အင္ဒိုနီးရွားႏုိင္​ငံတြင္​ နဂါးစြန္ႏွင့္ၿငိကာအျမင့္ေပ ၃၀ ေက်ာ္ထိလြင့္ပါသြားခဲ့​ေသာ ၁၂ ႏွစ္အရြယ္ ကေလးရဲ႕အျဖစ္​

ပရိတ္သတ္ႀကီးေရအခုတခါ ေဖာ္ျပေပးမယ့္ အေၾကာင္းအရာကေတာ့အင္ဒိုနီးရွားမွ ၁၂ ႏွစ္အ႐ြယ္ ကေလး နဂါးစြန္ႏွင့္ျငိကာအျမင့္ေပ ၃၀ ေက်ာ္ထိ လြင့္ပါသြားခဲ့တယ္ဆိုတာပဲ ျဖစ္ပါတယ္။ ျဖစ္စဥ္ကေတာ့ အင္ဒိုနီးရွားနိုင္ငံလမ္ပန္ျပည္နယ္ ပရင္စီဝူေဒသမွာအိုင္အာလို႔အမည္ေဖာ္ျပထားတဲ့

အသက္၁၂သား ႏွစ္အ႐ြယ္ေယာက်္ားေလးက နဂါး႐ုပ္ပုံစံ ျပဳလုပ္ထားတဲ့အႀကီးစားစြန္နဲ႔ ၿငိပါသြားခဲ့ၿပီး ေျမျပင္ကေနအျမင့္ ေပ ၃၀ ေက်ာ္ထိ လြင့္ပါ သြားခဲ့ပါတယ္။ စြန္လႊတ္ေနခ်ိန္မွာ လူအမ်ား ဝိုင္းၾကည့္ေနတဲ့ၾကားကေန စြန္ရဲ႕အၿမီးပိုင္းနဲ႕ ၿငိပါသြားခဲ့ၿပီး ေဝဟင္အထက္

ေပ ၃၀ ေက်ာ္ေလာက္အထိ စြန္နဲ႔အတူ လြင့္ပါသြားခဲ့တာေၾကာင့္ အထိတ္တလန႔္ ျဖစ္ခဲ့ၾကရပါတယ္။ စြန္ကေန အရွိန္နဲ႔ျပန္ၿပီးေတာ့ ျပဳတ္က် လာခဲ့ၿပီး အသက္ကေတာ့မေသခဲ့ပါဘူး။ ကံေကာင္းတယ္ေျပာရ မွာပါ။ ဒါေပမယ့္အသက္မေသခဲ့ ေပမယ့္လည္းလက္ႏွစ္ဖက္စလုံးမွာကေတာ့

ေျခာက္ေနရာ အရိုးက်ိဳးအက္သြားခဲ့ရတယ္လို႔ ပရင္စီဝူ ကေလးသူငယ္ကာကြယ္ေရးအဖြဲ႕ LPA က ဆိုပါတယ္။ အထက္တန္း ေက်ာင္းတစ္ခု အနီးက ကြင္းျပင္က်ယ္မွာ သူတို႔ညီအစ္ကိုတေတြ နဂါးပုံစံ စြန္ကို အတူလႊတ္ ကစားေနခ်ိန္မွာမေတာ္ တဆ ၿငိပါသြားၿပီးေလေပၚကိုေျမာက္တက္

သြားခဲ့တာလို႔ အသက္ ၂၈ ႏွစ္အ႐ြယ္အကိုျဖစ္ သူ အာေဆးကေျပာျပပါတယ္။ စြန္ရဲ႕အ႐ြယ္ အစားက ကေလးရဲ႕အ႐ြယ္ထက္ သုံးဆ ေလာက္ကို ပိုႀကီးေနခဲ့ၿပီး အိုင္အာက စြန္ႀကိဳးကို မလႊတ္တမ္း ကိုင္ထားခ်ိန္မွာ ေလျပင္းနဲ႔အတူ လြင့္ပါ သြားခဲ့တာလို႔ သိရပါတယ္။

ေဒသခံေတြက ျပဳတ္က်လာတဲ့ ကေလးကိုေပြ႕ခ်ီကာ ေဆး႐ုံပို႔ေပး ခဲ့ၾကၿပီး ခြဲစိတ္ကုသမႈ ႏွစ္ႀကိမ္ ျပဳလုပ္ခဲ့ၿပီးတဲ့ေနာက္မွာ ျပန္သက္ သာလာခဲ့ၿပီလို႔ သိရပါတယ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ပရိတ်သတ်ကြီးရေအခုတခါ ဖော်ပြပေးမယ့် အကြောင်းအရာကတော့အင်ဒိုနီးရှားမှ ၁၂ နှစ်အရွယ် ကလေး နဂါးစွန်နှင့်ငြိကာအမြင့်ပေ ၃၀ ကျော်ထိ လွင့်ပါသွားခဲ့တယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဖြစ်စဉ်ကတော့ အင်ဒိုနီးရှားနိုင်ငံလမ်ပန်ပြည်နယ် ပရင်စီဝူဒေသမှာအိုင်အာလို့အမည်ဖော်ပြထားတဲ့

အသက်၁၂သား နှစ်အရွယ်ယောကျ်ားလေးက နဂါးရုပ်ပုံစံ ပြုလုပ်ထားတဲ့အကြီးစားစွန်နဲ့ ငြိပါသွားခဲ့ပြီး မြေပြင်ကနေအမြင့် ပေ ၃၀ ကျော်ထိ လွင့်ပါ သွားခဲ့ပါတယ်။ စွန်လွှတ်နေချိန်မှာ လူအများ ဝိုင်းကြည့်နေတဲ့ကြားကနေ စွန်ရဲ့အမြီးပိုင်းနဲ့ ငြိပါသွားခဲ့ပြီး ဝေဟင်အထက်

ပေ ၃၀ ကျော်လောက်အထိ စွန်နဲ့အတူ လွင့်ပါသွားခဲ့တာကြောင့် အထိတ်တလန့် ဖြစ်ခဲ့ကြရပါတယ်။ စွန်ကနေ အရှိန်နဲ့ပြန်ပြီးတော့ ပြုတ်ကျ လာခဲ့ပြီး အသက်ကတော့မသေခဲ့ပါဘူး။ ကံကောင်းတယ်ပြောရ မှာပါ။ ဒါပေမယ့်အသက်မသေခဲ့ ပေမယ့်လည်းလက်နှစ်ဖက်စလုံးမှာကတော့

ခြောက်နေရာ အရိုးကျိုးအက်သွားခဲ့ရတယ်လို့ ပရင်စီဝူ ကလေးသူငယ်ကာကွယ်ရေးအဖွဲ့ LPA က ဆိုပါတယ်။ အထက်တန်း ကျောင်းတစ်ခု အနီးက ကွင်းပြင်ကျယ်မှာ သူတို့ညီအစ်ကိုတတွေ နဂါးပုံစံ စွန်ကို အတူလွှတ် ကစားနေချိန်မှာမတော် တဆ ငြိပါသွားပြီးလေပေါ်ကိုမြောက်တက်

သွားခဲ့တာလို့ အသက် ၂၈ နှစ်အရွယ်အကိုဖြစ် သူ အာဆေးကပြောပြပါတယ်။ စွန်ရဲ့အရွယ် အစားက ကလေးရဲ့အရွယ်ထက် သုံးဆ လောက်ကို ပိုကြီးနေခဲ့ပြီး အိုင်အာက စွန်ကြိုးကို မလွှတ်တမ်း ကိုင်ထားချိန်မှာ လေပြင်းနဲ့အတူ လွင့်ပါ သွားခဲ့တာလို့ သိရပါတယ်။

ဒေသခံတွေက ပြုတ်ကျလာတဲ့ ကလေးကိုပွေ့ချီကာ ဆေးရုံပို့ပေး ခဲ့ကြပြီး ခွဲစိတ်ကုသမှု နှစ်ကြိမ် ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ ပြန်သက် သာလာခဲ့ပြီလို့ သိရပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်