စစ္ဝတ္စုံအေဟာင္းေလးအားဝတ္ထားတဲ့ အဘတစ္ေယာက္ စာအုပ္ေလးကုိကိုင္ၿပီး မဝံ့မရဲနဲ႔အနားကပ္လာလို႔ ေမးၾကည့္လိုက္တဲ့အခါ

မဝံ့မရဲနဲ႕ စစ္ဝတ္စုံအေဟာင္းေလးဝတ္ထားတဲ့ အဘတစ္ေယာက္ခ်ည္းကပ္လာခဲ့တယ္။ တံဆိပ္ေတြနဲ႕ ဒီေန႕ေန႕လည္အလုံက King လဘက္ရည္ဆိုင္မွာေန႕လည္စာစားေနစဥ္စစ္ဝတ္စုံအေဟာင္းေလးကိုဝတ္ထားတဲ့အသက္[၇၀]ဝန္းက်င္ အဘတေယာက္စာအုပ္ေလးေတြကို

ကိုင္ရင္းမဝံ့မရဲခ်ည္းကပ္လာပါတယ္။ သူေနမေကာင္းျဖစ္ေနလို႔ေဆးခန္းျပစရာေငြလိုေနလို႔ စာအုပ္ေလးေတြလာေရာင္းတာပါပထမေတာ့လိမ္ေနတာမ်ားလားထင္ၿပီးျငင္းလိုက္မိပါတယ္။ ကြၽန္ေတာ္တို႔စားပြဲက စာအုပ္တအုပ္မွမဝယ္ေတာ့ေထာ့နဲ႔​ေထာ့နဲ႔နဲ႔ ေနာက္တဝိုင္း၊

ၿပီးတာ့ေနာက္တဝိုင္းကိုသြား၊ ခခယယေျပာၿပီးစာအုပ္ေလးေတြေရာင္းေနတာေတြ႔ရေတာ့“သူတကယ္ဒုကၡေရာက္ေနတာပါလား”လို႔ေတြးမိၿပီးေတာ္ေတာ္သနားသြားတာနဲ႔အဲဒီအဘကိုလွမ္းေခၚၿပီး။ငါးေထာင္တန္တ႐ြက္ထုတ္ေပးၿပီး”အဘဆီက စာအုပ္ဝယ္မယ္ေနာ္”ဆိုၿပီးအေပၚဆုံးက

ဘုရားစာအုပ္ခပ္ပါးပါးေလးကိုပဲေ႐ြးပါတယ္။“အဘကိုကန္ေတာ့တယ္လို႔မွတ္ပါအဘ ဒီစာအုပ္ေလးကိုပဲဝယ္မယ္ပိုတာျပန္မအမ္းနဲ႔“လို႔ဆိုေတာ့။အဘက”ဒီစာအုပ္က ေဈးေပါပါတယ္ေဟာဒီစာအုပ္ယူပါေကာင္းလဲေကာင္းတယ္” ဆိုၿပီးေအာက္ဆုံးကဆရာသန္းဝင္းလွိုင္ရဲ႕

“ရာဇ ဝင္ထဲက လရာသီ”စာအုပ္ကို လွမ္းေပးပါတယ္။ အဘက်န္းမာေရးအတြက္ေဆးခန္းျပခ်င္ရင္ဇီဝိတဒါနေဆး႐ုံကလူOPDကိုလာျပနိုင္ေၾကာင္း၊ေငြကုန္ေၾကးက်နည္းနည္းေလးနဲ႔ဆရာဝန္ေတြကဇီဝိတဒါနၾကည့္ေပးေနေၾကာင္းေဆးစစ္တာေတြလုပ္ေပးေနေၾကာင္းကြၽန္ေတာ့ဆီ

လာေတြ႕ရင္ လိုက္ကူညီေပးမယ္ဆိုတဲ့အေၾကာင္း”ေျပာျပခဲ့ပါတယ္။ကြၽန္ေတာ္တို႔ကို ဆုေတြေပးၿပီးတျခားစားပြဲေတြဆီက်န္တဲ့စာအုပ္ေလးေတြေရာင္းဖို႔တေ႐ြ႕ေ႐ြ႕သြားေနတဲ့ စစ္သားအိုႀကီးရဲ႕ေက်ာျပင္ကိုေငးၾကည့္ရင္း၊ စစ္ဗိုလ္ခ်ဳပ္ႀကီးေတြကေတာ့အၿငိမ္းစားယူခ်ိန္တိုက္ေတြ၊ကားေတြ၊

​ေျမကြက္ေတြ၊ကုမၸဏီႀကီးေတြ၊ ပင္စင္လစာ အမ်ားႀကီးနဲ႔စည္းစိမ္အျပည့္ရေနခ်ိန္စစ္သား ေဟာင္းႀကီးေတြကေတာ့ဘဝေတြ ကစုတ္ျပတ္သတ္ၿပီးစာအုပ္ေလးေတြလိုက္ေရာင္းေနၾကရ၊ ေဆးေတာင္မကုနိုင္ၾကပါလားရင္နာစရာပါလားလို႔တရားေတြရေနမိတယ္။ ကြၽန္ေတာ္တို႔ျပည္သူ

ျပည္သားမ်ားသည္နိုင္ငံကိုကာကြယ္ေစာင့္ေရွာက္ေနေသာစစ္ သားမ်ားကို မမုန္းပါ။ အတၱစိတ္ႀကီးမားလြန္းေသာစစ္အာဏာရွင္မ်ားကိုေတာ့ အလြန္မုန္းတီး ႐ြံရွာၾကပါ သည္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

မဝံ့မရဲနဲ့ စစ်ဝတ်စုံအဟောင်းလေးဝတ်ထားတဲ့ အဘတစ်ယောက်ချည်းကပ်လာခဲ့တယ်။ တံဆိပ်တွေနဲ့ ဒီနေ့နေ့လည်အလုံက King လဘက်ရည်ဆိုင်မှာနေ့လည်စာစားနေစဉ်စစ်ဝတ်စုံအဟောင်းလေးကိုဝတ်ထားတဲ့အသက်[၇၀]ဝန်းကျင် အဘတယောက်စာအုပ်လေးတွေကို

ကိုင်ရင်းမဝံ့မရဲချည်းကပ်လာပါတယ်။ သူနေမကောင်းဖြစ်နေလို့ဆေးခန်းပြစရာငွေလိုနေလို့ စာအုပ်လေးတွေလာရောင်းတာပါပထမတော့လိမ်နေတာများလားထင်ပြီးငြင်းလိုက်မိပါတယ်။ ကျွန်တော်တို့စားပွဲက စာအုပ်တအုပ်မှမဝယ်တော့ထော့နဲ့ထော့နဲ့နဲ့ နောက်တဝိုင်း၊

ပြီးတာ့နောက်တဝိုင်းကိုသွား၊ ခခယယပြောပြီးစာအုပ်လေးတွေရောင်းနေတာတွေ့ရတော့“သူတကယ်ဒုက္ခရောက်နေတာပါလား”လို့တွေးမိပြီးတော်တော်သနားသွားတာနဲ့အဲဒီအဘကိုလှမ်းခေါ်ပြီး။ငါးထောင်တန်တရွက်ထုတ်ပေးပြီး”အဘဆီက စာအုပ်ဝယ်မယ်နော်”ဆိုပြီးအပေါ်ဆုံးက

ဘုရားစာအုပ်ခပ်ပါးပါးလေးကိုပဲရွေးပါတယ်။“အဘကိုကန်တော့တယ်လို့မှတ်ပါအဘ ဒီစာအုပ်လေးကိုပဲဝယ်မယ်ပိုတာပြန်မအမ်းနဲ့“လို့ဆိုတော့။အဘက”ဒီစာအုပ်က ဈေးပေါပါတယ်ဟောဒီစာအုပ်ယူပါကောင်းလဲကောင်းတယ်” ဆိုပြီးအောက်ဆုံးကဆရာသန်းဝင်းလှိုင်ရဲ့

“ရာဇ ဝင်ထဲက လရာသီ”စာအုပ်ကို လှမ်းပေးပါတယ်။ အဘကျန်းမာရေးအတွက်ဆေးခန်းပြချင်ရင်ဇီဝိတဒါနဆေးရုံကလူOPDကိုလာပြနိုင်ကြောင်း၊ငွေကုန်ကြေးကျနည်းနည်းလေးနဲ့ဆရာဝန်တွေကဇီဝိတဒါနကြည့်ပေးနေကြောင်းဆေးစစ်တာတွေလုပ်ပေးနေကြောင်းကျွန်တော့ဆီ

လာတွေ့ရင် လိုက်ကူညီပေးမယ်ဆိုတဲ့အကြောင်း”ပြောပြခဲ့ပါတယ်။ကျွန်တော်တို့ကို ဆုတွေပေးပြီးတခြားစားပွဲတွေဆီကျန်တဲ့စာအုပ်လေးတွေရောင်းဖို့တရွေ့ရွေ့သွားနေတဲ့ စစ်သားအိုကြီးရဲ့ကျောပြင်ကိုငေးကြည့်ရင်း၊ စစ်ဗိုလ်ချုပ်ကြီးတွေကတော့အငြိမ်းစားယူချိန်တိုက်တွေ၊ကားတွေ၊

မြေကွက်တွေ၊ကုမ္ပဏီကြီးတွေ၊ ပင်စင်လစာ အများကြီးနဲ့စည်းစိမ်အပြည့်ရနေချိန်စစ်သား ဟောင်းကြီးတွေကတော့ဘဝတွေ ကစုတ်ပြတ်သတ်ပြီးစာအုပ်လေးတွေလိုက်ရောင်းနေကြရ၊ ဆေးတောင်မကုနိုင်ကြပါလားရင်နာစရာပါလားလို့တရားတွေရနေမိတယ်။ ကျွန်တော်တို့ပြည်သူ

ပြည်သားများသည်နိုင်ငံကိုကာကွယ်စောင့်ရှောက်နေသောစစ် သားများကို မမုန်းပါ။ အတ္တစိတ်ကြီးမားလွန်းသောစစ်အာဏာရှင်များကိုတော့ အလွန်မုန်းတီး ရွံရှာကြပါ သည်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်