ကိုေအာင္ႀကီးကရဲတပ္ဖြဲအား တရားစြဲဆိုထားခဲ့သည့္ သိန္း ၅၀၀၀ နစ္နာေၾကးအမွုကုိ ရဲခ်ဳပ္ကိုယ္တိုင္ ရွင္းရမည္ဟုသိရ

ေနျပည္ေတာ္မွ နိုင္ငံေက်ာ္ဗစ္တိုးရီးယား သက္ငယ္မုဒိမ္းမႈတြင္မွားယြင္းအဖမ္းခံခဲ့ရသည့္ ကိုေအာင္ႀကီးက ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ကို နစ္နာမႈအတြက္ ေလ်ာ္ေၾကးက်ပ္ သိန္း ၅၀၀၀ ေတာင္းဆိုထားသည့္ အမႈကို ဒီဇင္ဘာ ၁၈ ရက္တြင္ဒကၡိဏခရိုင္ တရား႐ုံးကစတင္ၾကားနာစစ္ေဆးကာ

တရားလိုဘက္မွ အဆိုျပဳလႊာကို တရား႐ုံးက လက္ခံလိုက္ၿပီး ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ကိုယ္စား တရား႐ုံးသို႔ ရဲခ်ဳပ္ကိုယ္တိုင္လာေရာက္ ရွင္းလင္းရမည္ျဖစ္ေၾကာင္းသိရပါတယ္။ “အဆိုလႊာကို တရားသူႀကီးကစိစစ္ပါတယ္။ စိစစ္ၿပီးေတာ့ ကြၽန္ေတာ္တို႔ကလည္းေျပာျပပါတယ္ ရွင္းျပပါတယ္။

အဲဒီအခါက်ေတာ့ တရားသူႀကီးက ဒီအဆိုလႊာအတိုင္း ေပါ့ဗ်ာ။ အက်အေပါက္မရွိဘူး ျပင္ခိုင္းစရာမရွိဘူးဆိုၿပီးတာ့ ဒီအဆိုအလႊာကို အတည္ျပဳလိုက္ပါတယ္။ အတည္ျပဳလိုက္ၿပီးေတာ့မွ ခုကတစ္ဖက္ တရားၿပိဳင္ကို ျငင္းခ်က္ သမၼန္စာထုတ္ဖို႔ဆိုၿပီးေတာ့ ႐ုံးအဖြဲ႕ကို ၫႊန္ၾကားလိုက္ပါတယ္။

ဒီေတာ့ ျငင္းခ်က္သမၼန္စာထုတ္ၿပီးေတာ့ အေရာက္ျပမယ့္ေန႔က ဇန္နဝါရီ ၁၅ ရက္ပါ။ အဲဒီေတာ့ ဇန္နဝါရီ ၁၅ရက္မွာ ျငင္းခ်က္သမၼန္စာကို ရဲခ်ဳပ္ ျမန္မာနိုင္ငံရဲတပ္ဖြဲ႔ဆိုၿပီးေတာ့ထုတ္ရပါမယ္။ အဲဒီေတာ့ ျမန္မာနိုင္ငံ ရဲတပ္ဖြဲ႕တစ္ခုလုံးကို ကြၽန္ေတာ္တို႔ ျငင္းခ်က္စစ္ေဆးမွာပါ။ ဒါေပမဲ့

ရဲခ်ဳပ္က သူ႕ရဲ႕ အႀကီးအမႉး ျဖစ္တဲ့အတြက္ သူကိုတပ္တာေပါ့ဗ်ာ။ အဲဒီေတာ့ အဲဒီေန႔မွာ ရဲခ်ဳပ္ကိုယ္တိုင္ေတာ့ လာေကာင္းမွလာမယ္။ မလာလို႔ေတာ့လည္းမရေလာက္ဘူး။ ရဲခ်ဳပ္ေသာ္လည္းေကာင္း သူက ျငင္းခ်က္ သမၼန္စာကိုယ္မွာက သင္ ျဖစ္ေစ သင္၏ကိုယ္စားလွယ္ျဖစ္ေစ

သင္၏ေရွ႕ေနျဖစ္ေစတင္ျပရမယ့္စာ႐ြက္စာတမ္းေတြယူၿပီးေတာ့ အဲဒီေန႔လာရမယ္ဆိုၿပီးပါေတာ့ အဲဒီေန႕ေတာ့ တစ္ေယာက္ေယာက္ေတာ့ လာရမွာပဲ။ အဲဒီေန႔ကေတာ့ အဲဒီအေရာက္ျပမွာပဲ။ အဲဒီ႐ုံးခ်ိန္းၿပီးေတာ့ေနာက္႐ုံးခ်ိန္းမွာေမးခြန္းသူတို႔ ေမးခ်င္ေမးမယ္။ ဒါေပမဲ့

႐ုံးကသတ္မွတ္တာကေတာ့ ေနာက္႐ုံးခ်ိန္းမွာ ျငင္းခ်က္ထုတ္ဖို႔ပဲ” ဟု ကိုေအာင္ၾကီးေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။ ထို႔ျပင္ လုပ္ထုံးလုပ္နည္းအသစ္အရတရားမမႈမ်ားတြင္ႏွစ္ဖက္ ဖ်န္ေျဖေရးရွိသည့္အတြက္ညွိႏွိုင္းမႈအဆင္ေျပပါက အမႈၿပီးဆုံးသြားနိုင္ေၾကာင္းလည္းသိရပါတယ္။

ဗစ္တိုးရီးယားအမႈမွာမွားယြင္းအစြပ္စြဲခံခဲ့ရတဲ့ ကိုေအာင္ေက်ာ္မ်ိဳး(ခ)ကိုေအာင္ႀကီးက ျမန္မာနိုင္ငံ ရဲတပ္ဖြဲ႔ကို တရားျပန္စြဲလိုက္ျခင္းသည္ သူ၏ တစ္ႏွစ္ေက်ာ္ၾကာ႐ုပ္ပိုင္းစိတ္ပိုင္းဆိုင္ရာ ထိခိုက္နစ္နာမႈမ်ားအတြက္ ျဖစ္ေၾကာင္းလည္း ကိုေအာင္ႀကီးက ယခုကဲ့သို႔ေျပာပါတယ္။

“ကြၽန္ေတာ့္ရဲ႕သိကၡာ၊ ကြၽန္ေတာ့္ရဲ႕မိသားစု၊ ကြၽန္ေတာ့္ရဲ႕ ဘ၀ အကုန္လုံးၿခဳံၿပီးေတာ့ ျပန္တရားစြဲတာပါ” ဟုကိုေအာင္ႀကီးကေျပာပါတယ္။ လက္ရွိတြင္ ျမန္မာနိုင္ငံ ရဲတပ္ဖြဲ႕၏ တာဝန္ခံတာဝန္ယူသူ အျဖစ္ ရဲခ်ဳပ္ေအာင္ဝင္းဦး (ျမန္မာ နိုင္ငံရဲတပ္ဖြဲ႕) ကို တရားၿပိဳင္အျဖစ္ထားပါတယ္။

တရားလိုေရွ႕ေနမ်ားအျဖစ္ ေနျပည္ေတာ္က တရားလႊတ္ေတာ္ေရွ႕ေနမ်ားျဖစ္တဲ့ ဦးခင္ေမာင္ေဇာ္၊ ဦးေနတူး၊ ဦးသဲေမာင္ေမာင္တို႔က လိုက္ပါေဆာင္႐ြက္ေပးေနျခင္းျဖစ္ၿပီး မဟာဗ်ဴဟာေျမာက္ တရားစြဲဆိုျခင္းအျဖစ္ အခမဲ့လိုက္ပါေဆာင္႐ြက္ေပးၾကေနၾကျခင္းျဖစ္ေၾကာင္း

ေရွ႕ေနဦးခင္ေမာင္ေဇာ္က ေျပာၾကား ထားပါတယ္။ ကိုေအာင္ႀကီးသည္ ေနျပည္ေတာ္ေကာင္စီ နယ္ေျမအတြင္း ျဖစ္ပြားခဲ့သည့္ ဗစ္တိုးရီးယားအမႈ တြင္ သံသယတရားခံအျဖစ္ စြပ္စြဲခံရျခင္းျဖစ္ၿပီး ဖမ္းဆီးျခင္းကို ရင္ဆိုင္ခဲ့ရျခင္းျဖစ္သည္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

နေပြည်တော်မှ နိုင်ငံကျော်ဗစ်တိုးရီးယား သက်ငယ်မုဒိမ်းမှုတွင်မှားယွင်းအဖမ်းခံခဲ့ရသည့် ကိုအောင်ကြီးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နစ်နာမှုအတွက် လျော်ကြေးကျပ် သိန်း ၅၀၀၀ တောင်းဆိုထားသည့် အမှုကို ဒီဇင်ဘာ ၁၈ ရက်တွင်ဒက္ခိဏခရိုင် တရားရုံးကစတင်ကြားနာစစ်ဆေးကာ

တရားလိုဘက်မှ အဆိုပြုလွှာကို တရားရုံးက လက်ခံလိုက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စား တရားရုံးသို့ ရဲချုပ်ကိုယ်တိုင်လာရောက် ရှင်းလင်းရမည်ဖြစ်ကြောင်းသိရပါတယ်။ “အဆိုလွှာကို တရားသူကြီးကစိစစ်ပါတယ်။ စိစစ်ပြီးတော့ ကျွန်တော်တို့ကလည်းပြောပြပါတယ် ရှင်းပြပါတယ်။

အဲဒီအခါကျတော့ တရားသူကြီးက ဒီအဆိုလွှာအတိုင်း ပေါ့ဗျာ။ အကျအပေါက်မရှိဘူး ပြင်ခိုင်းစရာမရှိဘူးဆိုပြီးတာ့ ဒီအဆိုအလွှာကို အတည်ပြုလိုက်ပါတယ်။ အတည်ပြုလိုက်ပြီးတော့မှ ခုကတစ်ဖက် တရားပြိုင်ကို ငြင်းချက် သမ္မန်စာထုတ်ဖို့ဆိုပြီးတော့ ရုံးအဖွဲ့ကို ညွှန်ကြားလိုက်ပါတယ်။

ဒီတော့ ငြင်းချက်သမ္မန်စာထုတ်ပြီးတော့ အရောက်ပြမယ့်နေ့က ဇန်နဝါရီ ၁၅ ရက်ပါ။ အဲဒီတော့ ဇန်နဝါရီ ၁၅ရက်မှာ ငြင်းချက်သမ္မန်စာကို ရဲချုပ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုပြီးတော့ထုတ်ရပါမယ်။ အဲဒီတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တစ်ခုလုံးကို ကျွန်တော်တို့ ငြင်းချက်စစ်ဆေးမှာပါ။ ဒါပေမဲ့

ရဲချုပ်က သူ့ရဲ့ အကြီးအမှူး ဖြစ်တဲ့အတွက် သူကိုတပ်တာပေါ့ဗျာ။ အဲဒီတော့ အဲဒီနေ့မှာ ရဲချုပ်ကိုယ်တိုင်တော့ လာကောင်းမှလာမယ်။ မလာလို့တော့လည်းမရလောက်ဘူး။ ရဲချုပ်သော်လည်းကောင်း သူက ငြင်းချက် သမ္မန်စာကိုယ်မှာက သင် ဖြစ်စေ သင်၏ကိုယ်စားလှယ်ဖြစ်စေ

သင်၏ရှေ့နေဖြစ်စေတင်ပြရမယ့်စာရွက်စာတမ်းတွေယူပြီးတော့ အဲဒီနေ့လာရမယ်ဆိုပြီးပါတော့ အဲဒီနေ့တော့ တစ်ယောက်ယောက်တော့ လာရမှာပဲ။ အဲဒီနေ့ကတော့ အဲဒီအရောက်ပြမှာပဲ။ အဲဒီရုံးချိန်းပြီးတော့နောက်ရုံးချိန်းမှာမေးခွန်းသူတို့ မေးချင်မေးမယ်။ ဒါပေမဲ့

ရုံးကသတ်မှတ်တာကတော့ နောက်ရုံးချိန်းမှာ ငြင်းချက်ထုတ်ဖို့ပဲ” ဟု ကိုအောင်ကြီးရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ ထို့ပြင် လုပ်ထုံးလုပ်နည်းအသစ်အရတရားမမှုများတွင်နှစ်ဖက် ဖျန်ဖြေရေးရှိသည့်အတွက်ညှိနှိုင်းမှုအဆင်ပြေပါက အမှုပြီးဆုံးသွားနိုင်ကြောင်းလည်းသိရပါတယ်။

ဗစ်တိုးရီးယားအမှုမှာမှားယွင်းအစွပ်စွဲခံခဲ့ရတဲ့ ကိုအောင်ကျော်မျိုး(ခ)ကိုအောင်ကြီးက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို တရားပြန်စွဲလိုက်ခြင်းသည် သူ၏ တစ်နှစ်ကျော်ကြာရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများအတွက် ဖြစ်ကြောင်းလည်း ကိုအောင်ကြီးက ယခုကဲ့သို့ပြောပါတယ်။

“ကျွန်တော့်ရဲ့သိက္ခာ၊ ကျွန်တော့်ရဲ့မိသားစု၊ ကျွန်တော့်ရဲ့ ဘ၀ အကုန်လုံးခြုံပြီးတော့ ပြန်တရားစွဲတာပါ” ဟုကိုအောင်ကြီးကပြောပါတယ်။ လက်ရှိတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ တာဝန်ခံတာဝန်ယူသူ အဖြစ် ရဲချုပ်အောင်ဝင်းဦး (မြန်မာ နိုင်ငံရဲတပ်ဖွဲ့) ကို တရားပြိုင်အဖြစ်ထားပါတယ်။

တရားလိုရှေ့နေများအဖြစ် နေပြည်တော်က တရားလွှတ်တော်ရှေ့နေများဖြစ်တဲ့ ဦးခင်မောင်ဇော်၊ ဦးနေတူး၊ ဦးသဲမောင်မောင်တို့က လိုက်ပါဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး မဟာဗျူဟာမြောက် တရားစွဲဆိုခြင်းအဖြစ် အခမဲ့လိုက်ပါဆောင်ရွက်ပေးကြနေကြခြင်းဖြစ်ကြောင်း

ရှေ့နေဦးခင်မောင်ဇော်က ပြောကြား ထားပါတယ်။ ကိုအောင်ကြီးသည် နေပြည်တော်ကောင်စီ နယ်မြေအတွင်း ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီးယားအမှု တွင် သံသယတရားခံအဖြစ် စွပ်စွဲခံရခြင်းဖြစ်ပြီး ဖမ်းဆီးခြင်းကို ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်