒါကသားတို့ သမီးတို့ဟာ ကျောင်းနေအရွယ် ရောက်ကြပါပြီလို့ဆံပင်နဲ့ပုံဖော်ပြသတာ ဖြစ်တယ်လို့ မပြုံးပြုံးရီက ပြောပါတယ်။ အဲဒီကတဆင့် မိန်းကလေးတွေ၁၅နှစ်၁၆နှစ်အရွယ်ရောက်တော့ဂျပန်ဆံထောက်လို့ခေါ်တဲ့ဆံထောက်ဆံပင်ထားကြပါတယ်။ အဲဒီဆံပင်ပုံကိုကြည့်ပြီး ဒီမိန်းကလေးတွေဟာ ကလေးဘဝ အရွယ်ကျော်လွန်လို့

အပျိုဖော်ဝင်လာတဲ့ အရွယ်ပါလို့ ဆံပင်နဲ့ ဖော်ပြတာဖြစ်ပါတယ်။ ၁၇ နှစ် ၁၈ နှစ်ရောက်တော့ ဂျပန်ဆံထောက် နောက်ကောက်လို့ ခေါ်တဲ့ နားနောက်မှာ ဆံထောက်ကွေးလေးတွေထားတဲ့ ပုံစံပြောင်းလဲ ထားကြပါတယ်။ ဒီမိန်းကလေးက အပျိုလေးဖြစ်ပါပြီ၊ ချစ်ချင်သူတွေ ချစ်လို့ရပါပြီ၊

ပိုးချင်ပန်းချင်သူတွေလည်း ပိုးပန်းလို့ရပါပြီလို့ အဲဒီဆံပင်က ဖော်ပြပါတယ်။ ကိုယ်ပြောချင်တဲ့စကားကို နှုတ်ကနေဖွင့်ဟ မပြောဘဲ ဆံပင်လေးတွေနဲ့ပုံဖော်ပြီး ပြောတာလို့ ရှေးလူကြီးသူမတွေက ပြောခဲ့တယ်ဆိုပြီး မပြုံးပြုံးရီရဲ့ မိခင်နဲ့အဘွား ပြန်ပြောပြတယ်လို့ ဆိုပါတယ်။

အိမ်ထောင်ကျသွားတဲ့ အမျိုးသမီးတွေကတော့ ဆံရစ်ဝိုင်း တွေဖြုတ်လိုက်ပြီး ဆံပင်ကိုအုပ်လုံးသိမ်းလိုက်ကြပါတယ်။ ဆိုလိုတာက သူ့မှာအုပ်ထိန်းသူ လင်ယောက်ျားရှိပါပြီ၊ ပိုးပန်းချင်သူတွေ မချစ်ကြ မပိုးပန်းကြပါနဲ့တော့လို့ ဖော်ပြတာဖြစ်ပါတယ်။ ကလေးဘဝ ခံစားချက် ငယ်ငယ်တုန်းက အနီးဝန်းကျင်က ရွာတွေသွားတဲ့အခါ

ဆံရစ်ဝိုင်းနဲ့ ဆံပင်ပုံကို ကြက်ချေးပုံ နွားချေးပုံခေါင်းမှာ တင်ထားတာလို့ စကြနောက်ကြတာတွေခံရလို့ ဆံရစ်ဝိုင်းကို ဘာကြောင့်များ ထားပေးရတာလဲ ဒီဆံပင်မထားချင်တော့ဘူးလို့ မိဘတွေကို ပြန်ပြောခဲ့မိတယ်လို့ မပြုံးပြုံးရီက ပြောပါတယ်။ မိဘတွေက ကဲ့ရဲ့ တာတွေ ဂရုမစိုက်ဖို့နဲ့

ဘိုးဘွားလက်ထက်ကတည်းက အစဉ်အလာမပျက် ထားခဲ့တဲ့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့အနေနဲ့ ဆံရစ်ဝိုင်းလေးတွေ ထားတာလို့ ရှင်းပြခဲ့ပြီး အခုတော့ နားလည်လာပါပြီလို့ သူကပြောပါတယ်။ အမျိုးသားတွေကတော့ ရှင်ပြုတဲ့အရွယ် ခေါင်းတုံးတုံး ပြီးတဲ့နောက်မှာ ဆံရစ်ဝိုင်းကို ဆက်မထားတော့ဘဲ

သာမန်ဘိုကေပုံစံထားကြတာများတယ်လို့ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြောပါတယ်။ အလယ်တန်း အထက်တန်းကျောင်းမရှိ အိမ်ခြေ ၆၅၀ လောက်ရှိပြီး လူဦးရေ ၃၀၀၀ ကျော်ရှိတဲ့ ရေပုတ်ကြီး ရွာကလေးဟာ လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့အတွက် ဒေသဖွံ့ဖြိုးမှုကလည်း နိမ့်ကျတယ်လို

့ဒေသအာဏာပိုင်တွေက ပြောပါတယ်။ စာသင်ကျောင်းဆိုလို့လည်း လေးတန်းအထိသာ သင်နိုင်တဲ့ မူလတန်းကျောင်း တစ်ကျောင်းသာရှိခဲ့ပြီး ၂၀၁၅ ခုနှစ်ကမှ အဲဒီကျောင်းလေးက အလယ်တန်းကျောင်း အဆင့်ဖြစ်လာတယ်လို့ လွှတ်တော်အမတ် ဦးထွန်းထွန်းက ပြောပါတယ်။

အလယ်တန်းကျောင်းကနေ အထက်တန်းကျောင်း အဆင့်အထိဖြစ်လာနိုင်ဖို့ အခြေအနေကလည်း နည်းပါးသေးတယ်လို့ သူကပြောပါတယ်။ သူတို့ရွာနဲ့အနီးဆုံး အထက်တန်းကျောင်းက ၈ မိုင်အကွာမှာရှိတဲ့ ရှောက်တောကျေးရွာမှာပဲ ရှိပါတယ်။ တစ်ဦးတည်းသော ရေပုတ်ကြီးရွာသား တက္ကသိုလ်ကျောင်းသားရွာကနေ

မြို့ကိုသွားနိုင်တဲ့ အနေအထား မရှိတဲ့အတွက် ရွာမှာပညာထွန်းပေါက်သူကလည်း ရှားပါးတယ်၊ တက္ကသိုလ်အထိ တက်နိုင်သူက ရေပုတ်ကြီးရွာ တစ်ရွာလုံးမှာ တစ်ယောက်ပဲရှိသေးတယ်လို့ ပွင့်ဖြူမြို့နယ်အမတ်နဲ့ ရွာခံလူတွေက ပြောပါတယ်။ အဲဒီကျောင်းသားက ကိုနိုင်အေးဆိုတဲ့ အသက် ၂၄ နှစ်အရွယ် လူငယ်ဖြစ်ပြီး

အခုမကွေးနည်းပညာ တက္ကသိုလ်မှာ ပညာသင်နေတာ နောက်ဆုံးနှစ်ကို ရောက်နေပါပြီ။ မောင်နှမ ငါးယောက်ရှိတဲ့ ကိုနိုင်အေးက သူ့ထက်ငယ်တဲ့ ညီတွေညီမတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျကုန်ကြပြီလို့ ဆိုပါတယ်။ တက္ကသိုလ်ပညာသင်နိုင်တဲ့ အထိဖြစ်လာဖို့ သူကြိုးစားခဲ့ရတာလည်း လွယ်လွယ်ကူကူတော့ မဟုတ်ပါဘူး။

မူလတန်းကျောင်းသာရှိတဲ့ ရေပုတ်ကြီးရွာကနေ၄တန်းအောင်တော့ ရွာနဲ့ ၈ မိုင်ဝေးတဲ့ ရှောက်တောရွာအထိ နေ့စဉ်နေပူပူ မိုးရွာရွာ စက်ဘီးနင်းပြီး ကျောင်းတက်ခဲ့ရတယ်လို့ ကိုနိုင်အေးက ပြောပါတယ်။ လမ်းတဝက်က မြေနီလမ်း၊ ကျန်လမ်းတဝက်သာ ကျောက်လမ်းရှိအတွက် ခက်ခက်ခဲခဲသွားခဲ့ရတဲ့ ဒီခရီးကို

၅ တန်းကနေ ၉တန်းအထိနေ့စဉ်စက်ဘီးနဲ့ကျောင်းတက်ခဲ့တာပါ။၁၀တန်းနှစ်ရောက်တော့ဘော်ဒါနေရင်းကျောင်းတက်ခဲ့တာ ဖြစ်ပါတယ်။ မိုးကသည်း စက်ဘီးကလည်းပျက်တဲ့ အခါမျိုးမှာ လမ်းမပေါ် တစ်ယောက်တည်း ထိုင်ငိုနေခဲ့မိပြီး ကျောင်းဆက်မတက်ချင်တော့ဘူးဆိုတဲ့ စိတ်မျိုးတွေ ပေါ်ပေါက်ခဲ့ဖူးတယ်လို့ သူကပြန်ပြောပြပါတယ်။

အခုတော့ ၂၀၁၈ ခုနှစ်က မြေနီလမ်းလေးဖောက်လုပ်ခဲ့တဲ့အတွက် အရင်ကထက်သွားရေးလာရေး ပိုမိုလွယ်ကူလာပြီမို့ကလေးတွေတခြားရွာအလွယ်တကူသွားပြီးအထက်တန်းကျောင်းတက်နိုင်ကြပြီလို့ရွာသားတွေေြပောပါတယ်။ ဒေသဖွံ့ဖြိုးမှုနိမ့်ကျရေပုတ်ကြီးရွာဟာမိုးခေါင်ရေရှားအရပ်ဒေသမှာတည်ရှိတဲ့အတွက် ရေရှားပါးလှပါတယ်။

လက်ခပ်ရေတွင်းတွေကိုသာ အသုံးပြုကြရပြီး နွေရာသီရာက်တဲ့ အခါမှာ အဲဒီတွင်းတွေကရေတွေခန်းခြောက်သွားတဲ့အတွက် ရေပြတ်လပ်တဲ့ ဒုက္ခကိုနှစ်စဉ် ကြုံရတတ်တယ်လို့ ရွာခံတွေက ပြောပါတယ်။ တစ်ရွာလုံးမှာ လျှပ်စစ်မီးလည်း မရှိသေးပါဘူး။ အခုတော့ ရိုးရာဓလေ့ကို အမြတ်တနိုး လက်ဆင့်ကမ်း

ထိန်းသိမ်းကြတဲ့ရိုးသားတဲ့ရေပုတ်ကြီး ရွာလေးအကြောင်းတစတစသိလာကြပြီးအနယ်နယ်အရပ်ရပ်ကလာရောက်လည်ပတ်တဲ့ဧည့်သည်တွေလည်း ပိုများလာကြပါပြီ။ ရေပုတ်ကြီး ရွာသူရွာသားတွေကတော့ သူတို့ရွာလေး ပိုမိုတိုးတက်လာစေဖို့ မျှော်လင့် နေကြပါတယ်။

မြန်မာနိုင်ငံမှာရှေးကဘိုးဘွားရိုးရာအမွေအနှစ်ဖြစ်တဲ့သျှောင်ပေစူး၊ ဆံရစ်ဝိုင်းထားတဲ့ဓလေ့ကို ညောင်ဦးမြို့နယ် စက်စက်ယိုရွာ၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးရွာ၊ နွားထိုးကြီးမြို့နယ် ဆံရစ်ဝိုင်းရွာတို့ကို ယနေ့အထိ ထိန်းသိမ်းထားပါသည်။ အချိန်ပေးပြီး ဖတ်ရှုပေးခဲ့တဲ့ ပရိသတ်ကြီးတို့ကိုလည်း ကျေးဇူးတင်ပါတယ်။ ခရက်ဒစ်