ရတနာသိုက္ႀကီးမ်ားကို အမွန္တကယ္ပဲရွာေတြ႔ခဲ့ၾက​ေသာ ျဖစ္ရပ္အခ်ိဳ႕ (႐ုပ္​သံ)

မဂၤလာပါေပ်ာက္​ဆုံး​ေနတဲ့ရတနာသိုက္​​ေတြအ​ေၾကာင္းကို ကြၽန္ေတာ္တို႔ ပုံျပ​င္​​ေတြ ဒဏာရီ​ေတြထဲမွာပဲ ၾကားဖူးၾကတာပါ။ရတနာသိုက္​ အမ်ိဳးမ်ိဳးရွိတဲ့အနက္​​ေရွး​ေခတ္​ဘုရင္​​ေတြရဲ႕ရတနာသိုက္​​ေတြတစ္​ခ်ိန္​ကနန္းစိုက္​ခဲ့တဲ့ၿမိဳ႕​ေဟာင္း​ေတြကိုျပန္​လည္​တူး​ေဖာ္​ရင္း​အစုလိုက္​အၿပဳံလိုက္​​ေတြ႔ရွိတဲ့

ရတနာ​တိုက္​​ေတြကမာၻ႔စစ္​ပြဲႀကီး​ေတြ ျဖစ္​ပြား​ေနဆဲကာလမွာ တစ္​နိုင္​ငံရဲ႕သယံဇာတ​ေတြကို တစ္​နိုင္​ငံကသိမ္းယူရင္း သယ္​ယူပို႔​ေဆာင္​ရာမွာ က်​ေပ်ာက္​ခဲ့တဲ့ ရတနာ​ေတြသ​ေဘၤာႀကီး​ေတြနစ္​ျမဳပ္​ခဲ့ၿပီး​ေနာက္​ပင္​လယ္​သမုဒၵရာ​ေအာက္​မွာ အိပ္​စက္​​ေနတဲ့မ်ားျပားလွစြာ​ေသာရတနာ​ေတြရယ္​လို႔

အမ်ိဳးမ်ိဳးရွိၾကပါတယ္​။ ရတနာသိုက္​​ဆိုတဲ့​ေဝါဟာရကို ဒဏာရီလို႔ပဲ​ေတြးတဲ့လူ​ေတြရွိသလိုသဲႀကီးမဲႀကီးလိုက္​လံရွာ​ေဖြ​ေနၾကတဲ့ ရတနာလိုက္​မုဆိုး​ေတြလည္းရွိၾကပါတယ္​။ၾကားဖူးနားဝပဲရွိတဲ့ ဒီရတနာ​ေတြဟာ တကယ္​ေရာတည္​ရွိ​ေနရဲ႕လား ရွာ​ေတြ႕တဲ့လူ​ေတြ​ေရာရွိရဲ႕လားဆိုၿပီး

​ေဝခြဲမရျဖစ္​​ေနတဲ့ ပရိသတ္​ေတြ အတြက္​ဒီ​တစ္ေခါက္မွာ​ေတာ့ရတနာသိုက္​​ေတြကိုတကယ္​ရွာ​ေဖြ​ေတြ႕ရွိသူ​ေတြရဲ႕အ​ေၾကာင္း​ေလး​ေတြကို​ေျပာျပ​ေပးသြားမွာျဖစ္​ပါတယ္​။ပထမဦးဆုံး​ေဖာ္​ျပ​ေပးခ်င္​တာ​​ေတာ့ ​ေဒၚလာ ၃.၂ မီလီယံတန္​​ေၾကးရွိတဲ့ရတနာ​ေတြကိုရွာ​ေဖြ​ေတြ႕ရွိခဲ့တဲ့ Cuerdale

ရတနာတိုက္​အ​ေၾကာင္းပဲျဖစ္​ပါတယ္​။ ဒီရတနာ​ေတြကို​ေတာ့အဂၤလန္​နိုင္​ငံ Cuerdale ၿမိဳ႕ရဲ႕ျမစ္​နံ​ေဘးမွာ ​ေရ​ေလွာင္​တမံျပန္​လည္​ျပဳျပင္​ဖို႔တူး​ေဖာ္​​ေနၾကတဲ့ အလုပ္​သမား​ေတြက ရွာ​ေတြ႕ခဲ့တာျဖစ္​ပါတယ္​။အလုပ္​သမား​ေတြဟာ ​ေရ​ေလွာင္​တမံျပဳျပင္​ဖို႔ တူး​ေဖာ္​ရင္းနဲ႔ခဲ​ေသတၱာတစ္​လုံးကို

ရွာ​ေတြ႕ခဲ့ၾကပါတယ္​။ မွတ္​တမ္း​မ်ားအရ​ေတာ့ ထို​ေသတၱာထဲမွာ ရတနာပစၥည္း​ေပါင္း ၈၆၀၀​ရွာ​ေတြ႕ခဲ့တယ္​လို႔သိရပါတယ္​။ ဒါဟာ ၁၈၄၀ခုႏွစ္​ရဲ႕ရတနာရွာ​ေတြ႕မႈ​ေတြထဲမွာအႀကီးမားဆုံး​ေတြ႔ရွိမႈအျဖစ္​ မွတ္​တမ္းတင္​ခဲ့ၿပီး ထိုရတနာ​ေတြထဲမွာ​ေငြဒဂၤါးျပား​ေတြ ​ေက်ာက္​မ်က္​ရတနာ​ေတြ

လက္​ဝတ္​ရတနာမ်ိဳးစုံနဲ႕႔​ေငြတုံး​ေတြရွာ​ေတြ႕ခဲ့တယ္​လို႔ဆိုပါတယ္​။ ဒီရတနာ​ေတြကို​ေတာ့ ၿဗိတိန္​အမ်ိဳးသားျပတိုက္​မွာ ျပသထားတယ္​လို႔သိရပါတယ္​။ဒုတိယတစ္​ခုက​ေတာ့ ​ေဒၚလာ ၁၂၀မီလီယံတန္​ဖိုးရွိတဲ့ ŚRODA ရတနာ​ေတြအ​ေၾကာင္းပဲျဖစ္​ပါတယ္​။ ဒီရတနာ​ေတြကို​ေတာ့ Środa Śląska က

အ​ေဆာက္​အဦးတစ္​ခုကို ျပန္​လည္​ျပဳျပင္​ရင္းနဲ႕ အ​ေဆာက္​အဦးရဲ႕​ေအာက္​မွာ​ေတြ႕ရွိခဲ့တာပဲျဖစ္​ပါတယ္​။ထိုအ​ေဆာက္​အဦးကို တူး​ေဖာ္​ရင္း ၁၄ရာစုက ​ေငြဒဂၤါး ၃၀၀၀ကိုရွာ​ေတြ႕ခဲ့႐ုံသာမကဒီဒဂၤါး​ေတြရွာမ​ေတြ႕ခင္​ကလည္း အနီးအနားက အ​ေဆာက္​အဦးတစ္​ခုမွာ ​ေ႐ႊ ​ေငြ

​ေက်ာက္​သံပတၱျမား​ေတြအျပင္​ ​ေ႐ႊသရဖူနဲ႔ နဂါး​ဦး​ေခါင္းသဏာန္​ လက္​စြပ္​​ေတြကိုလည္း တူး​ေဖာ္​ရရွိဖူးပါတယ္​။ေနာက္​ထပ္​ရွာ​ေတြ႔ခဲ့တဲ့ ရတနာ​ေတြက​ေတာ့ ​ေဒၚလာ ၄.၁ မီလီယံတန္​​ေၾကးရွိတဲ့ Staffordshire ကရတနာ​ေတြပဲျဖစ္​ပါတယ္​။ ဒီရတနာ​ေတြကို Terry Herbert ဆိုသူက

2009 ခုႏွစ္​မွာရွာ​ေတြ႕ခဲ့တာျဖစ္​ပါတယ္​။ဒီရတနာ​ေတြဟာ အမ်ိဳးအစား​ေပါင္း ၃၅၀၀​ရွိတယ္​လို႔သိရၿပီး စစ္​တပ္​နဲ႕ဆိုင္​တဲ့ရတနာ​ေတြလည္းပါဝင္​တယ္​လို႔သိရပါတယ္​။ ရတနာ​ေတြဟာ ၈ ရာစုက ရတနာ​ေတြျဖစ္​မယ္​လို႔ခန့္မွန္းရၿပီး စစ္​လက္​နတ္​ပစၥည္း​ေတြအပါအဝင္ဘာသာမ်ိဳးစုံရဲ႕

႐ုပ္​ထု​ေတြလည္းပါဝင္​တယ္​လို႔ဆိုထားပါတယ္​။ေနာက္​ဆုံးအ​ေနနဲ႔ကမာၻ႔အႀကီးဆုံးရတနာရွာ​ေတြ႔မႈလို႔မွတ္​တမ္းတင္​ထားတဲ့ Sree Padmanabhaswamy ဘုရား​ေက်ာင္းက ရတနာရွာ​ေတြ႕မႈကို တင္​ဆက္​​ေပးခ်င္​ပါတယ္​။အိႏၵိယနိုင္​ငံရဲ႕ Sree Padmanabhaswamy အမည္​ရတဲ့

ဘုရား​ေက်ာင္းမွာလည္း ရတနာ​ေတြအမ်ားႀကီးရွာ​ေတြ႕ခဲ့ပါတယ္​။ဒီရတနာ​ေတြဟာ ​ေတာ္​ဝင္​မိသားစုက ဘုရား​ေက်ာင္းကိုလႉဒါန္းထားတာ ျဖစ္မယ္​လို႔ ယူဆၾကၿပီးေႁမြနဂါးပုံစည္းခတ္​ထားတဲ့တံခါးရဲ႕​ေနာက္​ကြယ္​မွာ ​ေ႐ႊဒဂၤါးျပား​ေတြအျပင္​ ​ေ႐ႊစင္​႐ုပ္​ထု​ေတြကို​ပါ ​ေတြ႕ရွိခဲ့ရတယ္​လို႔

သိရပါတယ္​။ဒီရတနာ​ေတြရဲ႕ တန္​​ေၾကးက​ေတာ့ 22 billion US dollar ရွိတယ္​လို႔ ဆိုထားပါတယ္​။အခုဆိုရင္​​ေတာ့ ကမာၻ​ေပၚက ​သိန္း​ေထာင္​ခ်ီတန္​ရတနာတိုက္​ရွာ​ေတြ႕မႈ​ေတြအ​ေၾကာင္းကို ပရိသတ္​ႀကီးလည္း တီး​ေခါက္​မိ​ေလာက္​ၿပီထင္​ပါတယ္​။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

မင်္ဂလာပါပျောက်ဆုံးနေတဲ့ရတနာသိုက်တွေအကြောင်းကို ကျွန်တော်တို့ ပုံပြင်တွေ ဒဏာရီတွေထဲမှာပဲ ကြားဖူးကြတာပါ။ရတနာသိုက် အမျိုးမျိုးရှိတဲ့အနက်ရှေးခေတ်ဘုရင်တွေရဲ့ရတနာသိုက်တွေတစ်ချိန်ကနန်းစိုက်ခဲ့တဲ့မြို့ဟောင်းတွေကိုပြန်လည်တူးဖော်ရင်းအစုလိုက်အပြုံလိုက်တွေ့ရှိတဲ့

ရတနာတိုက်တွေကမ္ဘာ့စစ်ပွဲကြီးတွေ ဖြစ်ပွားနေဆဲကာလမှာ တစ်နိုင်ငံရဲ့သယံဇာတတွေကို တစ်နိုင်ငံကသိမ်းယူရင်း သယ်ယူပို့ဆောင်ရာမှာ ကျပျောက်ခဲ့တဲ့ ရတနာတွေသင်္ဘောကြီးတွေနစ်မြုပ်ခဲ့ပြီးနောက်ပင်လယ်သမုဒ္ဒရာအောက်မှာ အိပ်စက်နေတဲ့များပြားလှစွာသောရတနာတွေရယ်လို့

အမျိုးမျိုးရှိကြပါတယ်။ ရတနာသိုက်ဆိုတဲ့ဝေါဟာရကို ဒဏာရီလို့ပဲတွေးတဲ့လူတွေရှိသလိုသဲကြီးမဲကြီးလိုက်လံရှာဖွေနေကြတဲ့ ရတနာလိုက်မုဆိုးတွေလည်းရှိကြပါတယ်။ကြားဖူးနားဝပဲရှိတဲ့ ဒီရတနာတွေဟာ တကယ်ရောတည်ရှိနေရဲ့လား ရှာတွေ့တဲ့လူတွေရောရှိရဲ့လားဆိုပြီး

ဝေခွဲမရဖြစ်နေတဲ့ ပရိသတ်တွေ အတွက်ဒီတစ်ခေါက်မှာတော့ရတနာသိုက်တွေကိုတကယ်ရှာဖွေတွေ့ရှိသူတွေရဲ့အကြောင်းလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ပထမဦးဆုံးဖော်ပြပေးချင်တာတော့ ဒေါ်လာ ၃.၂ မီလီယံတန်ကြေးရှိတဲ့ရတနာတွေကိုရှာဖွေတွေ့ရှိခဲ့တဲ့ Cuerdale

ရတနာတိုက်အကြောင်းပဲဖြစ်ပါတယ်။ ဒီရတနာတွေကိုတော့အင်္ဂလန်နိုင်ငံ Cuerdale မြို့ရဲ့မြစ်နံဘေးမှာ ရေလှောင်တမံပြန်လည်ပြုပြင်ဖို့တူးဖော်နေကြတဲ့ အလုပ်သမားတွေက ရှာတွေ့ခဲ့တာဖြစ်ပါတယ်။အလုပ်သမားတွေဟာ ရေလှောင်တမံပြုပြင်ဖို့ တူးဖော်ရင်းနဲ့ခဲသေတ္တာတစ်လုံးကို

ရှာတွေ့ခဲ့ကြပါတယ်။ မှတ်တမ်းများအရတော့ ထိုသေတ္တာထဲမှာ ရတနာပစ္စည်းပေါင်း ၈၆၀၀ရှာတွေ့ခဲ့တယ်လို့သိရပါတယ်။ ဒါဟာ ၁၈၄၀ခုနှစ်ရဲ့ရတနာရှာတွေ့မှုတွေထဲမှာအကြီးမားဆုံးတွေ့ရှိမှုအဖြစ် မှတ်တမ်းတင်ခဲ့ပြီး ထိုရတနာတွေထဲမှာငွေဒင်္ဂါးပြားတွေ ကျောက်မျက်ရတနာတွေ

လက်ဝတ်ရတနာမျိုးစုံနဲ့ငွေတုံးတွေရှာတွေ့ခဲ့တယ်လို့ဆိုပါတယ်။ ဒီရတနာတွေကိုတော့ ဗြိတိန်အမျိုးသားပြတိုက်မှာ ပြသထားတယ်လို့သိရပါတယ်။ဒုတိယတစ်ခုကတော့ ဒေါ်လာ ၁၂၀မီလီယံတန်ဖိုးရှိတဲ့ ŚRODA ရတနာတွေအကြောင်းပဲဖြစ်ပါတယ်။ ဒီရတနာတွေကိုတော့ Środa Śląska က

အဆောက်အဦးတစ်ခုကို ပြန်လည်ပြုပြင်ရင်းနဲ့ အဆောက်အဦးရဲ့အောက်မှာတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ထိုအဆောက်အဦးကို တူးဖော်ရင်း ၁၄ရာစုက ငွေဒင်္ဂါး ၃၀၀၀ကိုရှာတွေ့ခဲ့ရုံသာမကဒီဒင်္ဂါးတွေရှာမတွေ့ခင်ကလည်း အနီးအနားက အဆောက်အဦးတစ်ခုမှာ ရွှေ ငွေ

ကျောက်သံပတ္တမြားတွေအပြင် ရွှေသရဖူနဲ့ နဂါးဦးခေါင်းသဏာန် လက်စွပ်တွေကိုလည်း တူးဖော်ရရှိဖူးပါတယ်။နောက်ထပ်ရှာတွေ့ခဲ့တဲ့ ရတနာတွေကတော့ ဒေါ်လာ ၄.၁ မီလီယံတန်ကြေးရှိတဲ့ Staffordshire ကရတနာတွေပဲဖြစ်ပါတယ်။ ဒီရတနာတွေကို Terry Herbert ဆိုသူက

2009 ခုနှစ်မှာရှာတွေ့ခဲ့တာဖြစ်ပါတယ်။ဒီရတနာတွေဟာ အမျိုးအစားပေါင်း ၃၅၀၀ရှိတယ်လို့သိရပြီး စစ်တပ်နဲ့ဆိုင်တဲ့ရတနာတွေလည်းပါဝင်တယ်လို့သိရပါတယ်။ ရတနာတွေဟာ ၈ ရာစုက ရတနာတွေဖြစ်မယ်လို့ခန့်မှန်းရပြီး စစ်လက်နတ်ပစ္စည်းတွေအပါအဝင်ဘာသာမျိုးစုံရဲ့

ရုပ်ထုတွေလည်းပါဝင်တယ်လို့ဆိုထားပါတယ်။နောက်ဆုံးအနေနဲ့ကမ္ဘာ့အကြီးဆုံးရတနာရှာတွေ့မှုလို့မှတ်တမ်းတင်ထားတဲ့ Sree Padmanabhaswamy ဘုရားကျောင်းက ရတနာရှာတွေ့မှုကို တင်ဆက်ပေးချင်ပါတယ်။အိန္ဒိယနိုင်ငံရဲ့ Sree Padmanabhaswamy အမည်ရတဲ့

ဘုရားကျောင်းမှာလည်း ရတနာတွေအများကြီးရှာတွေ့ခဲ့ပါတယ်။ဒီရတနာတွေဟာ တော်ဝင်မိသားစုက ဘုရားကျောင်းကိုလှူဒါန်းထားတာ ဖြစ်မယ်လို့ ယူဆကြပြီးမြွေနဂါးပုံစည်းခတ်ထားတဲ့တံခါးရဲ့နောက်ကွယ်မှာ ရွှေဒင်္ဂါးပြားတွေအပြင် ရွှေစင်ရုပ်ထုတွေကိုပါ တွေ့ရှိခဲ့ရတယ်လို့

သိရပါတယ်။ဒီရတနာတွေရဲ့ တန်ကြေးကတော့ 22 billion US dollar ရှိတယ်လို့ ဆိုထားပါတယ်။အခုဆိုရင်တော့ ကမ္ဘာပေါ်က သိန်းထောင်ချီတန်ရတနာတိုက်ရှာတွေ့မှုတွေအကြောင်းကို ပရိသတ်ကြီးလည်း တီးခေါက်မိလောက်ပြီထင်ပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်