ညားကာစလင်မယားကိုမှစကားတစ်ခွန်းထဲနဲ့ ကွာရှင်းကြတဲ့အထိဖြစ်​အာင် လုပ်ခဲ့တဲ့ဘကြီး
ယူနီကုဒ်ဖြင့် ဖတ်ရန်
လက်ထပ်ပြီးတာမကြာသေးသောလင်မယား၂ ယောက်အိမ်ရှေမှာအေးအေးလူလုထိုင်စကားပြောနေတုန်းခြံရှေ့မှာအဘိုးကြီးတယောက်လာရပ်ကာသမီးဘကြီးဆီခဏလောက်ကွယ်၊ မိန်းမဖြစ်သူကဘကြီးအိမ်လိပ်စာမေးချင်လို့ထင်ပါရဲ့ဟု ထိုင်ရာကထသွားတော့အဘိုးကြီးက
ဒီလိုပါသမီးရယ် “ဘကြီးပြောတာ ဘယ်သူ့မှပြန်မပြောပါနဲ့ ”အဘိုးကြီးကထိုမျှသာပြောကာသူတို့အိမ်ရှေ့ကဆက်လက်ထွက်ခွာသွားလေရာ၊ မိန်းမဖြစ်သူမှာဘာကိုနားလည်ရမှန်းမသိဘဲသူ့ယောက်ျားဘေးပြန်လာထိုင်သည်။“မိန်းမဟိုဘကြီးကဘာပြောသွားတာလဲ၊“အော်သူပြောတာ
ဘယ်သူ့မှပြန်မပြောပါနဲ့တဲ့၊“အေးလေဒါတော့ဒါပေါ့ဒါပေမဲ့မင်းနဲ့ငါကချစ်လို့ယူထားတဲ့လင်မယားဘဲငါ့တော့ပြောပြသင့်ပါတယ်၊”အင်းပါမောင်ရဲ့ ဘကြီးသူပြောတာဘယ်သူ့မှမပြောပါနဲ့တဲ့၊“မဟုတ်သေးဘူးလေကွာတခြားသူတော့မပြောနဲ့ပေါ့ငါ့ကမင်းလင်လေငါ့ကိုတော့မင်းမပြောဘဲနေလို့ရမလား
ဘာလဲ ဒီအဘိုးကြီးက မင်းနဲ့မကင်းမရှင်းဖြစ်ဘူးလို့လား၊“ရှင်နော်စကားပြောရင်ကြည့်ပြောလူကိုမစော်ကားနဲ့အဲဒီဘကြီးကသူပြောတာ “ဘယ် သူ့မှမပြောပါနဲ့”တဲ့ဆိုမှကျမကဘာထပ်ပြောရဦးမှာလဲ၊ ” ဟေ့ ဒီမယ် ငါကနင့်လင်နော် ငါမေးရင် နင်ပြောကိုပြောရမယ်မပြောရင်နင်လင်ငယ်
နေလို့ဘဲ၊ ” အံမယ်ရှင်ကများကျမကိုစော်စော် ကားကား ရှင်သာကျမနဲ့မယူခင်က အေးခင်တို့ မြမူတို့နဲ့ဖြစ်ခဲ့တာမသိဘူးထင်နေလား၊ ” နင်ကော လှရွှေတို့ သောင်းအေးတို့နဲ့ ကင်းလို့လား၊“ရှင်မသဒီရင် မပေါင်းနဲ့လေ၊“အေးမပေါင်းဘူးဟေ့ ကွာမယ်လာတရားရုံးသွားမယ်။“အိုကြာသလားလို့”
စာဖတ်သူများခင်ဗျာ” သူများလင်မယား ပြဿနာတက်အောင် ပြောသွားသောထိုအဘကြီးအားတွေ့ရှိပါကအကြောင်းကြားပေးကြပါရန်၊ တော်တော်မွှေတဲ့ အဘ ကွာ။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်