စူပါကိုဗစ္ႀကီး အိႏၵိယသုိ႔ ေရာက္လာၿပီလား​ေနာ္​

စူပါကိုဗစ္ အိႏၵိယေရာက္လာၿပီလား (လန္ဒန္ကေန အိႏၵိယသို႔ ျပန္လာသူ (၅) ဦးထံတြင္ ကိုဗစ္ပိုးေတြ႕) မၾကာေသးမီက ၿဗိတိန္၌ ကူးစက္ျမန္ဗီဇေျပာင္း ကိုဗစ္ပိုး ေတြ႕ရွိခဲ့ၿပီးေနာက္ ျပည္သူမ်ားအၾကား စိုးရိမ္ပူပန္စိတ္မ်ားပ်ံ႕ႏွံ႔ေနစဥ္ ေလေၾကာင္းခရီးျဖင့္ လန္ဒန္ၿမိဳ႕မွ နယူးေဒလီၿမိဳ႕သို႔

ေရာက္ရွိလာေသာ ခရီးသည္ငါးဦးတြင္ ကိုဗစ္ေရာဂါပိုးေတြ႕ရွိခဲ့ေၾကာင္း ေဒသဆိုင္ရာ မီဒီယာမ်ားကယေန႔ ေျပာၾကားလိုက္ပါတယ္။ အဆိုပါ ခရီးသည္ငါးဦးသည္ ယမန္ေန႔က လန္ဒန္မွ နယူးေဒလီ အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ဆိုက္ေရာက္သည့္အဲအိႏၵိယေလေၾကာင္းလိုင္း

ေလယာဥ္တစ္စင္းေပၚလိုက္ပါလာေသာ ခရီးသည္ေပါင္း ၂၆၆ ဦးထဲမွခရီးသည္မ်ားျဖစ္ပါတယ္။ခရီးသည္မ်ားသည္နယူးေဒလီေလဆိပ္ ေရာက္ရွိခဲ့ၿပီးေနာက္ ကိုဗစ္ေရာဂါပိုး ရွိ၊ မရွိစမ္းသပ္စစ္ေဆးမႈခံယူၿပီး ၎တို႔၏ နမူနာကို စမ္းသပ္စစ္ေဆးရန္ အမ်ိဳးသားေရာဂါထိန္းခ်ဳပ္ေရးစင္တာသို႔

ပို႔ေဆာင္ကာခရီးသည္ငါးဦးတြင္ ကိုဗစ္ ေရာဂါပိုး ေတြ႕ရွိခဲ့ျခင္းျဖစ္ၿပီး အဆိုပါခရီးသည္ငါးဦးကို ေဆးဝါးကုသမႈခံယူရန္ေရာဂါကုသေရးစင္တာမ်ားသို႔ ပို႔ေဆာင္ထားေၾကာင္း ေဒသဆိုင္ရာ႐ုပ္သံ လိုင္းတစ္ခုက ေၾကညာပါတယ္။ အိႏၵိယအစိုးရသည္ ၿဗိတိန္၌ ကူးစက္ျမန္ဗီဇေျပာင္းကိုဗစ္ပိုးအသစ္

တစ္မ်ိဳး ေတြ႔ရွိခဲ့ၿပီးေနာက္ ၿဗိတိန္မွလာေသာေလေၾကာင္းခရီးစဥ္အားလုံးကို ဒီဇင္ဘာ ၂၃ ရက္မွ ၃၁ ရက္အထိ ယာယီဆိုင္းငံ့ထားရန္ ယမန္ေန႔က ဆုံးျဖတ္လိုက္ပါတယ္။ ထို႔အျပင္ ၿဗိတိန္မွ ထြက္ခြာလာၿပီးအိႏၵိယႏိုင္ငံ၌ခရီးတစ္ေထာက္ရပ္နားသည့္ေလယာဥ္မ်ားမွခရီးသည္အားလုံးကို

ေရာဂါႀကိဳတင္ကာကြယ္သည့္အေနျဖင့္ အိႏၵိယေလဆိပ္မ်ားတြင္ မျဖစ္မေန ေရာဂါစမ္းသပ္စစ္ေဆးမႈခံယူၾကရန္လည္း ေၾကညာထားပါတယ္။ လက္ရွိအခ်ိန္အထိ အိႏၵိယႏိုင္ငံ၌ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံရသူေပါင္း ၁၀၀၇၅၁၁၆ ဦးရွိလာၿပီး ၎တို႔အနက္ ၁၄၆၁၁၁ ဦးသည္

အဆိုပါေရာဂါေၾကာင့္ေသဆုံးခဲ့ေၾကာင္း အိႏၵိယက်န္းမာေရးဝန္ႀကီးဌာနမွယေန႔ထုတ္ျပန္သည့္ ေနာက္ဆုံးကိန္းဂဏန္းမ်ားအရ သိရပါတယ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

စူပါကိုဗစ် အိန္ဒိယရောက်လာပြီလား (လန်ဒန်ကနေ အိန္ဒိယသို့ ပြန်လာသူ (၅) ဦးထံတွင် ကိုဗစ်ပိုးတွေ့) မကြာသေးမီက ဗြိတိန်၌ ကူးစက်မြန်ဗီဇပြောင်း ကိုဗစ်ပိုး တွေ့ရှိခဲ့ပြီးနောက် ပြည်သူများအကြား စိုးရိမ်ပူပန်စိတ်များပျံ့နှံ့နေစဉ် လေကြောင်းခရီးဖြင့် လန်ဒန်မြို့မှ နယူးဒေလီမြို့သို့

ရောက်ရှိလာသော ခရီးသည်ငါးဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ဒေသဆိုင်ရာ မီဒီယာများကယနေ့ ပြောကြားလိုက်ပါတယ်။ အဆိုပါ ခရီးသည်ငါးဦးသည် ယမန်နေ့က လန်ဒန်မှ နယူးဒေလီ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်သည့်အဲအိန္ဒိယလေကြောင်းလိုင်း

လေယာဉ်တစ်စင်းပေါ်လိုက်ပါလာသော ခရီးသည်ပေါင်း ၂၆၆ ဦးထဲမှခရီးသည်များဖြစ်ပါတယ်။ခရီးသည်များသည်နယူးဒေလီလေဆိပ် ရောက်ရှိခဲ့ပြီးနောက် ကိုဗစ်ရောဂါပိုး ရှိ၊ မရှိစမ်းသပ်စစ်ဆေးမှုခံယူပြီး ၎င်းတို့၏ နမူနာကို စမ်းသပ်စစ်ဆေးရန် အမျိုးသားရောဂါထိန်းချုပ်ရေးစင်တာသို့

ပို့ဆောင်ကာခရီးသည်ငါးဦးတွင် ကိုဗစ် ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါခရီးသည်ငါးဦးကို ဆေးဝါးကုသမှုခံယူရန်ရောဂါကုသရေးစင်တာများသို့ ပို့ဆောင်ထားကြောင်း ဒေသဆိုင်ရာရုပ်သံ လိုင်းတစ်ခုက ကြေညာပါတယ်။ အိန္ဒိယအစိုးရသည် ဗြိတိန်၌ ကူးစက်မြန်ဗီဇပြောင်းကိုဗစ်ပိုးအသစ်

တစ်မျိုး တွေ့ရှိခဲ့ပြီးနောက် ဗြိတိန်မှလာသောလေကြောင်းခရီးစဉ်အားလုံးကို ဒီဇင်ဘာ ၂၃ ရက်မှ ၃၁ ရက်အထိ ယာယီဆိုင်းငံ့ထားရန် ယမန်နေ့က ဆုံးဖြတ်လိုက်ပါတယ်။ ထို့အပြင် ဗြိတိန်မှ ထွက်ခွာလာပြီးအိန္ဒိယနိုင်ငံ၌ခရီးတစ်ထောက်ရပ်နားသည့်လေယာဉ်များမှခရီးသည်အားလုံးကို

ရောဂါကြိုတင်ကာကွယ်သည့်အနေဖြင့် အိန္ဒိယလေဆိပ်များတွင် မဖြစ်မနေ ရောဂါစမ်းသပ်စစ်ဆေးမှုခံယူကြရန်လည်း ကြေညာထားပါတယ်။ လက်ရှိအချိန်အထိ အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၀၀၇၅၁၁၆ ဦးရှိလာပြီး ၎င်းတို့အနက် ၁၄၆၁၁၁ ဦးသည်

အဆိုပါရောဂါကြောင့်သေဆုံးခဲ့ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနမှယနေ့ထုတ်ပြန်သည့် နောက်ဆုံးကိန်းဂဏန်းများအရ သိရပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်