သံဃာအပါး(4000)သီတင္းသုံးရန္အတြက္ သိန္းတစ္ေသာင္းေက်ာ္တန္ဖိုးရွိ​ေသာ အိမ္ၾကီးကိုေရာင္းၿပီး ဓမၼာ႐ုံေဆာက္လုပ္​လႉဒါန္းခဲ့ၾကတဲ့ ညီအမသုံးေယာက္

ေညာင္ေ႐ႊၿမိဳ႕ သာစည္ရပ္မွာေနထိုင္တဲ့ အပ်ိဳႀကီး ညီအစ္မ သုံးေယာက္ ေဒၚလွခင္(၉၁) ႏွစ္၊ေဒၚလွေဌး(၇၄)ႏွစ္၊ေဒၚသန္းေဌး (၇၁)ႏွစ္တို႔က ေညာင္ေ႐ႊေစာ္ဘြားႀကီးဆာေဆာေမာင္ရဲ႕ အတြင္းဝန္ ဦးဖိုးလွိုင္၏ ေျမးမ်ား ျဖစ္ၾကပါတယ္။ ၁၉၁၃ ခုႏွစ္ကတဲကေဆာက္လုပ္ခဲ့တဲ့ႏွစ္ေပါင္း ၁၀၅ ႏွစ္

ၾကာျမင့္ခဲ့ၿပီျဖစ္တဲ့ ေပ ၁၅၀ ပတ္လည္ေလာက္က်ယ္ဝန္းတဲ့ သိန္းတစ္ေသာင္းေက်ာ္ကာလတန္ဘိုးရွိတဲ့ ဘိုးဘြားပိုင္အိမ္ၿခံဝင္းးႀကီးကို ေစတနာသုံးတန္ျပတ္သားစြာလႉခဲ့ၾကၿပီတဲ့။ လြန္ခဲ့တဲ့ ၂ ႏွစ္က ရွမ္းျပည္နယ္လုံးဆိုင္ရာ စာျပန္ပြဲေတာ္ႀကီးအတြက္ ႏွစ္စဥ္ သံဃာအပါးေလးေထာင္နီးပါး

သီတင္းသုံးရန္.အလို႔ငွါ ဓမၼာ႐ုံအျဖစ္ သံဃိက ဒါန ေရစက္ခ်လႉ ဒါန္းခဲ့တာပါတဲ့။ ဒီေန႕ က်မနဲ႕သူငယ္ခ်င္းမ်ားက က်မတို႔ရဲ႕ေက်ာင္းအုပ္ျဖစ္ခဲ့ဘူးတဲ့ ဆရာမႀကီးေဒၚလွေဌးကို ဝါကြၽတ္ဦး အမွတ္တရ သြားကန္ေတာ့ၾကရင္းလွိုက္လွဲဝမ္းသာလြန္းစြာ သာဓုေခၚခဲ့ၾကပါတယ္။ ဆရာမႀကီးတို႔ကိုလဲ

အမ်ားသူငွါ သာဓုေခၚေစဘို႔ ဒီပို႔စ္ေလးေရးခြင့္ျပဳရန္ခြင့္ေတာင္းလို႔ ဆရာမႀကီးတို႔က ၃၁ ဘုံ သားတို႔အတြက္ ကုသိုလ္အမွ်ေပးပါသတဲ့။ဒီ ႀကီးျမတ္ေသာ ကုသိုလ္အတြက္ မုဒိတာပြား သာဓုေခၚနိုင္ၾကေစဘို႔ေဝမွ်လိုက္ပါတယ္ရွင့္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ညောင်ရွှေမြို့ သာစည်ရပ်မှာနေထိုင်တဲ့ အပျိုကြီး ညီအစ်မ သုံးယောက် ဒေါ်လှခင်(၉၁) နှစ်၊ဒေါ်လှဌေး(၇၄)နှစ်၊ဒေါ်သန်းဌေး (၇၁)နှစ်တို့က ညောင်ရွှေစော်ဘွားကြီးဆာဆောမောင်ရဲ့ အတွင်းဝန် ဦးဖိုးလှိုင်၏ မြေးများ ဖြစ်ကြပါတယ်။ ၁၉၁၃ ခုနှစ်ကတဲကဆောက်လုပ်ခဲ့တဲ့နှစ်ပေါင်း ၁၀၅ နှစ်

ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ပေ ၁၅၀ ပတ်လည်လောက်ကျယ်ဝန်းတဲ့ သိန်းတစ်သောင်းကျော်ကာလတန်ဘိုးရှိတဲ့ ဘိုးဘွားပိုင်အိမ်ခြံဝင်းးကြီးကို စေတနာသုံးတန်ပြတ်သားစွာလှူခဲ့ကြပြီတဲ့။ လွန်ခဲ့တဲ့ ၂ နှစ်က ရှမ်းပြည်နယ်လုံးဆိုင်ရာ စာပြန်ပွဲတော်ကြီးအတွက် နှစ်စဉ် သံဃာအပါးလေးထောင်နီးပါး

သီတင်းသုံးရန်.အလို့ငှါ ဓမ္မာရုံအဖြစ် သံဃိက ဒါန ရေစက်ချလှူ ဒါန်းခဲ့တာပါတဲ့။ ဒီနေ့ ကျမနဲ့သူငယ်ချင်းများက ကျမတို့ရဲ့ကျောင်းအုပ်ဖြစ်ခဲ့ဘူးတဲ့ ဆရာမကြီးဒေါ်လှဌေးကို ဝါကျွတ်ဦး အမှတ်တရ သွားကန်တော့ကြရင်းလှိုက်လှဲဝမ်းသာလွန်းစွာ သာဓုခေါ်ခဲ့ကြပါတယ်။ ဆရာမကြီးတို့ကိုလဲ

အများသူငှါ သာဓုခေါ်စေဘို့ ဒီပို့စ်လေးရေးခွင့်ပြုရန်ခွင့်တောင်းလို့ ဆရာမကြီးတို့က ၃၁ ဘုံ သားတို့အတွက် ကုသိုလ်အမျှပေးပါသတဲ့။ဒီ ကြီးမြတ်သော ကုသိုလ်အတွက် မုဒိတာပွား သာဓုခေါ်နိုင်ကြစေဘို့ဝေမျှလိုက်ပါတယ်ရှင့်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်