သူမကိုဝုန်းခဲ့ကြတဲ့သူတွေအား “ခင်ရတနာစိုး ဘာလဲဆိုတာပြမယ်” လို့ ဒဲ့သတိပေးလာခဲ့​သော The Voice Myanmar ပြိုင်ပွဲဝင် ခင်ရတနာစိုး
ယူနီကုဒ်ဖြင့် ဖတ်ရန်
တစ်နိုင်ငံလုံးက ပရိသတ်တွေ ရင်ခုန်စွာနဲ့ အားပေးခဲ့ကြတဲ့ The Voice Myanmar Season (3) သီချင်းဆိုပြိုင်ပွဲကြီးကတော့အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ နောက်ဆုံး Grand Final မှာ တစ်ယောက်တည်းကျန်တဲ့ မိန်းကလေးပြိုင်ပွဲဝင်
ခင်ရတနာစိုးကလည်းသူမကျွမ်းကျင်ရာအဆိုပညာနဲ့ဆိုင်းပညာကိုကောင်းကောင်းအသုံးချပြီး ပရိသတ်တွေကိုအံ့သြမှင်သက်စေခဲ့တာ ဖြစ်ပါတယ်။ ခင်ရတနာစိုးကတော့ကံမကောင်းစွာနဲ့ Winner ဆုကြီးကို လွဲချော်ခဲ့ရပေမယ့်
တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးမှုကို သိမ်းကြုံး ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။ Winner ဆုနဲ့ လွဲချော်ခဲ့တဲ့ ခင်ရတနာစိုးက သူမအနေနဲ့ ဂီတလမ်းကြောင်းမှာဆက်လက်လျှောက်လှမ်းနေမှာဖြစ်ပြီး “ကျွန်မကိုဝုန်းခဲ့ကြတဲ့ ရှင်တို့ပဲ
ပိုအောင်မြင်အောင် ကြိုးစားကြပါ။ ကျွန်မကတော့ ဒီလမ်းကြောင်းပေါ်မှာ ရှိနေဦးမှာ ခင်ရတနာစိုး ဘာလဲပြမယ်။ ဆုံကြဦးမှာပါ။ အနုပညာသံသရာစက်ကွင်းထဲ” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ် My Day မှာ ပြောလာ ခဲ့တာပဲ ဖြစ်ပါတယ်။
ခင်ရတနာစိုးကတော့ Winner ဆုရခြင်း၊ မရခြင်းထက် တစ်ဖက်စောင်းနင်း အပြစ်ပြောကြသူတွေကိုပဲသတိပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ ခင်ရတနာစိုးတစ်ယောက် ရှေ့ဆက်လျှောက်မယ့် အနုပညာလမ်းကြောင်းမှာပြစ်တင်ဝေဖန်သူတွေနဲ့
ကင်းကွာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်