ကိုဗစ္ေၾကာင့္မိခင္ျဖစ္သူ ကြယ္လြန္သြားခဲ့​ေသာ ေဆး႐ုံကေနၿပီးအိမ္မျပန္ေတာ့ဘဲ ကိုဗစ္လူနာမ်ားကို ဆက္လက္ျပဳစုေနသူေလးအား ဂုဏ္ျပဳခ်ီးျမႇင့္

ဂုဏ္ျပဳထိုက္တဲ့ ပန္းေရာင္ဆရာမေလး ပိုးကူးစက္ခံရသျဖင့္ မိခင္ျဖစ္သူႏွင့္အတူ ပဲခူး (ကလိ) ေဆး႐ုံကိုဗစ္ကုသေဆာင္တြင္အတည္ျပဳလူနာအျဖင့္ေဆးကုသမွုခံယူေနရာမွ Volunteer အျဖင့္ယင္းေဆး႐ုံတြင္ အသက္ႀကီးသူမ်ားအားျပဳစုေပးေနသူ အိမိုးေထြးအား We Love Bago Founder

ဦးတင္စိုးမွဂုဏ္ျပဳေငြ ၁၀ သိန္းက်ပ္ကို ယမန္​ေ​န႔ (၁၉.၁၂.၂၀၂၀) မွာ ဂုဏ္ျပဳေပးအပ္သည္။ ဇိုင္းဂနိုင္ႀကီးေက်းရြာေန မအိမိုးေထြးသည္ လြန္ခဲ့သည့္တစ္လအၾကာက ပိုးကူးစက္ခံရၿပီး မိခင္ႏွင့္ကလိေဆး႐ုံတြင္ေဆးကုသမွုခံယူေနရာမွ မိခင္ျဖစ္သူယင္းေဆး႐ုံတြင္ကိုဗစ္ေရာဂါျဖစ္ကာ

ကြယ္လြန္သြားခဲ့ၿပီးေနာက္ပိုင္းတြင္စိတ္ဓာတ္မက် အိမ္မျပန္ပဲေဆး႐ုံတြင္ ဘဝတူကိုဗစ္လူနာမ်ားအား Volunteer အေနျဖစ္ျပဳစုေပးေနျခင္းျဖစ္သည္။မိခင္ကြယ္လြန္သြားေတာ့ အိမိုးေထြးကေဆး႐ုံမွာ ဆက္လက္ကုသမွုခံယူၿပီး သူကိုယ္တိုင္ကုသမွုခံယူရင္းဘဝတူကိုဗစ္လူနာမ်ားကို

ကုသမွုစင္တာကဆရာဆရာမမ်ားလမ္းညႊန္မွုအတိုင္း ဝိုင္းဝန္းျပဳစုေပးေနတဲ့အတြက္လူနာမ်ားၾကားမွာ ပန္းေရာင္ဆရာမေလးဟုဂုဏ္သတင္းေက်ာ္ေဇာေနသူျဖစ္တယ္ဟု ကလိေဆး႐ုံတာဝန္ခံကေျပာၾကားသည္။ အိမိုးေထြးရဲ့အဓိက ဂုဏ္ယူစရာစြမ္းေဆာင္ခ်က္ကေတာ့

ေဈးပိုင္း(၁၈) လမ္းမကအဖြားအရြယ္ အဖြားသန္းအားျပဳစုေစာင့္ေရွာက္ဘို့လိုအပ္ေနတဲ့အခ်ိန္မွာမိခင္ရင္းလို့ျပဳစုေစာင့္ေရွာက္မွုေပးတဲ့အတြက္အဖြားသန္းကကိုဗစ္ေရာဂါဆိုးကိုအနိုင္ယူႏွိုင္ခဲ့တယ္ဟု ပဲခူးၿမိဳ့နယ္ကိုဗစ္ကာကြယ္ေရးေကာ္မတီမွ ဦးကိုနိုင္ကေျပာၾကားသည္။

ဒီေန႔ေတာ့သူ႔ရဲ့လွုမွုဝန္ထမ္းစိတ္ဓာတ္ကိုေလးစားလို့ We Love Bago Founder ဦးတင္စိုးက က်ပ္ဆယ္သိန္းတန္ဆြဲႀကိဳးတကုံးႏွင့္ We Love Bago charity organization ဂုဏ္ျပဳလႊာတစ္ေစာင္ေပးအပ္ဂုဏ္ျပဳခ်ီးျမႇင့္တာဟု ဦးကိုနိုင္ကေျပာၾကားသည္။ အိမိုးေထြးသည္ကလိေဆး႐ုံတြင္

ေစတနာဝန္ထမ္းဘဝျဖစ္ ဘဝတူကိုဗစ္လူနာမ်ားအားဆက္လက္ျပဳစုေပးလၽွက္ရွိသည္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ဂုဏ်ပြုထိုက်တဲ့ ပန်းရောင်ဆရာမလေး ပိုးကူးစက်ခံရသဖြင့် မိခင်ဖြစ်သူနှင့်အတူ ပဲခူး (ကလိ) ဆေးရုံကိုဗစ်ကုသဆောင်တွင်အတည်ပြုလူနာအဖြင့်ဆေးကုသမှုခံယူနေရာမှ Volunteer အဖြင့်ယင်းဆေးရုံတွင် အသက်ကြီးသူများအားပြုစုပေးနေသူ အိမိုးထွေးအား We Love Bago Founder

ဦးတင်စိုးမှဂုဏ်ပြုငွေ ၁၀ သိန်းကျပ်ကို ယမန်နေ့ (၁၉.၁၂.၂၀၂၀) မှာ ဂုဏ်ပြုပေးအပ်သည်။ ဇိုင်းဂနိုင်ကြီးကျေးရွာနေ မအိမိုးထွေးသည် လွန်ခဲ့သည့်တစ်လအကြာက ပိုးကူးစက်ခံရပြီး မိခင်နှင့်ကလိဆေးရုံတွင်ဆေးကုသမှုခံယူနေရာမှ မိခင်ဖြစ်သူယင်းဆေးရုံတွင်ကိုဗစ်ရောဂါဖြစ်ကာ

ကွယ်လွန်သွားခဲ့ပြီးနောက်ပိုင်းတွင်စိတ်ဓာတ်မကျ အိမ်မပြန်ပဲဆေးရုံတွင် ဘဝတူကိုဗစ်လူနာများအား Volunteer အနေဖြစ်ပြုစုပေးနေခြင်းဖြစ်သည်။မိခင်ကွယ်လွန်သွားတော့ အိမိုးထွေးကဆေးရုံမှာ ဆက်လက်ကုသမှုခံယူပြီး သူကိုယ်တိုင်ကုသမှုခံယူရင်းဘဝတူကိုဗစ်လူနာများကို

ကုသမှုစင်တာကဆရာဆရာမများလမ်းညွှန်မှုအတိုင်း ဝိုင်းဝန်းပြုစုပေးနေတဲ့အတွက်လူနာများကြားမှာ ပန်းရောင်ဆရာမလေးဟုဂုဏ်သတင်းကျော်ဇောနေသူဖြစ်တယ်ဟု ကလိဆေးရုံတာဝန်ခံကပြောကြားသည်။ အိမိုးထွေးရဲ့အဓိက ဂုဏ်ယူစရာစွမ်းဆောင်ချက်ကတော့

ဈေးပိုင်း(၁၈) လမ်းမကအဖွားအရွယ် အဖွားသန်းအားပြုစုစောင့်ရှောက်ဘို့လိုအပ်နေတဲ့အချိန်မှာမိခင်ရင်းလို့ပြုစုစောင့်ရှောက်မှုပေးတဲ့အတွက်အဖွားသန်းကကိုဗစ်ရောဂါဆိုးကိုအနိုင်ယူနှိုင်ခဲ့တယ်ဟု ပဲခူးမြို့နယ်ကိုဗစ်ကာကွယ်ရေးကော်မတီမှ ဦးကိုနိုင်ကပြောကြားသည်။

ဒီနေ့တော့သူ့ရဲ့လှုမှုဝန်ထမ်းစိတ်ဓာတ်ကိုလေးစားလို့ We Love Bago Founder ဦးတင်စိုးက ကျပ်ဆယ်သိန်းတန်ဆွဲကြိုးတကုံးနှင့် We Love Bago charity organization ဂုဏ်ပြုလွှာတစ်စောင်ပေးအပ်ဂုဏ်ပြုချီးမြှင့်တာဟု ဦးကိုနိုင်ကပြောကြားသည်။ အိမိုးထွေးသည်ကလိဆေးရုံတွင်

စေတနာဝန်ထမ်းဘဝဖြစ် ဘဝတူကိုဗစ်လူနာများအားဆက်လက်ပြုစုပေးလျှက်ရှိသည်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်