မိန်းမဖြစ်တဲ့သူကအွန်လိုင်းမှာတွေ့​သောသူနောက်သို့ လိုက်သွားခဲ့လို့ကလေး​လေးနဲ့ကျန်ခဲ့ရှာတဲ့ ခင်ပွန်း
ယူနီကုဒ်ဖြင့် ဖတ်ရန်
သုံးဘီးမောင်းသမားတစ်ယောက်ဟာ သူ့မိန်းမကFacebookပေါ်ကလူနဲ့တွေ့ပြီးနောက်သူနဲ့ကလေးကိုထားသွားခဲ့တာကြောင့်ကလေးပါအလုပ်ကိုခေါ်ပြီးသုံးဘီးမောင်းနေရကြောင်းကို Viral4real ကနေသတင်းရရှိပါတယ်။ ဖိလစ်ပိုင်မှာသုံးဘီးမောင်းသမားတစ်ယောက်အနေနဲ့
အလုပ်လုပ်နေရတာတကယ်ကိုခက်ခဲပါတယ်။ နေပူထဲမှာ နာရီပေါင်းများစွာအလုပ်လုပ်ရပြီး နိုင်ငံရဲ့ယာဉ်အသွားအလာပြဿနာတွေကိုလည်း ချိန်ညှိရပါတယ်။ မိန်းမကထားသွားပြီးနောက်ပိုင်း ကလေးကိုအလုပ်ခေါ်လာပြီးစောင့်ရှောက်ရတာ ထိုသူ့အနေနဲ့၂ဆပင်ပန်းပါတယ်။
အဆိုပါသုံးဘီးမောင်းသမားနာမည်က Rudyလို့အမည်ရပြီးဖေ့ဘွတ်အသုံးပြုသူJane Eguillos ကအလုပ်ကြိုးစားလွန်းတဲ့ဖခင်ဖြစ်သူRudyကိုသတိပြုမိပြီး လူမှုကွန်ယက်ပေါ်ကနေ သူ့ဇာတ်လမ်းကို ဓာတ်ပုံတွေနှင့်တကွဝေမျှဖို့အတွက် ဆုံးဖြတ်လိုက်ပါတယ်။ Rudy ကသူတို့အိမ်ထောင်သက်က
၃နှစ်ရှိပြီဖြစ်တယ်လို့ဆိုပါတယ်။ နောက်တော့သူ့မိန်းမကိုဖုန်းဝယ်ပေးပြီးနောက်ပိုင်းမှာသူမကဖေ့ဘွတ်စတင်အသုံးပြုပြီးလိုင်းပေါ်မှာယောကျၤားတစ်ယောက်နဲ့ဆုံပြီး နောက်ဆုံးမှာထိုယောကျၤားနဲ့တွေ့ဖို့သွားတယ်လို့ဆိုပါတယ်။ အင်တာနက်အသုံးပြုသူတွေက အဖေနဲ့သားဖြစ်သူရဲ့
သနားစရာဇာတ်လမ်းကိုကြားရတဲ့အခါ စုတ်တသတ်သတ်ဖြစ်နေကြပါတယ်။ နောက်ဆုံးမှာတော့တီဗီအစီအစဉ်ပရိုဂရမ်တစ်ခုဖြစ်တဲ့ “Kapusp Mo, Jessica Soho” ကိုရောက်သွားပါတယ်။ အစီအစဉ်တင်ဆက်သူပြောပြချက်အရ Rudyကသုံးဘီးယာဉ်လေးကိုတကယ်တော့သူမပိုင်ပါဘူး။
နေ့တိုင်း ပီဆို၁၅၀ပေးသွင်းရပါတယ်။ နောက်ပြီးတော့အုံနာအိမ်ကိုသွားတဲ့အခါမှာလည်း နေ့တိုင်း ၂ကီလိုမီတာ (၁မိုင်ကျော်ကျော်)လောက်လမ်းလျှောက်ရတယ်လို့ဆိုပါတယ်။ ပြီးနောက်မှာတော့ Rudyကိုစားသောက်ကုန်၊နို့နဲ့ကလေးအတွက် ကလေးdiapers တွေထောက်ပံ့ပေးခဲ့တဲ့အပြင်
သုံးဘီးအသစ်လေးတစ်စီးပါ လက်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်