ငွေဆောင်ကမ်းခြေကစစ်ဆေးရေးဂိတ်ကို အတင်းကျော်ဖြတ်ပြီး​တော့ ရေဆင်းကူးသည့် ချစ်သူစုံတွဲ ရေနစ်သေဆုံးခဲ့ကြရရှာ
ယူနီကုဒ်ဖြင့် ဖတ်ရန်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့ကမ်းခြေမှာ ဒီဇင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့က လာရောက်ရေကူးတဲ့ ချစ်သူစုံတွဲ ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ရေနစ်သေဆုံးခဲ့တဲ့ ချစ်သူစုံတွဲဟာ မြို့အဝင်စစ်ဆေးရေးဂိတ်မှာ ကားရပ်မပေးဘဲ မြို့ထဲမောင်းဝင်သွားတာဖြစ်ပြီး
ညနေပိုင်းမှာ ရေနစ်တာသိခဲ့ရတာကြောင့် ချက်ချင်းရှာဖွေခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၁၉ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်မှာ မိန်းကလေးအလောင်းနဲ့ဒီနေ့မနက်ပိုင်းသောင်ပြင်မှာယောင်္ကျားလေးအလောင်းကို ပြန်လည်ရှာဖွေနိုင်ခဲ့တာလို့ ဆိုပါတယ်။ ရေနစ်သေဆုံးခဲ့တဲ့ချစ်သူစုံတွဲဟာ
ပုသိမ်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်နဲ့ အမှတ် (၆) ရပ်ကွက်မှာနေထိုင်သူတွေ ဖြစ်ပြီး ၂ ဦးလုံးက အသက် ၂၀ ကျော်ဝန်းကျင်တွေဖြစ်တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ အဆိုပါ စုံတွဲ ရေနစ်သေဆုံးတာနဲ့ပတ်သက်ပြီး ငွေဆောင်နယ်မြေရဲစခန်းမှာသေမှုသေခင်းဖွင့်လှစ်စစ်ဆေးနေပြီး
အလောင်းကိုတော့ ပုသိမ်မြို့မှာ ပြန်လည်သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်