ဖခင်ဖြစ်သူကိုပစ်ထားခဲ့တယ်ဆိုပြီး ပရိတ်​သတ်​များရဲ့​ဝေဖန်မှုများခံနေရ​သော မြင့်မြတ်ဘက်က​နေ ပြန်လည်ဖြေရှင်းလာခဲ့တဲ့ ယုန်လေး
ယူနီကုဒ်ဖြင့် ဖတ်ရန်
ပရိသတ်ကြီးရေ သဘာဝမင်းသားလို့ပရိသတ်တွေ တင်စားခေါ်ဝေါ်ကြတဲ့ မင်းသားချောမြင့်မြတ်ကတော့ သာယာပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ထောင်ထားတာဖြစ်ပြီး ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ သူလေးဖြစ်ပါတယ်။ သူဟာကျရာဇာတ်ရုပ်ကိုလည်းအပီအပြင်
သရုပ်ဆောင်နိုင်တဲ့သူလေးဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကြီးကိုလည်း ရရှိထားသူတစ်ယောက်ပါနော်။ မြင့်မြတ်ဟာ အနုပညာလောကမှာလည်း နှစ်ပေါင်းအတော်ကြာ ရပ်တည်အောင်မြင်နေတာလည်းဖြစ်ပြီး ဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်ဆိုလည်းမမှားပါဘူး။ ယမန်နေ့ကတော့
မြင့်မြတ်ရဲ့ဖခင် ဦးမြင့်ကျော်က သူဖုန်းခေါ်ရင် မြင့်မြတ်အနေနဲ့ဖုန်းကိုင်စေချင်တဲ့အကြောင်း မီဒီယာကတဆင့် ပြောကြားခဲ့တာကြောင့်မြင့်မြတ် အနေနဲ့ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ယနေ့မှာတော့ မြင့်မြတ်ရဲ့ သူငယ်ချင်းဖြစ်သူ ယုန်လေးကဝေဖန်ခံနေရတဲ့မြင့်မြတ်ဘက်က
ပြန်လည်ဖြေရှင်းလာခဲ့တာပဲဖြစ်ပါတယ် ယုန်လေးက(ဘယ်သူဘာဖြစ်ဖြစ်သူကူညီတယ်၊ စက်အဖွဲ့ကအရမ်းရင်းတဲ့လူတွေရောမရင်းတဲ့လူတွေရောဆေးရုံတက်တာတို့တစ်ခုခုအဆင်မပြေဖြစ်တာတို့သူကူတယ်။ လူတိုင်းကို အမြင်မတော်ရင်ကူညီနေတဲ့မြင့်မြတ်သူအဖေအမေအရင်းကို
ဘာမှမလုပ်ပေးဖူးကျေးဇူးမသိဘူးဆိုတာဖြစ်နိုင်ပါ့မလား၊ သေချာစဉ်းစားစေချင်ပါတယ်။ ဝေဖန်တာမစောစေချင်ပါဘူး။ တစ်လောကလုံးလည်းသူ့စိတ်ထားသူ့စိတ်ဓာတ်သိပါတယ်၊ ချက်ချင်းဘယ်သူ့မှဝင်မပြောကျတာမိသားစုရေးဖြစ်နေလို့ပါ၊ကျွန်တော်တိတိကျကျသိတာ၊ ကျွန်တော်နဲ့တွဲပြီး
ကူတာတွေအများကြီးရှိပါတယ်။ သိပ်မပြောတော့ဘူး၊ အနီးစပ်ဆုံး Covid First wave ကပြောမယ် ဆို PPE အစုံ1040 သိန်း ၁၆၅ သိန်းကျော်ဖိုးလှူတယ်၊ ဆေးရုံးဝန်ထမ်းတွေအတွက် ၁၀သိန်း ကျွန်တော့်အလှူမှာထပ်မတည်တယ်၊ မရမ်းကုန်းမြို့နယ်၊ မြောက်ဒဂုံမြို့နယ် ဆန် ဆီ ဆား
လိုအပ်တာလှူတယ်၊ ရုပ်ရှင်လောကသားများ အဆင်မပြောဘူးဆိုလည်း သူကူပါတယ်။ မြင့်မြတ် က Fb မသုံးဘူး။ ပြီးတော့သူ့အဖေကိုဘယ်အိမ်ဝယ်ပေးလိုက်တယ်။ အမေကိုဘယ်ကွန်ဒိုဝယ်ပေးလိုက်တယ်။ ညီမလေးတွေကိုဘာဆိုင်ဖွင့်ပေးလိုက်တယ်၊ သူလူသိအောင်မပြောပြခဲ့ဖူးလေ။
အဲ့လိုပြောလို့ အဖေ အမေကိုအိမ်ဝယ်ပေးပြီး Fb ပေါ်ပီတိအဖြစ်နဲ့တင်တဲ့သူများကိုလည်း စော်ကားချင်းမဟုတ်ပါ။ ကျွန်တော်တို့ကိုယ်တိုင်ကြည့်ပြီး အဲ့လိုပို့စ်တိုင်းကိုကြည်နူးမိပါတယ်။ Excel မှာ အခန်းဝယ်ပေးတယ်၊ ရွှေဂုံတိုင်မှာကွန်ဒိုဝယ်ပေးတယ်၊ ဦးအတွက် Crown ဝယ်ပေးတယ်၊
ညီမလေးတွေအတွက်လုပ်ချင်တဲ့ အလုပ်လေးတွေသူလုပ်ပေးတယ်၊ ရင်းနီးပေးတယ်၊ လတိုင်း မိသားစုကိုကန်တော့တာ၊ စိတ်ထဲကမှန်းကြည့်ဘယ်လောက်ဖြစ်နိုင်မလဲ၊ မှန်းကြည့်တာ ထက် ၃ ဆလောက်များပါတယ်။ လူတိုင်းမှာအခက်အခဲနဲ့ ယှဉ်ဆိုင်နေရသလို Covid အချိန်ကာလမှာ
သူလည်းအခက်ခဲပေါင်းများစွာရှိပါတယ်။ စိတ်ညစ်စရာများစွာရှိပါတယ်၊ အဲ့ဒါကြောင့်အရင် Live မလွှင့် Fb မသုံးတဲ့လူစိတ်ထွက်ပေါက်အနေနဲ့သူသီချင်းတွေအော်ဆိုတယ်၊ ကပြတယ်အလွတ်ပျော်ပျော်နေတယ်၊ ပရိတ်သတ်လည်းပျော်တယ် သူလည်းပျော်တယ်။ Live မှာတွေ့ရတာလည်း
ဒါသူ့ ဘဝပုံစံပဲအထာမရှိဘူးပေါ့ပါးတယ်၊ အနုပညာအရည်ချင်းခမ်းနားတယ်၊ နေတာထိုင်တာ မခမ်းနားဘူး ညပ်ဖိနပ်နဲ့ဘောင်းဘီတိုပဲ၊ ဒါပဲလေသူ့စီမှာလည်း စိတ်ရူပ်စရာတွေအရမ်းများပါတယ်။ သူလူတိုင်းကိုမပြောတတ်ဘူးကျွန်တော်ပြောလည်းစိတ်ညစ်တာပဲရှိမှာပါဆိုပြီး
သူပြောနေကျစကား(အချိန်တန်ရင်သူဟာသူဖြစ်သွားလိမ့်မယ်ပြောပြီးအမြဲတမ်းရယ်) အဲ့ဒါကြောင့်သူဖုန်းပိတ်ထားတာများပါတယ်၊ ဘယ်မှလည်းမသွားဘူးအိမ်မှာပဲရှိပါတယ်၊ ကျွန်တော်တို့ တွေ့ချင်လည်းအိမ်ပဲသွားတာ၊ အရေးကြီးတဲ့ အချိန်ဆက်မယ်ဆိုလည်းဘယ်သူဆက်ဆက်
Manager နဲ့သူ့ဘေးနားရှိတဲ့ညီလေးစီဆက်ရင် မြင့်မြတ်ကိုယ်တိုင်မကိုင်တာမှမရှိတာ၊ ဦး Taxi မောင်းတာလည်း၊ ကားဝယ်ထဲကနံပတ်အနီဝယ်တာအလုပ်မရှိရင်ပျင်းလို့ ဒီတိုင်းမောင်းနေတာကျွန်တော့်ကိုဦးကိုယ်တိုင်ပြောဖူးပါတယ်။ မိသားစုတွေနားလည်မူ့ခဏလွှဲတယ်လို့ပဲမြင်ပါတယ်။
သင်ခန်းစာလေးတစ်ခုကတော့ဘာပဲဖြစ်ဖြစ် Media ကိုသွားမဖြေရှင်းဖို့ပါပဲ။ မြင့်မြတ်အဖေ ကိုအကူညီတောင်းခံတဲ့လူအသွင် ဖြစ်အောင်နောက်ခံတီးလုံးတွေ Edit တွေနဲ့ Drama ခင်းထားတော့ မြင့်မြတ်ကိုပိုပြီးအထင်ဝိုင်းစောင်းကျတဲ့ အတွက် စိတ်မကောင်းဖြစ်မိပါတယ်။
(အကူညီတောင်းခံတဲ့လူတန်းစားများကိုလည်းစော်ကားချင်းမဟုတ်ပါ) ထင်ရာတွေလျောက်ဝေဖန်နေတဲ့လူများကိုတော့ထင်သလိုမဟုတ်ပါဖူးလို့ပဲ အတိကျပြောချင်ပါတယ်ခင်ဗျ၊ ကျွန်တော်လည်းဘယ်ကိစ္စမှမပါတော့တာကြာပါပြီ။ မြင့်မြတ်ကိစ္စကတော့ဘာဖြစ်နေနေကျွန်တော်တို့
သူ့ဘက်ကအပြည့်ဝရပ်တည်ပြီးသားပါ။ တကယ်လည်းကျွန်တော်ပြောတာတွေ အမှန်တရားတွေကြီးပါပဲ။ အားလုံး ကျေးဇူးတင်ပါတယ်။ မြင့်မြတ်က နာမည်နဲ့လိုက်အောင် မြင့်မြတ်ပါတယ်။ အားလုံး Peace) လို့ဆိုလာခဲ့တာဖြစ်ပါတယ်။ ယုန်လေးကတော့ဖခင်ဖြစ်သူကိုပစ်ထားခဲ့တယ်
ဆိုပြီး ဝေဖန်ခံနေရတဲ့ မြင့်မြတ်ဘက်က ပြန်လည်ဖြေရှင်းလာခဲ့တာဖြစ်ပါတယ်နော် ပရိသတ်ကြီးရဲ့အမြင်ကိုလည်းပြောခဲ့ကြပါအုန်းနော်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်